မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံရှိ သစ်တောပြုန်းတီးမှု

ဝီကီပီးဒီးယား မှ

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့အစည်းမှ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း သစ်တော ၁၉ ရာခိုင်နှုန်း ၇၄၄၅၀၀၀ ဟတ်တာ (၂၈၇၅၀ စတုရန်းမိုင်) ဆုံးရှုံးခဲ့သည်။[] လွတ်လပ်ရေးရပြီးချိန်တွင် သစ်တောလွှမ်းခြုံမှု ပမာဏ ၇၀ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်အရ ၄၈ ရာခိုင်နှုန်းမျှသာ ရှိတော့သည်။[][] မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှု နှစ်စဉ် ၀.၉၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၀.၃ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့သော်လည်း အရေးကြီးသော ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။[] သစ်တောပြုန်းတီးရခြင်း၏ အဓိကအချက်များမှာ တရားမဝင် သစ်ခုတ်ခြင်း၊ မြေယာကိစ္စ ပြဿနာဖြစ်ခြင်းနှင့် တိုးပွားလာသော စိုက်ပျိုးမွေးမြူရေးတို့ကြောင့်ဖြစ်သည်။[]

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အပူပိုင်းသစ်တော အကြီးမားဆုံး ပိုင်ဆိုင်ထားပြီး သမပိုင်း သစ်တောထက် ပိုမိုကြီးမားသည်။[] ၂၀၁၀ ခုနှစ်အရ မြန်မာနိုင်ငံတွင် ကာဗွန် မက်ထရစ်တန်ချိန် သိန်းပေါင်း ၁၆၅၄ နှင့်ညီမျှသော သစ်တော biomass ကို ပိုင်ဆိုင်ထားပြီး နိုင်ငံတွင် တွေ့ရလေ့ရှိသော မျိုးစိတ်ပေါင်း ၈၀ ကျော်တို့၏ နားခိုရာဖြစ်သည်။ ဇီဝမျိုးကွဲနှင့် သစ်တော အရွယ်အစား မည်မျှပင်ရှိစေကာမူ ကုန်းမြေ၏ ၆.၃ ရာခိုင်နှုန်းကိုသာ ကာကွယ်ပေးထားပြီး သစ်တောပြုန်းတီးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ကိုလိုနီခေတ်

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် သမားရိုးကျအတိုင်း စိုက်ပျိုးမွေးမြူရေးကို နှစ်ထောင်ချီကာ ဆောင်ရွက်ခဲ့သော်လည်း သိသာထင်ရှားသော သစ်တောပြုန်းတီးမှုကို မတွေ့ခဲ့ချေ။[] သိသာထင်ရှားသော သစ်တောပြုန်းတီးမှုမှာ ၁၈၀၀ ခုနှစ်များတွင် ဗြိတိသျှတို့က အင်ပါယာအတွက် ကျွန်းပင်များ ထုတ်လုပ်ရာမှ စတင်ခဲ့သည်။[][] သစ်မာများသည် ရေဒဏ်ကို ခံနိုင်ရည်ရှိပြီး သင်္ဘောများ တည်ဆောက်ရာတွင် အလွန်အရေးပါလှသည်။[]

ဗြိတိသျှ ကိုလိုနီတို့သည် ၁၈၅၆ ခုနှစ်တွင် အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် သစ်တောဌာနကို တည်ထောင်ခဲ့ပြီး ပဲခူးရိုးမမှ သစ်များကို ဆင်များဖြင့်အသုံးပြုကာ အဓိက ထုတ်ယူခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်ခင် ဗြိတိသျှတို့သည် ကျွန်းသစ် တန်ချိန်ပေါင်း ၄၄၇၀၀၀ ထုတ်ယူခဲ့ကြသည်။[]

လွတ်လပ်ရေးခေတ် (၁၉၄၈)

[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များ ထကြွလာပြီး သစ်ခုတ်မှုများ ပေါ်ထွက်လာခဲ့သည်။ သူပုန်အဖွဲ့များသည် မြန်မာနိုင်ငံ သစ်တောအများစုကို ထိန်းချုပ်ခဲ့ကာ သစ်တောဌာနအတွက် အန္တရာယ် ဖြစ်လာခဲ့သည်။[] ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ကျွန်းထုတ်လုပ်မှုကို မြှင့်တင်ခဲ့ရာ ၁၉၅၂ ခုနှစ်တွင် ၄ ရာခိုင်နှုန်းရှိရာမှ ၁၉၈၀ ခုနှစ်များတွင် ၄၂ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။[] ရလဒ်အနေဖြင့် ၁၉၆၀ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်များတွင် သစ်တောလွှမ်းခြုံဧရိယာ စတုရန်းမိုင်ပေါင်း ၄၆၀၀၀ ဆုံးရှုံးခဲ့သည်။ လွတ်လပ်ရေးရချိန်က သစ်တောပမာဏမှာ ၇၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၁၉၈၀ ခုနှစ်များတွင် ၄၆ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့သည်။[][] ၈၈ အရေးတော်ပုံ ဖြစ်ပွားပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးက သစ်တောပြုန်းတီးမှုနှင့် သက်ဆိုင်သော စည်းမျဉ်းများကို အနည်းငယ် ပြောင်းလဲခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်အစိုးရသည် ထိုင်းသစ်ထုတ်လုပ်ရေး ကုမ္ပဏီ ၄၂ ခုနှင့် အပေးအယူပြုလုပ်ခဲ့ပြီး စတုရန်းမိုင်ပေါင်း ၇၀၀၀ နှင့်ညီမျှသော သစ်တောပြုန်းတီးမှုကို ဖြစ်စေခဲ့သည်။[] ဥပဒေသစ် ချမှတ်ခဲ့သော်လည်း စည်းကမ်းမဲ့ သစ်ထုတ်လုပ်မှုများ ရှိနေခဲ့ပြီး သစ်တောပြုန်းတီးမှု ဆက်လက်ရှိနေခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Global Forest Resources Assessment 2010 Country Report: Myanmar Forestry Department of the Food and Agriculture Organization of the United Nations (2010)။ 3 May 2015 တွင် ပြန်စစ်ပြီး။
  2. 1 2 3 4 5 Seekins၊ Donald (21 August 2006)။ Historical Dictionary of Burma (Myanmar)။ Lanham, Maryland: Scarecrow Press။ ISBN 0810854767
  3. Myanmar Forest Information and Data mongabay.com။ 2 May 2014 တွင် ပြန်စစ်ပြီး။
  4. Leimgruber, Peter (September 2005). "Forest cover change patterns in Myanmar (Burma) 1990−2000". Environmental Conservation 34 (4): 356–364.
  5. Stokke, Kristian; Vakulchuk, Roman and Indra Overland (2018) Myanmar: A Political Economy Analysis. Norwegian Institute of International Affairs (NUPI). Report commissioned by the Norwegian Ministry of Foreign Affairs.
  6. 1 2 3 Bernard, Stéphane (1996). "The Retreat of the Forest in Southeast Asia: A Cartographic Assessment". Singapore Journal of Tropical Geography 17 (1): 1–14. doi:10.1111/j.1467-9493.1996.tb00080.x.
  7. Webb, Edward (January 2014). "Deforestation in the Ayeyarwady Delta and the conservation implications of an internationally-engaged Myanmar". Global Environmental Change 24: 321–333. doi:10.1016/j.gloenvcha.2013.10.007.
  8. 1 2 3 4 5 Bryant၊ Raymond (1996)။ The Political Ecology of Forestry in Burma။ Honolulu, Hawai'i: University of Hawai'i Press။