မာတိကာသို့ ခုန်သွားရန်

ကိုကိုကြီး (စီးပွားရေးလုပ်ငန်းရှင်)

ဝီကီပီးဒီးယား မှ
ကိုကိုကြီး
မွေးဖွား (1963-12-16) ၁၆ ဒီဇင်ဘာ၊ ၁၉၆၃ (အသက် ၆၁)
မန္တလေး
နိုင်ငံလူမျိုးမြန်မာ
အခြား အမည်များစိုးနိုင်
မိခင်ကျောင်းမန္တလေးဒေသကောလိပ် ၊ မန္တလေးဆေးတက္ကသိုလ်
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်
ကျော်ကြားမှုအရင်းခံCapital Diamond Star Group ဥက္ကဋ္ဌ
အိမ်ထောင်ဖက်(များ)ဒေါ်မိုးမိုး
သားသမီးသားသမီး ၃ဦး

ဦးကိုကိုကြီး(ခ)ဦးစိုးနိုင် (၁၉၆၃ဖွား) [] သည် တရုတ်နွယ်ဖွား မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။သူသည် အထက်မြန်မာပြည် တရုတ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ လည်းဖြစ်သည့်အပြင် [] မြန်မာနိုင်ငံသားများဘဏ် ၏ ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသည်။[] သူ၏ အဓိကစီးပွားရေးမှာ အစားအသောက်၊ လက်လီ၊ အိမ်ခြံမြေ၊ ကျန်းမာရေးနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နေသော Capital Diamond Star Group ဖြစ်သည်။ []

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ဖခင်ဖြစ်သူ လီစိန်ကြည် (ခ) ဦးစိန်မြင့် နှင့် မိခင်ဖြစ်သူ ဒေါ်စန်းကြူ [] တို့က မန္တလေးမြို့ တွင် သူ့အား မွေးဖွားသည်။မွေးချင်း ၄ဦး အနက် အငယ်ဆုံးသား ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် မန္တလေးမြို့ အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်း မှ ဆယ်တန်းအောင်သည်။၁၉၈၂ ခုနှစ်တွင် မန္တလေးဒေသကောလိပ် ပြီးဆုံးကာ မန္တလေးဆေးတက္ကသိုလ် မှ ၁၉၈၇ ခုနှစ် တွင် ဆရာဝန်ဘွဲ့ ရသည်။ []

စီးပွားရေးလောကသို့ဝင်ရောက်လာပုံ

[ပြင်ဆင်ရန်]

သူသည် မိဘများ၏ ကြွယ်ဝချမ်းသာမှုကို အခြေခံပြီး မိသားစုစီးပွားရေးမှ တဆင့် စီးပွားရေးလောကထဲ သို့ ၁၉၉၆ ခုနှစ်က စပြီး ဝင်ရောက်လာသည်။သူသည် ၁၉၉၆ ခုနှစ် တွင် ဒုံးပျံဂျုံမုန့် မှတဆင့် ဓာတ်မြေဩဇာ၊ ဆောက်လုပ်ရေး၊ Capital ဈေးဝယ်စင်တာ၊ g&g စတိုးဆိုင် နှင့် ဘဏ်လုပ်ငန်းများ အထိ လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။ သူသည် ယခင်တပ်မတော်အစိုးရအဖွဲ့ မှ စစ်ဗိုလ်ချုပ် အချို့ အပါအဝင် အုပ်ချုပ်သူအဆက်ဆက် နှင့် ရင်းနှီးကျွမ်းဝင်အောင် နေထိုင် [] ဆောင်ရွက်ခဲ့သူဖြစ်သည်။ သမ္မတ ဦးသိန်းစိန် ၏ အမျိုးသားစီးပွားရေးနှင့်လူမှုအကြံပေးကောင်စီတွင်လည်း အကြံပေးအဖွဲ့ဝင် အဖြစ် ၂၀၁၂ခုနှစ် မှ ၂၀၁၆ မတ်လ အထိ ခန့်အပ်ခြင်း ခံရသည်။[] သူသည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က ပြုလုပ်ခဲ့သော အစိုးရ၏ အဆောက်အအုံနှင့် မြေကွက်အများဆုံး ရောင်းချသော လေလံတွင် စမ်းချောင်းမြို့နယ် ဗားကရာလမ်း ရှင်စောပုရပ်ကွက်ရှိ ပဒုမ္မာကဇာတ်ရုံကို ကျပ်သန်းပေါင်း ၅၆,၀၀၀ ကျော်ဖြင့် လေလံအောင်ခဲ့သည်။ သို့သော် ထိုစဉ်အခါက အစိုးရက ပဒုမ္မာကဇာတ်ရုံကို ပုဂ္ဂလိကသို့ မပေးတော့ဘဲ လေလံကို ပြန်လည်ပယ်ဖျက်ခဲ့သည်ဟု ဆိုသော်လည်း[] ၂၀၁၅ တွင်မူ အရောင်းအဝယ်စာချုပ်ကို ခွင့်ပြုပေးခဲ့သည်။ သူသည် ၂၀၂၀ ခုနှစ်တွင် ထိုမြေနေရာအား ဂရမ်လျှောက်သည်။ [၁၀]

၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ

[ပြင်ဆင်ရန်]

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူအဓိကပိုင်ဆိုင်သည့် မြန်မာနိုင်ငံသားများဘဏ် က ကျပ်သန်းပေါင်း ၅၀၀၀တန်ဖိုးရှိ ငွေတိုက်စာချုပ်များ ဝယ်ယူခဲ့ရာ လူထုပိုက်ဆံဖြင့် စစ်ကောင်စီ ဘဏ္ဍာတိုက်ကို ဖြည့်ပေးနေသည့် ဘဏ်လုပ်ငန်းရှင်သူဌေးတစ်ဦး အဖြစ် ပုံဖော် ဝေဖန်ခြင်းခံရသည်။ [၁၁] [၁၂]

ရရှိခဲ့သော ဆုတံဆိပ်များ

[ပြင်ဆင်ရန်]

သူဦးဆောင်သည့် Capital Diamond Star Group သည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကုမ္ပဏီအဖြစ် ရွေးချယ်ခံခဲ့ရသည်။[၁၃]

မိသားစုဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်မိုးမိုး ဖြစ်ကာ နှင်းရတနာဦး၊ဟိန်းထက်နှင့်ဇွဲလင်းထက် ဆိုသည့် သားသမီး(၃)ဦး ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. U Ko Ko Gyi,Group Managing Director,Capital Diamond Star GroupInterviewMyanmar oxfordbusinessgroup 14 November 2023 တွင် ပြန်စစ်ပြီး။
  2. UMCCG Members Upper Myanmar Chinese Chamber of Commerce 18 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2023 တွင် ပြန်စစ်ပြီး။
  3. ဒါရိုက်တာအဖွဲဝင်များ မြန်မာနိုင်ငံသားများဘဏ် လီမီတက် Myanmar Citizens Bank 14 November 2023 တွင် ပြန်စစ်ပြီး။
  4. Capital Diamond Star Group Capital Diamond Star Group 14 November 2023 တွင် ပြန်စစ်ပြီး။
  5. သဒ္ဓါကြည်ဖြူ ကျောင်းဆောင်အလှူ ကွန်ရက်ပေါက်ဖော် (၁၅ ဒီဇင်ဘာ ၂၀၁၆)။ 14 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. U Ko Ko Gyi Mandalay International Trade Fair and Business Forum 2020 (2020)။ 14 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2023 တွင် ပြန်စစ်ပြီး။
  7. ဖခင်ကွယ်လွန်မှုအပေါ်ပြည်ထောင်စုဝန်ကြီးများ၏ဝမ်းနည်းကြေကွဲဖော်ပြမှုများ မြန်မာ့အလင်းသတင်းစာပါ နာရေးစာမျက်နှာ၂၃ (၂၅ စက်တင်ဘာ ၂၀၁၄)။ ၁၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင် RFA Burmese (၂၆ မေ ၂၀၁၂)။ ၁၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ကမ္ဘာကျော်ပက်ပ်စီအချိုရည် တစ်ဦးတည်း ဖြန့်ဖြူုးရောင်းချခွင့် ဒိုင်းမွန်းစတားကုမ္ပဏီရရှိ မြန်မာ့သားကောင်း (၁၅ ဩဂုတ် ၂၀၁၂)။ ၁၇ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ပဒုမ္မာဇာတ်ရုံနေရာကို Capital Development ကုမ္ပဏီအမည်ပေါက် ပိုင်ဆိုင်တော့မည် Myanmar Now (၁၆ ဇူလိုင် ၂၀၂၀)။ ၁၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ပုဂ္ဂလိကဘဏ်သူဌေးကြီးများ လူထုပိုက်ဆံဖြင့် စစ်ကောင်စီဘဏ္ဍာတိုက်ကို ဖြည့်ပေးနေ Myanmar Now (၁၇ ဇူလိုင် ၂၀၂၃)။ ၁၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ပြည်သူ့ငွေဖြင့် ပြည်သူ့အား သတ်ဖြတ်ရန် ပံ့ပိုးနေသည့် မြန်မာစစ်တပ်၏ ငွေတိုက်စာချုပ် Mekong News (၂၀ ဇူလိုင် ၂၀၂၃)။ 14 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. Capital Diamond Star Group receives honour from World Economic Forum consult-myanma (27 May 2014)။ 21 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2023 တွင် ပြန်စစ်ပြီး။