မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံကူးလက်မှတ်
မြန်မာနိုင်ငံကူးလက်မှတ်၏ အရှေ့မျက်နှာဖုံး
မြန်မာနိုင်ငံကူးလက်မှတ်၏ အရှေ့မျက်နှာဖုံး
အချက်အလက်စာမျက်နှာ
အချက်အလက်စာမျက်နှာ
Date first issued ၁၉၄၈ (ပထမအကြိမ်)
ဧပြီ ၂၀၁၀ (စက်ဖြင့် ဖတ်ရှုနိုင်သော နိုင်ငံကူးလက်မှတ်)
၂၀၂၃ (လက်ရှိ)
ထုတ်ပေးသူ ပြည်ထဲရေး ဝန်ကြီးဌာန
နိုင်ငံခြားရေး ဝန်ကြီးဌာန
တရားဝင် နိုင်ငံအားလုံး
စာရွက်စာတမ်းအမျိုးစား နိုင်ငံကူးလက်မှတ်
ရည်ရွယ်ချက် သက်သေခံခြင်း
တရားဝင်မှုလိုအပ်ချက် မြန်မာနိုင်ငံသား
သက်တမ်းကုန် ၅ နှစ်

မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သည် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာ ကူးသန်းသွားလာနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်မှထုတ်ပေးသော နိုင်ငံကူးလက်မှတ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးသည်။[]၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံသား ၁ သန်းခန့်ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့ပြီဖြစ်သည်။[]

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ

[ပြင်ဆင်ရန်]

ယခင်က ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်သာ ထုတ်ပေးခဲ့ရာမှ ၂၀၁၄ခုနှစ်မှစ၍ ပြည်နယ်နှင့်တိုင်းမြို့တော်များအပါအဝင် နေပြည်တော်၌ပါ ရုံးများဖွင့်လှစ်ခဲ့သဖြင့် ယခုအခါတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (၁၅)ရုံးရှိသည်။[]

၂၀၂၂ ခုနှစ်တွင် လျှောက်ထားသူများအတွက် ရက်ချိန်းကြိုတင်ရယူနိုင်သော QR code စနစ်ကို စတင်အသုံးပြုခဲ့သည်။[]

အမျိုးအစားများ

[ပြင်ဆင်ရန်]

လက်ရေးဖြင့်ရေးသားထားသော နိုင်ငံကူးလက်မှတ်ကို စက်ဖြင့်ဖတ်ရှုနိုင်သော နိုင်ငံကူးလက်မှတ်အဖြစ် ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် အဆင့်မြှင့်တင်ခဲ့သည်။[]

ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပေးသော နိုင်ငံကူးလက်မှတ်များတွင် အဓိက သုံးမျိုးရှိပြီး အစိုးရဝန်ထမ်းများအတွက် အစိမ်းရောင်၊ သံတမန်များအတွက် အပြာရောင်နှင့် ကျန်နိုင်ငံသားများအားလုံးအတွက် အနီရောင်ဟူ၍ ဖြစ်သည်။[] အနီရောင်နိုင်ငံကူးလက်မှတ်များ၏ သက်တမ်းမှာ ၅ နှစ်ဖြစ်ပြီး အစိမ်းရောင်၏ သက်တမ်းမှာ သုံးနှစ် ဖြစ်သည်။[]

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသားများအတွက် အရောင်များဖြင့် ခွဲခြားထားသော နိုင်ငံကူးလက်မှတ် အမျိုးအစား ကိုးမျိုးကို ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ယင်းအမျိုးအစား (၉)မျိုးမှာ

  1. အလည်အပတ် ပတ်စ်ပို့ (Passport for Visit-PV )
  2. သင်္ဘောသား ပတ်စ်ပို့ (Passport for Seaman-PS)
  3. စီးပွားရေး ပတ်စ်ပို့ (Passport for Business-PB)
  4. ပညာရေး ပတ်စ်ပို့ (Passport for Education-PE)
  5. အလုပ် ပတ်စ်ပို့ (Passport for Job-PJ)
  6. ဘာသာရေး ပတ်စ်ပို့ (Passport for Religious-PR)
  7. မှီခို ပတ်စ်ပို့ (Passport for Dependent-PT)
  8. သံတမန်ပတ်စ်ပို့ (Passport for Diplomatic-PD)
  9. အထူးပတ်စ်ပို့ (Passport for Offical ) တို့ဖြစ်သည်။[]

နိုင်ငံကူးလက်မှတ်တွင် ပါရှိသော အချက်အလက်များ

[ပြင်ဆင်ရန်]

သက်သေခံအချက်အလက်များ

[ပြင်ဆင်ရန်]

