မာတိကာသို့ ခုန်သွားရန်

ဂေါတမဗုဒ္ဓ၏ မိသားစုဝင်များ

ဝီကီပီးဒီးယား မှ

ဘီစီ ၆၂၃ တွင်ဂေါတမဗုဒ္ဓကို နီပေါနိုင်ငံ လုမ္ဗနီဥယျာဉ်ထဲတွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်ကလေးဘဝ အမည်မှာ သိဒ္ဓတ္ထဂေါတမဖြစ်သည်။ ဖခင်ဖြစ်သူသည် သုဒ္ဓေါဒနမင်းကြီးဖြစ်ပြီး မိခင်မှာ မာယာဒေဝီဖြစ်သည်။ သမိုင်းစာပေများအရ ကလေးငယ်သည် ကြီးမြတ်သည့်သူဖြစ်ကြောင်း လက္ခဏာများ ပြသခဲ့သည်။ ကလေးငယ်၏ အနာဂတ်ဟောကိန်းတစ်ခုတွင် ကလေးငယ်သည် လူ့ဘောင်တွင် နေပါက စကြဝတေးမင်းဖြစ်မည် ဖြစ်ကာ တောထွက်ပါက ဘုရား ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။ မိခင်ဖြစ်သည် မာယာဒေဝီသည် မင်းသားငယ်အား ဖွားမြင်ပြီး ခုနစ်ရက်အကြာတွင် ဆုံးပါးသွားခဲ့ပြီးနောက် ဖခင်ဖြစ်သူ မင်းကြီးသည် သားငယ်အား ကမ္ဘာကိုကြီးစိုးမည့် ဘုရင်တစ်ပါး ဖြစ်လာစေရန် နန်းတော်တွင် သီခြားထားခဲ့ပြီး မိခင်ဖြစ်သူ၏ ညီမဖြစ်သည့် မဟာပဇာပတိဂေါတမီ၏ ပြုစုမှုအောက်တွင် ကြီးပြင်းစေခဲ့သည်။

ဤသို့ လူ့လောကနှင့် သီးခြားနေခဲ့ကာ နောက်ပိုင်းတွင် ယသောဓရာ (ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်းကြီးနှင့် အမိတာ မိဖုရား တို့၏ သမီး) နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ဤသို့ဖြင့် သားတော် ရာဟုလာကို ဖွားမြင်ခဲ့သည်။ နောင်အခါတွင် ယသောဓရာနှင့် သားဖြစ်သူ ရာဟုလာ နှစ်ဦးစလုံးသည် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည်။

သုဒ္ဓေါဒန

[ပြင်ဆင်ရန်]
King Sudhodana and his court
The sculpture depicts a scene where three soothsayers are interpreting to King Suddhodana the dream of Queen Maya. Nagarjunakonda, 2nd-century

သုဒ္ဓေါဒနမင်းကြီးသည် သက္ကတိုင်း ကပိလဝတ်ပြည်ကို အုပ်စိုးသည့် ဘုရင်တစ်ပါး ဖြစ်သည်။ ဂေါတမဗုဒ္ဓ၏ ဖခင် ဖြစ်သည်။[]

မယ်တော်မာယာ

[ပြင်ဆင်ရန်]

မယ်တော်မာယာသည် ဂေါတမဗုဒ္ဓ၏ မိခင် ဖြစ်သည်။ မယ်တော်မာယာသည် ဘုရင်ကြီး သုဒ္ဓေါဒနနှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ခဲ့သည်။[]

အာနန္ဒာ

[ပြင်ဆင်ရန်]

အာနန္ဒာသည် မြတ်စွာဘုရား၏ ခမည်းတော်သုဒ္ဓေါဒနမင်း၏ညီတော် အမိတ္တောဒနမင်း၏ သားတော်ဖြစ်၍ မြတ်စွာဘုရား၏ ညီတော်ဝမ်းကွဲ တော်စပ်သည်။ မြတ်စွာဘုရား၏ ဖွားဘက်တော်ခုနစ်ဦးတွင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။

ဒေဝဒတ်

[ပြင်ဆင်ရန်]

ဒေဝဒတ်သည် ဘုရားရှင်နှစ် ညီအစ်ကို တစ်ဝမ်းကွဲတော်စပ်သည့်အပြင် ယသောဓရာ၏ မောင်အရင်းဖြစ်သည့်အတွက် ယောက်ဖတော်စပ်သူလည်း ဖြစ်သည်။

နန္ဒမင်းသားကို သုဒ္ဓေါဒနမင်းကြီးနှင့် မဟာပဇာပတိဂေါတမီတို့က မွေးဖွားခဲ့သည်။ သိဒ္ဓတ္ထမင်းသားနှင့် ဖအေတူ မအေကွဲ ညီအစ်ကို တော်စပ်သည်။ နန္ဒမင်းသားသည် ဇနပဒကလျာဏီမင်းသမီးနှင့် လက်ထပ်ထိမ်းမြားရန် ရှိသော်လည်း သာ့သနာ့ဘောင်သို့ ဝင်ရောက်ကာ ရဟန္တာဖြစ်ခဲ့သည်။

မဟာပဇာပတိဂေါတမီ

[ပြင်ဆင်ရန်]

မဟာပဇာပတိဂေါတမီ (မိထွေးတော် ဂေါတမီ) သည် ဒေဝဒဟပြည့်ရှင်အဉ္စနမင်း နှင့် ယသောဓရာမိဖုရားကြီးတို့၏ အငယ်ဆုံးသမီး ဖြစ်သည်။ သူမသည် အစ်မဖြစ်သည် မာယာဒေဝီနှင့်အတူ သုဒ္ဓေါဒနမင်းကြီးကို လက်ထပ်ခဲ့သည်။ ဘုရားလောင်း သိဒ္ဓတ္ထကို ဖွားမြင်ပြီး ခုနစ်ရက်အကြာတွင် မာယာဒေဝီသည် ဆုံးပါးသွားသဖြင့် သူမသည် ဘုရားလောင်းကို ပြုစုစောင့်ရှောက်ခဲ့သည်။ သူမသည်လည်း ဘုရင်ကြီး သုဒ္ဓေါဒနှင့်အတူ နန္ဒဟု အမည်ရသည့် သားတစ်ဦး ဖွားမြင်ခဲ့သည်။

သူမသည်ပင် အမျိုးသမီးများအား မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းမအဖြစ် ခွင့်ရရန် တောင်းဆိုပေးခဲ့သည်။ သူမသည် မြတ်စွာဘုရားထံမှ အမျိုးသမီးများအား ရဟန်းပြုခွင့်ပေးပါရန် အသျှင်အာနန္ဒာမှ တစ်ဆင့် တောင်းဆိုခဲ့သည်။ မြတ်စွာဘုရားသည် အကြိမ်များစွာ ငြင်းပယ်ခဲ့သည်။ သို့သော် နောက်ဆုံး၌ မြတ်စွာဘုရားသည် ဂရုဓံရှစ်ပါးကို လိုက်နာစောင့်ထိန်းစေကာ ဘိက္ခုနီသာသနာကို ခွင့်ပြုပေးတော်မူခဲ့သည်။

မဟာပဇာပတိဂေါတမီ သည် ရဟန်းမအဖြစ်ဖြင့် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန္တာဖြစ်ခဲ့သည်။[]

ရာဟုလာ

[ပြင်ဆင်ရန်]

ရာဟုလာသည် သိဒ္ဓတ္ထမင်းသားနှင့် ယသောဓရာတို့၏ တစ်ဦးတည်းသော သားဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. The Life of Buddha: Part One: 1. King Suddhodana And Queen Maya Sacred-texts.com။ 2012-05-26 တွင် ပြန်စစ်ပြီး။
  2. Andrew Mossberg။ Who were the Buddhas? amidabuddha.org။ 17 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 September 2020 တွင် ပြန်စစ်ပြီး။
  3. Maha Prajapati Gautami 15 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 September 2020 တွင် ပြန်စစ်ပြီး။