ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်
ပုံပန်းသွင်ပြင်
| ဂျပန်နိုင်ငံ ၏ ဝန်ကြီးချုပ် | |
|---|---|
ဂျပန်နိုင်ငံဝန်ကြီးချုပ်၏အမှတ်တံဆိပ် | |
ဂျပန်နိုင်ငံဝန်ကြီးချုပ်၏အလံတော် | |
| ဂျပန်နိုင်ငံ၏အစိုးရအဖွဲ့ | |
| ပုံစံ | ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့ |
| အမျိုးအစား | အစိုးရအဖွဲ့အကြီးအကဲ |
| ရုံးတည်နေရာ | တိုကျို |
| အဆိုပြုသူ | ဂျပန်နိုင်ငံ၏လွှတ်တော် |
| ခန့်အပ်သူ | ဂျပန် ဧကရာဇ် |
| သက်တမ်း | သတ်မှတ်ထားခြင်းမရှိ၊လွှတ်တော်၏သဘောတူထောက်ခံချက်ဖြင့်ဆက်လက်ထမ်းဆောင်ကြရသည် |
| ဖွဲ့စည်းပုံ အခြေခံဥပဒေ | ဂျပန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ |
| ယခင်လူ | Daijō-daijin |
| ဖွဲ့စည်းခြင်း | ၂၂ ဒီဇင်ဘာ ၁၈၈၅ |
| ပထမဆုံး ထမ်းဆောင်သူ | Itō Hirobumi |
| လစာ | ဂျပန် ယန်း 40,490,000/ USD$ 257,597 နှစ်စဥ် |
| ဝက်ဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုက်တ် |
ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် သည် ဂျပန်အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သည်။ ဝန်ကြီးချုပ်သည် ဂျပန်နိုင်ငံ၏ အစိုးရအဖွဲ့ကို ဦးဆောင်ရပြီး၊နိုင်ငံ့၀န်ကြီးများကို ရွေးချယ်ထုတ်ပယ် ခွင့်ရှိသည်။ ဝန်ကြီးချုပ်သည် ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်လည်းဖြစ်သည်။[၁]
ခန့်အပ်မှု
[ပြင်ဆင်ရန်]လွှတ်တော်သည် ၀န်ကြီးချုပ် အမည်စာရင်းတင်သွင်းသည်။ထို့နောက် ဧကရာဇ်မင်းတရားမှ ခန့်အပ်ပေးသည်။ ဝန်ကြီးချုပ်သည် ရာထူးဆက်ခံရန် အောက်လွှတ်တော်၏ ထောက်ခံမှုရရှိရန် အဓိက လိုအပ်သည်။
ပထမဆုံးအရပ်သားဝန်ကြီးချုပ်မှာ Itō Hirobumi ဖြစ်သည်။သူသည် ၁၈၈၅ ခုနှစ်၊ဒီဇင်ဘာ ၂၂ ရက် တွင် စတင်တာဝန်ယူခဲ့သည်။သက်တမ်းအကြာဆုံး ၀န်ကြီးချုပ် မှာ ရှင်ဇို အာ့ဘဲ့ ဖြစ်သည်။သက်တမ်းအတိုဆုံးမှာ မင်းသား Naruhiko Higashikuni ဖြစ်ပြီး ငါးဆယ့်လေးရက်ကြာသာ အမှုထမ်းခဲ့သည်။
