ထန်းတပင်မြို့နယ် (ရန်ကုန်တိုင်းဒေသကြီး)
| ထန်းတပင်မြို့နယ် | |
|---|---|
| မြို့နယ် | |
မှော်ဘီခရိုင်အတွင်းတည်နေရာ (အပြာ) | |
| မှော်ဘီခရိုင်အတွင်းတည်နေရာ (အပြာ) | |
| ကိုဩဒိနိတ်: 17°8′0″N 95°55′0″E / 17.13333°N 95.91667°Eကိုဩဒိနိတ်: 17°8′0″N 95°55′0″E / 17.13333°N 95.91667°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | မှော်ဘီ |
| လူဦးရေ (၂၀၁၄) | ၁၄၅,၇၉၂ |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC6:30) |
| [၁] | |
ထန်းတပင်မြို့နယ် သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်တွင် တည်ရှိသည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ထန်းတပင်မြို့ ဖြစ်ပြီး ကုက္ကိုဝမြစ်နှင့် လှိုင်မြစ်တို့ ပေါင်းဆုံရာနေရာ၏ တောင်ဘက်ပိုင်း၊ လှိုင်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။[၂]
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် ထန်းတပင်မြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးရန်အတွက် ထူးကုမ္ပဏီမှ ၂၇၀ မဂ္ဂဝက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကို ထန်းတပင်မြို့နယ်တွင် တည်ဆောက်လျက်ရှိသည်။[၃]
လူနေထိုင်မှု
[ပြင်ဆင်ရန်]ထန်းတပင်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၉ ခုနှင့် ကျေးရွာပေါင်း ၂၃၀ တည်ရှိသည်။[၄]
ထန်းတပင်မြို့နယ်တွင် မြို့ပေါ်ရှိ အိမ်ခြေ (၁၆၅၁)အိမ်၊ အိမ်ထောင်စု (၁၇၅၆)စုရှိပြီး ကျေးလက်နေ အိမ်ခြေ (၂၆၄၈၀)အိမ်၊ အိမ်ထောင်စု(၂၆၇၁၉)စုရှိရာစုစုပေါင်း အိမ်ခြေ (၂၈၁၃၁)အိမ်နှင့်အိမ်ထောင်စု(၂၈၄၇၅)စုရှိသည်။
နယ်နမိတ်များ
[ပြင်ဆင်ရန်]မြို့နယ်၏ အရှေ့ဘက်တွင် လှိုင်မြစ်မှ ဝန်းရံထားသည်။ အနောက်တောင်ဘက်တွင် ပန်းလှိုင်မြစ် နှင့် အနောက်ဘက်ပိုင်းတွင် ဘောလယ်မြစ်တို့က အသီးသီး ဝန်းရံထားသည်။[၂] အနောက်မြောက်ဘက်တွင် ဇလွန်မြို့နယ် (ဧရာဝတီတိုင်းဒေသကြီး)၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် တိုက်ကြီးမြို့နယ်၊ အရှေ့ဘက်တွင် မှော်ဘီမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်၊ အရှေ့တောင်ဘက်တွင် လှိုင်သာယာမြို့နယ် နှင့် အနောက်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၏ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များက အသီးသီး ဝန်းရံထားသည်။[၅]
