မာတိကာသို့ ခုန်သွားရန်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
Ministry of Planning, Finance and Industry
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၂၈ နိုဝင်ဘာ ၂၀၁၉
ယခင်အဖွဲ့အစည်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
စက်မှု ဝန်ကြီးဌာန
ဖျက်သိမ်းခြင်း၃ မေ ၂၀၂၁
အစားထိုးခြင်း
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် (၃၂)၊ ရုံးအမှတ် (၂၆)၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်
ဝက်ဘ်ဆိုက်mopfi.gov.mm

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Planning, Finance and Industry;MOPFI) သည် အမျိုးသားစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုကုန်ထုတ်လုပ်ခြင်းများနှင့် သက်ဆိုင်သော မြန်မာအစိုးရဝန်ကြီးဌာနဖြစ်သည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ခုနှစ် မေလတွင် ဖျက်သိမ်းခဲ့သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

လွတ်လပ်ရေးရပြီးစအချိန်တွင် အမျိုးသားစီမံကိန်း ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနတို့သည် သီးခြားတည်ရှိခဲ့သည်။ ၁၉၇၂ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဟူ၍လည်းကောင်း၊ ၁၉၉၃ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဟူ၍လည်းကောင်း၊ ၂၀၁၃ခုနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအား ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ ၂၀၁၆ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဟူ၍လည်းကောင်း အသီးသီး ပြောင်းလဲဖွဲ့စည်းခဲ့သည်။[]

လွတ်လပ်ရေးရပြီးစအချိန်တွင် စက်မှုလုပ်ငန်းများအတွက် စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် သတ္တုတွင်း ဝန်ကြီးဌာနဟူ၍ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၅၂ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနဟူ၍ သီးခြားဖွဲ့စည်းခဲ့သည်။ ၁၉၇၂ခုနှစ်မှစ၍ စက်မှုဝန်ကြီးဌာန ဖြစ်လာခဲ့သည်။ ၁၉၇၅ခုနှစ်တွင် စက်မှုဝန်ကြီးဌာနကို အမှတ်(၁)နှင့် အမှတ်(၂)ဟူ၍ ခွဲခြားဖွဲ့စည်းခဲ့သည်။ ၂၀၁၂ခုနှစ်တွင် စက်မှုဝန်ကြီးဌာနအဖြစ် တစ်ခုတည်းထား၍ ဖွဲ့စည်းခဲ့သည်။[]

၂၀၁၆ခုနှစ်တွင် စက်မှုဝန်ကြီးဖြစ်လာသော ဦးခင်မောင်ချိုလက်ထက်တွင် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဘီပီအိုင်ဆေးဝါးစက်ရုံကိစ္စနှင့် လူနာတင်ယာဉ်ကိစ္စများကြောင့် ၂၀၁၉ခုနှစ်တွင် ဝန်ကြီးဖြစ်သူ နုတ်ထွက်ခဲ့ရသည်။[] ထို့ကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ပူးတွဲကိုင်တွယ်ခဲ့ရသည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့အား ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ဖွဲ့စည်းရန် လွှတ်တော်သို့ တင်ပြလာခဲ့ရာ လွှတ်တော်မှ သဘောတူခဲ့သည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။[][][]

ဝန်ကြီးဌာနဖျက်သိမ်းခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် အာဏာသိမ်းမှုအပြီးတက်လာသော တပ်မတော်အစိုးရသည် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဟူ၍ ပြန်လည်ခွဲထုတ်ခဲ့သည်။[]

ဝန်ကြီးများ

[ပြင်ဆင်ရန်]

ဒုတိယဝန်ကြီးများ

[ပြင်ဆင်ရန်]
စဉ် ပုံ အမည် တာဝန်သက်တမ်း ပြည်ထောင်စုဝန်ကြီး အစိုးရ ရင်းမြစ်
၁။ ဦးမောင်မောင်ဝင်း ၄ ဖေဖော်ဝါရီ ၂၀၂၁ ၃ မေ ၂၀၂၁ ဦးဝင်းရှိန် မင်းအောင်လှိုင်အစိုးရ []
၂။ ဒေါ်သန်းသန်းလင်း

ကိုးကား

[ပြင်ဆင်ရန်]
  1. စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နောက်ခံသမိုင်း[လင့်ခ်သေ]
  2. သမိုင်းကြောင်း
  3. စက်မှုဝန်ကြီး ဦးခင်မောင်ချို တာဝန်မှ အနားပေးခံရ
  4. ဝန်ကြီးဌာန နှစ်ခုကို ပေါင်းမယ်
  5. ဝန်ကြီးဌာန ၂ ခုကို ပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဟု ပြောင်းလဲ
  6. စက်မှုဝန်ကြီးဌာန နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ အား စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်း
  7. 1 2 မြန်မာ့အလင်းသတင်းစာ (၄.၅.၂၀၂၁)
  8. အစိုးရအဖွဲ့ဝင် ဝန်ကြီးစာရင်းများထုတ်ပြန် 21 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 December 2021 တွင် ပြန်စစ်ပြီး။
  9. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၂၇ / ၂၀၂၁) CINCDS။ 17 August 2025 တွင် ပြန်စစ်ပြီး။