မာတိကာသို့ ခုန်သွားရန်

ဇိုမီးတော်လှန်ရေးတပ်မတော်

ဝီကီပီးဒီးယား မှ
ဇိုမီးတော်လှန်ရေးတပ်မတော်
ခေါင်းဆောင်များThanglianpau Guite
Calvin Hatlang
Jimmy Suanpu
စတင်လှုပ်ရှားခြင်း၁၉၉၇ (၁၉၉၇)–လက်ရှိ
အုပ်စု(များ)ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ်
ဌာနချုပ်ချူရာချန်ပါခရိုင်၊ မဏိပူရပြည်နယ်အိန္ဒိယနိုင်ငံ
လှုပ်ရှားနယ်မြေဇိုဂမ်
နိုင်ငံရေးအယူဝါဒဇိုမီးအမျိုးသားရေး
ခွဲထွက်ရေး
ပိုက်တဲ အခွင့်အရေး
မဟာမိတ်Kanglei Yawol Kanna Lup

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ
ကူကီးလွတ်မြောက်ရေးအဖွဲ့ချုပ် (နားလည်မှုယူထား)

 မြန်မာ
ပြိုင်ဘက်များ ဘင်္ဂလားဒေ့ရှ်
  • Rapid Action Battalion

 အိန္ဒိယ

 မြန်မာ
စစ်ပွဲနှင့် တိုက်ပွဲများမြန်မာနိုင်ငံရှိ ပြည်တွင်းပဋိပက္ခ နှင့် အိန္ဒိယအရှေ့မြောက်ပိုင်း ပုန်ကန်မှုများ

ဇိုမီးတော်လှန်ရေးတပ်မတော် (အင်္ဂလိပ်: Zomi Revolutionary Army; အတိုကောက် ZRA) သည် ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ဇိုမီး အမျိုးသားတော်‌လှန်‌ရေးတပ်ဖွဲ့ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ချူရာချန်ပါခရိုင်အတွင်းရှိ ကူကီးလူမျိုးများနှင့် ပိုက်တဲလူမျိုးများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဇိုမီးတော်လှန်ရေးတပ်မတော်၏ မိခင်အဖွဲ့အစည်းဖြစ်သော ဇိုမီးတော်လှန်ရေးအဖွဲ့ကို ၁၉၉၃ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။[]

ZRA ၏ ရည်ရွယ်ချက်မှာ ဇိုတိုင်းရင်းသားများ၏ အကျိုးကို ကာကွယ်ရန်နှင့် ဇိုလူမျိုးများအား ပြည်နယ်တစ်ခုတည်းအောက် (ဇိုဂမ်) တွင် ပေါင်းစည်းနိုင်ရန် ဖြစ်သည်။ ဇိုဂမ်သည် အိန္ဒိယနိုင်ငံ (မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်)၊ မြန်မာနိုင်ငံ (ချင်းပြည်နယ်) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (စစ်တကောင်းတောင်တန်းဒေသ) တို့၏ နယ်နမိတ်များပါဝင်သော ဒေသတစ်ခု ဖြစ်သည်။[]

ဦးဆောင်မှု

[ပြင်ဆင်ရန်]

ZRA တွင် အဓိက ဦးဆောင်မှုနေရာ သုံးခုရှိပြီး ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေးမှူးတို့ ဖြစ်သည်။ ဦးဆောင်သူအများစုမှာ ဇိုမီးတိုင်းရင်းသားများ ဖြစ်ကြသည်။[][] လက်ရှိခေါင်းဆောင်များမှာ

  • Thanglianpau Guite - ဇိုမီးတော်လှန်ရေးတပ်မတော် ဥက္ကဋ္ဌ
  • D. Kamsuanthang - အထွေထွေ အတွင်းရေးမှူး
  • Jimmy Suanpu - သတင်းနှင့်ပြန်ကြားရေးမှူး

လှုပ်ရှားဧရိယာများ

[ပြင်ဆင်ရန်]

ဇိုမီးတော်လှန်ရေးတပ်မတော်သည် မဏိပူရပြည်နယ်ရှိ ချူရာချန်ပါခရိုင်၏ အဓိက ဧရိယာများ၊ မဏိပူရပြည်နယ်ရှိ အခြားခရိုင်များ (အထူးသဖြင့် မြန်မာနိုင်ငံနယ်စပ်အနီး) တွင် အဓိကလှုပ်ရှားသည်။ အရေးပါသော လှုပ်ရှားဧရိယာများတွင် မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်၏ နယ်နမိတ်ဒေသများနှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်တို့တွင် ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 Zomi Revolutionary Organisation / Zomi Revolutionary Army satp.org။ 12 October 2014 တွင် ပြန်စစ်ပြီး။
  2. Fact Sheet for Zomi Revolutionary Organisation - Silobreaker Silobreaker.com။ 27 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]