အထွေထွေ အချက်အလက်များ
[ပြင်ဆင်ရန်]| ခေါင်းစဉ် | အရေအတွက် |
|---|---|
| တက္ကသိုလ်/ကောလိပ်/သိပ္ပံကျောင်း | ၁ |
| အခြေခံပညာအထက်တန်းကျောင်း | ၈ |
| အခြေခံပညာအလယ်တန်းကျောင်း | ၁၁ |
| အခြေခံပညာမူလတန်းကျောင်း | ၁၀၂ |
| မူလတန်းကြိုကျောင်း | ၁၃ |
| ဘုန်းတော်ကြီးသင် ပညာရေးကျောင်း | ၂ |
| စာကြည့်တိုက်များ ဖွင့်လှစ်နိုင်မှု | ၃၉ |
| ဆေးရုံ | ၄ |
| ဈေး | ၂ |
| ရပ်ကွက်စာရင်း | ၄ |
| လူဦးရေ | ၁၄၅၇၉၂ |
အိမ်ထောင်စု အချက်အလက်များ
[ပြင်ဆင်ရန်]စုစုပေါင်း လူဦးရေ
[ပြင်ဆင်ရန်]| ၀-၄ နှစ် | ၅-၉ နှစ် | ၁၀-၁၄ နှစ် | ၁၅-၁၉ နှစ် | ၂၀-၂၄ နှစ် | ၂၅-၂၉ နှစ် | ၃၀-၃၄ နှစ် | ၃၅-၃၉ နှစ် | ၄၀-၄၄ နှစ် | ၄၅-၄၉ နှစ် | ၅၀-၄၅ နှစ် | ၅၅-၅၉ နှစ် | ၆၀-၆၄ နှစ် | ၅၆-၆၉ နှစ် | ၇၀-၇၄ နှစ် | ၇၅နှစ်အထက် | စုစုပေါင်း | |
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ကျား | ၆၉၁၁ | ၇၇၉၃ | ၆၈၇၅ | ၆၄၁၆ | ၆၃၁၃ | ၅၇၇၇ | ၅၀၉၀ | ၄၄၂၃ | ၄၀၇၈ | ၇၄၁၆ | ၃၂၃၀ | ၂၅၆၉ | ၁၉၂၈ | ၁၁၄၂ | ၇၄၄ | ၁၁၀၂ | ၇၁၈၀၇ |
| မ | ၆၇၆၇ | ၇၃၉၈ | ၆၉၃၈ | ၆၈၄၀ | ၆၅၂၄ | ၅၈၃၄ | ၅၃၀၂ | ၄၇၀၀ | ၄၂၆၀ | ၆၉၃၉ | ၃၆၄၃ | ၂၈၆၀ | ၂၀၃၅ | ၁၄၁၆ | ၉၃၆ | ၁၅၉၃ | ၇၃၉၈၅ |
| စုစုပေါင်း | ၁၃၆၇၈ | ၁၅၁၉၁ | ၁၃၈၁၃ | ၁၃၂၅၆ | ၁၂၈၃၇ | ၁၁၆၁၁ | ၁၀၃၉၂ | ၉၁၂၃ | ၈၃၃၈ | ၁၄၃၅၅ | ၆၈၇၃ | ၅၄၂၉ | ၃၉၆၃ | ၂၅၅၈ | ၁၆၈၀ | ၂၆၉၅ | ၁၄၅၇၉၂ |
ဘုရား စေတီပုထိုးများ
[ပြင်ဆင်ရန်]| ဘုရား၊စေတီ၊ပုထိုး အမည် | တည်နေရာ | ||||||||||
|---|---|---|---|---|---|---|---|---|---|---|---|
| မြသိန်းတန် | (၁)ရပ်ကွက်၊ ထန်းတပင် | ||||||||||
| လွမ်းစေတီ | (၃)ရပ်ကွက်၊ ထန်းတပင် | ||||||||||
| ရွှေမှော်ဖြူ | ကျောင်းကုန်းကျေးရွာ၊ ထန်းတပင် | ||||||||||
| တဝရွှေဂူကြီး | (၁)ရပ်ကွက်၊ ထန်းတပင် | ||||||||||
| မနော်ဟရီ | လှည်းဆိပ်ကျေးရွာ၊ ထန်းတပင် | ||||||||||
| ရတနဗိမာန်ကျောင်းတိုက် | တော်လတဲ့ကျေးရွာ၊ ထန်းတပင် | {
ဘုန်းကြီးကျောင်း[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]
|