ခင်အောင်မြင့် (ဗိုလ်ချုပ်ကြီး)
ခင်အောင်မြင့် | |
---|---|
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ ဧပြီ ၂၀၂၅ | |
ယခင်လူ | ဗိုလ်ချုပ်ကြီး စိန်ဝင်း[၁] |
![]() ကာကွယ်ရေးဦးစီးချုပ် (လေ) | |
တာဝန်သက်တမ်း ၁၄ ဖေဖော်ဝါရီ ၂၀၁၃ – ၂ ဇန်နဝါရီ ၂၀၁၈ | |
ယခင်လူ | ဗိုလ်ချုပ်ကြီး မြတ်ဟိန်း |
ဆက်ခံသူ | ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် |
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) | |
တာဝန်သက်တမ်း ၁၄ ဩဂုတ် ၂၀၁၅ – ၂၅ ဩဂုတ် ၂၀၁၆ | |
ယခင်လူ | ဗိုလ်ချုပ်ကြီး လှဌေးဝင််း |
ဆက်ခံသူ | ဗိုလ်ချုပ်ကြီး မြထွန်းဦး |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၅၈ |
ကြင်ဖော် | ဒေါ်အေးအေးသန်း |
ဆုတံဆိပ်များ | ဝဏ္ဏကျော်ထင် ဇေယျကျော်ထင် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ![]() |
တပ်/တပ်ဖွဲ့ခွဲ | ![]() |
အမှုထမ်းကာလ | ၁၉၇၈ - ၂၀၁၈ |
ရာထူး | ![]() |
တပ် | ကက(လေ) |
ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (၁၉၅၈ ဖွား) သည် မြန််မာနိုင်ငံ၏ ၁၃ဦးမြောက် ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် ၄ဦးမြောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဖြစ်သည်။လက်ရှိတွင် တပ်မတော် ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်နေသော မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်လျှက်ရှိသည်။
စစ်ဘက်တာဝန်ထမ်းဆောင်ခြင်း
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၁၉) ဆင်း တစ်ဦးဖြစ်သည်။ပြန်တမ်းဝင်အမှတ် လေ ၁၇၅၄ ဖြင့် တပ်မတော်(လေ) တွင် စတင်တာဝန်ထမ်းဆောင်သည်။တာဝန်များ အဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ၂၀၁၀ပြည့်နှစ် နောက်ပိုင်းတွင် ဗိုလ်ချုပ်ရာထူးဖြင့် စစ်ဦးစီး အရာရှိချုပ် (လေ) ဖြစ််လာသည်။ယင်းနောက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ရာထူးမှ နှုတ်ထွက်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီးအဖြစ်သို့ ပြောင်းရွေ့သွားသည့်အခါ သူသည် ထိုနေရာကို ဆက်ခံသည်။[၂][၃] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အထူးယုံကြည််စိတ််ချရသူတစ်ဦးအဖြစ်လည်း ထင်ရှားခဲ့သည်။ထို့ကြောင့်သာပင် တပ်မတော် (ကြည်း) ထိပ်တန်းစစ်ဘက်အရာရှိကြီးများသာ တာဝန်ယူရလေ့ရှိသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ရာထူးကိုပါ သူသည် ပူးတွဲထမ်းဆောင်ခွင့်ရခဲ့သည်။[၄] ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက် တွင် သက်ပြည့်ပင်စင််ဖြင့် တပ်မတော် မှ အငြိမ်းစားယူသည်။[၅]
၂၀၂၁ နောက်ပိုင်းကာလ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅) တွင် ယင်းအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တာဝန်ပေးခံရသည်။[၆][၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ (၂၀၂၅) နှင့် ဆက်စပ်အစည်းအဝေးများကျင်းပ။ MOI Myanmar (၂၉ ဧပြီ ၂၀၂၅)။ ၂ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar air force commander-in-chief calls on BAF chief။ daily sun (7 Nov 2016)။ 2 May 2025 တွင် ပြန်စစ်ပြီး။
- ↑ Myanmar’s Air Force commander-in-chief calls on Arun Jaitley။ The India Express (21 August 2017)။ 2 May 2025 တွင် ပြန်စစ်ပြီး။
- ↑ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ ၊ လေ) တာဝန်ထမ်းဆောင်ခဲ့သူများ။ တပ်မတော်စစ်သမိုင်းပြတိုက်။ ၂ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နေရာတွင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ခန့်အပ်။ Eleven Media Group (၃ ဇန်နဝါရီ ၂၀၁၈)။ ၂ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၂၅)သို့ တက်ရောက်မိန့်ခွန်းပြောကြား။ MOI Myanmar (၃၀ ဧပြီ ၂၀၂၅)။ ၂ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌအဖြစ် အငြိမ်းစားဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကို ခန့်အပ်။ DVB (၁ မေ ၂၀၂၅)။ ၂ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။