ဆန်းဦး (ဒုတိယဗိုလ်ချုပ်ကြီး)
ဆန်းဦး | |
---|---|
မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ဇူလိုင် ၂၀၁၉ | |
စစ်ရေးချုပ် | |
တာဝန်သက်တမ်း ၈ စက်တင်ဘာ ၂၀၁၄ – ဇူလိုင် ၂၀၁၉ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း |
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး | |
တာဝန်သက်တမ်း ၂၀၁၁ – ၈ သက်တင်ဘာ ၂၀၁၄ | |
ယခင်လူ | ဗိုလ်ချုပ် ထွန်းသန်း[၁] |
ဆက်ခံသူ | ဗိုလ်ချုပ် ထွန်းထွန်းနောင် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၆၃ မြန်မာပြည် |
နိုင်ငံသား | မြန်မာ |
လူမျိုး | မြန်မာ |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
ဆုတံဆိပ်များ | |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ![]() |
အမှုထမ်းကာလ | ၁၉၈၃ - လက်ရှိ |
ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
တပ် | ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) |
ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး (၁၉၆၃ မွေးဖွား) သည် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ ဥက္ကဋ္ဌ ဖြစ်သည်။သူသည် စစ်ရေးချုပ် အဖြစ် ၅ နှစ် ထမ်းဆောင်ခဲ့ပြီးနောက်၊အရန်အင်အားသို့ရောက်ကာ တပ်မတော် စီးပွားရေးလုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သူလည်း ဖြစ်သည်။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၄)မှ သင်တန်းဆင်းလာသူတစ်ဦး ဖြစ်သည်။ပြန်တမ်းဝင်အမှတ် ကြည်း ၁၇၅၀၂ ဖြင့် စစ်မှုစထမ်းသည်။
သူသည် ၂၀၀၈ ခုနှစ် မေ ၁၅ ရက် တွင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်သည်။ထိုတာဝန်ကို ၂၀၁၀ ပြည့်နှစ် ဩဂုတ် ၈ ရက် အထိ ထမ်းဆောင်သည်။ယင်းနောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး[၄] အဖြစ် တာဝန်ပေးအပ်ခံရသည်။၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး[၅] ဖြစ်လာခဲ့သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာ ၈ ရက် တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်မှ စစ်ရေးချုပ် အဖြစ်သို့ ရာထိုးတိုးမြှင့်ခံရသည်။[၆][၇]ထိုတာဝန်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ အထိ ထမ်းဆောင်ခဲ့ပြီး၊အရန်အင်အားသို့ ရောက်ရှိသွားခဲ့သည်။[၈]
ယင်းနောက် ထိုနှစ်ထဲတွင်ပင် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခံရသည်။[၉] [၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း ဖယ်ရှားခံရ။ BBC Burmese (၈ ဇူလိုင် ၂၀၁၁)။ ၂၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၇။ မြန်မာနိုင်ငံပြန်တမ်းစာစောင် (၄ ဇန်နဝါရီ ၂၀၁၇)။ ၂၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂/၂၀၂၁။ နိုင်ငံတော်သမ္မတရုံး (၄ ဇန်နဝါရီ ၂၀၂၁)။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ လက်နက်တွေကိုစွန့်ပြီး နိုင်ငံတော်ကယနေ့ဖော်ဆောင်နေတဲ့ မူဝါဒလမ်းစဥ်(၇)ရပ်အတိုင်း ဆောင်ရွက်ခြင်းသည်သာ စစ်မှန်ကောင်းမွန်တဲ့ ဒီမိုကရေစီလုပ်ဆောင်ချက်တွေပဲလို့ သဘောပေါက်နားလည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက် နေ့ထုတ် ကြေးမုံသတင်စာ(စာမျက်နှာ-၂၀(နောက်ကျောဖုံး) (၁၄ ဇန်နဝါရီ ၂၀၁၁)။ ၂၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ရောက်ရှိ။ The Irrawaddy (၁၄ အောက်တိုဘာ ၂၀၁၃)။ ၂၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော် ထိပ်ပိုင်း ရာထူးတချို့ အပြောင်းအလဲ လုပ်။ The Irrawaddy (၈ စက်တင်ဘာ ၂၀၁၄)။ ၂၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၁၈)ကြိမ်မြောက် အထွေထွေညီလာခံတွင် ဂုဏ်ထူးဆောင်ဆု လက်ခံရယူပြီး ပြန်လည် ရောက်ရှိ။ CINCDS Myanmar (၁၂ ဒီဇင်ဘာ ၂၀၁၈)။ ၂၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ရေးချုပ်အပါအဝင် တပ်မတော်ရာထူးတချို့ အပြောင်းအလဲလုပ်။ BBC (၁၂ ဇူလိုင် ၂၀၁၉)။ ၂၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး။ MOI Myanmar (၃၀ ဧပြီ ၂၀၂၁)။ ၂၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဖွင့်လှစ်။ Myanmar National Portal (၃၀ ဩဂုတ် ၂၀၂၄)။ ၂၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။