ကချင်ပြည်နယ်ပြည်သူ့ပါတီ
ကချင်ပြည်နယ်ပြည်သူ့ပါတီ | |
---|---|
အင်္ဂလိပ် အမည် | Kachin State People’s Party |
တည်ထောင်ခြင်း | ၇ ဇူလိုင် ၂၀၁၉ |
ဌာနချုပ် | အမှတ် ၃၈၆၊ ယုဇနရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် |
နိုင်ငံရေး သဘောတရား | ကချင်လူမျိုး အခွင့်အရေး |
အရောင် | အနီရောင် |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၁ / ၄၄၀
|
ကချင်ပြည်နယ် လွှတ်တော် အမတ်နေရာ | ၄ / ၅၃
|
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ကချင်ပြည်နယ်ပြည်သူ့ပါတီ (အင်္ဂလိပ်: Kachin State People’s Party; အတိုကောက် KSPP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။
၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကို စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည်။[၁]
မှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ နေ့တွင် မှတ်ပုံတင်အမှတ် (၅၁) ဖြင့် ခွင့်ပြုခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party (KSPP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း]။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၀ ဇွန် ၂၀၁၉)။ 27 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party (KSPP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း]။ Ministry of Information။ 2025-7-14 တွင် ပြန်စစ်ပြီး။
![]() | ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |