မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်
မြန်မာနိုင်ငံ ၏ ဒုတိယဝန်ကြီးချုပ် | |
---|---|
![]() | |
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးဝင်းရှိန်၊ ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး | |
ပုံစံ | H.E |
အစီရင်ခံရသူ | နိုင်ငံတော်ဝန်ကြီးချုပ် |
ရုံးတည်နေရာ | နေပြည်တော် |
ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
ဖွဲ့စည်းခြင်း |
|
ပထမဆုံး ထမ်းဆောင်သူ | ဗိုလ်လက်ျာ |
ဖျက်သိမ်းခြင်း | ၃၀ မတ် ၂၀၁၁ (၂၀၀၈ အခြေခံဥပဒေအရ) |
မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် (အင်္ဂလိပ်: Deputy Prime Minister of Myanmar) သည် မြန်မာနိုင်ငံအစိုးရအဖွဲ့များ၏ ဒုတိယခေါင်းဆောင်များ ဖြစ်သည်။ ၂၀၂၁ ခုနှစ်မှစ၍ ဒုတိယဝန်ကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စတင်တာဝန်ယူခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယဝန်ကြီးချုပ် (၄) ဦးကို ထပ်မံခန့်အပ်ခဲ့ရာ စုစုပေါင်း (၅) ဦးအထိ ရှိလာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် နောက်ထပ်တစ်ဦး ထပ်မံခန့်အပ်ခဲ့သဖြင့် လက်ရှိတွင် စုစုပေါင်း (၆) ဦး ရှိပါသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၄၇ အခြေခံဥပဒေအရ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ခုနှစ်မှ စတင်၍ အုပ်ချုပ်ခဲ့သည့် အစိုးရအဖွဲ့များတွင် ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့များ၏ ခေါင်းဆောင်ဖြစ်သည်။နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ ခေါင်းဆောင်သာဖြစ်သည်။အစိုးရအဖွဲ့များ၏ ဒုတိယခေါင်းဆောင်အဖြစ် ဒုတိယဝန်ကြီးချုပ်များ ရှိခဲ့သည်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်၏ခေါင်းဆောင်နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်အဖြစ် သမ္မတကိုသာ ထားရှိခဲ့သည်။ထို့ကြောင့် ဝန်ကြီးချုပ်ရာထူးသည် ၂၀၁၁ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။သို့သော် နအဖ၏ နောက်ဆုံးအစိုးရအဖွဲ့ဖြစ်သော ပထမဦးသိန်းစိန်အစိုးရတွင် ဒုတိယဝန်ကြီးချုပ် မရှိပေ။ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သာရှိသည်။
၂၀၂၁ အာဏာသိမ်းယူမှုအပြီး ၆ လအကြာတွင် ဖွဲ့စည်းခဲ့သည့် အိမ်စောင့်အစိုးရတွင် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်ရာထူးများကို ပြန်လည် ဖန်တီးခဲ့သည်။[၁][၂]၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ် (၄)ဦးအား ထပ်မံခန့်အပ်ခဲ့ရာ အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် (၅)ဦးအထိ ရှိလာခဲ့သည်။[၃]
၂၀၂၃ ဩဂုတ် ၃ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အား ထပ်မံပြင်ဆင်ဖွဲ့စည်းရာတွင် မူလအတိုင်း ဒုတိယဝန်ကြီးချုပ်(၅)ဦး ဆက်ထားခဲ့ပြီး ထိုထဲ ပြည်ထဲရေးဝန်ကြီး အစား နိုင်ငံခြားရေးဝန်ကြီးအား ဒုတိယဝန်ကြီးချုပ် ပူးတွဲတာဝန် ပြောင်းလဲခန့်အပ်သည်။[၄]
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် နစက အမိန့်အမှတ် ၅၃/၂၀၂၄ ဖြင့် ဗိုလ်ချုပ်ကြီး မောင်အောင်အေး အား မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ်သည်။
ဒုတိယဝန်ကြီးချုပ်များစာရင်း
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "Myanmar forms caretaker government: State Administration Council"။ 17 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 19 February 2023။
- ↑ "Myanmar army ruler takes prime minister role, again pledges elections"။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း"။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။ MOI Myanmar (၃ ဩဂုတ် ၂၀၂၃)။ ၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။