မြန်မာ နိုင်ငံကူးလက်မှတ်တွင် အောက်ပါအချက်အလက်များ ပါရှိသည်။

  • နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ၏ ဓာတ်ပုံ
  • အမျိုးသား
  • နိုင်ငံကုဒ်
  • နိုင်ငံကူးလက်မှတ် အမှတ်စဉ်
  • အမည်
  • နိုင်ငံသား
  • မွေးသက္ကရာဇ်
  • လိင်
  • မွေးဖွားရာနေရာ
  • ထုတ်ပေးသည့် ရက်စွဲ
  • ကုန်ဆုံး ရက်စွဲ
  • ထုတ်ပေးသည့် နေရာ
  • ကိုင်ဆောင်သူ၏ လက်မှတ်

ဘာသာစကား

[ပြင်ဆင်ရန်]

သက်သေခံအချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထားပြီး နိုင်ငံကူးလက်မှတ်စာအုပ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသည်။

ပြည်ဝင်ခွင့် လိုအပ်ချက်များVisa requirements

[ပြင်ဆင်ရန်]
ပုံမှန်မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအတွက် ဆိုက်ရောက်ဗီဇာကင်းလွတ်ခွင့် သို့မဟုတ် ဆိုက်ရောက်ဗီဇာရှိသော နိုင်ငံများနှင့် နယ်မြေများ။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့် သို့မဟုတ် ဆိုက်ရောက်ဗီဇာဖြင့် နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုထားသည်။ ပြည်ဝင်ခွင့် ကန့်သတ်ချက် အညွှန်းကိန်း အရ မြန်မာနိုင်ငံကူးလက်မှတ်သည် အဆင့် ၉၅ ဖြစ်သည်။
  မြန်မာနိုင်ငံ
  ဗီဇာကင်းလွတ်ခွင့်
  ဆိုက်ရောက်ဗီဇာ
  အီလက်ထရွန်းနစ်ဗီဇာ
  ဆိုက်ရောက်ဗီဇာ သို့မဟုတ် အွန်လိုင်းဗီဇာလျှောက်ထားနိုင်သည်
  ဗီဇာလျှောက်ထားရန် လိုအပ်

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ပုံမှန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများသည် ဘရူနိုင်းကမ္ဘောဒီးယားအင်ဒိုနီးရှားလာအိုဖိလစ်ပိုင်စင်ကာပူထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ ပြည်ဝင်ခွင့် မလိုအပ်ဘဲ သွားရောက်နိုင်သည်။ ရက် ၃၀ နေထိုင်ခွင့်ပေးသော ဖိလစ်ပိုင်နှင့် စင်္ကာပူမှလွဲ၍ ကျန်နိုင်ငံများတွင် ၁၄ ရက် ဝင်ရောက်နေထိုင်ခွင့်သည်။[]

မော်လ်ဒိုက်နှင့် မကာအိုတို့တွင် မြန်မာနိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာရရှိနိုင်ပြီး အိန္ဒိယနိုင်ငံသို့ အီလက်ထရွန်းနစ်ဗီဇာဖြင့် ဝင်ရောက်နိုင်မည်ဖြစ်သည်။[၁၀][၁၁][၁၂][၁၃][၁၄][၁၅][၁၆][၁၇][၁၈]


ယခင်နိုင်ငံကူးလက်မှတ်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ ပွဲစားမလိုပါ
  2. ၁၀ ရက် အတွင်း နိုင်ငံကူး လက်မှတ် ရမယ်
  3. Myanmar Govt Opens 15 New Passport Issuing Offices (10 January 2014)။
  4. Aung Naing။ "As many head for the exits, Myanmar junta slams door on hopes for better life abroad" (in en)၊ 10 February 2023။
  5. Kyaw Hsu Mon။ "Home Affairs Ministry to Overhaul Burmese Passports" (in en)၊ The Irrawaddy၊ 1 April 2015။
  6. 9 types of passports to be issued for Myanmar citizens
  7. "Online passport applications temporarily suspended" (in en)၊ Mizzima၊ 7 December 2022။
  8. 9 types of passports to be issued for Myanmar citizens (in en) (1 November 2016)။ 8 July 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2024 တွင် ပြန်စစ်ပြီး။
  9. List of Countries Having Bilateral Visa Exemption Agreements with Myanmar 2018-02-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-02-08 တွင် ပြန်စစ်ပြီး။
  10. A thirty day free visa is issued on arrival for all Nationalities 2017-11-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-02-08 တွင် ပြန်စစ်ပြီး။
  11. e-Visa Facility is available for nationals of following countries/territories
  12. Transit Without Visa (TWOV), Malaysia 17 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2024 တွင် ပြန်စစ်ပြီး။
  13. Transit Without Visa (TWOV), Malaysia 2018-02-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-02-08 တွင် ပြန်စစ်ပြီး။
  14. Cambodia, Laos and Myanmar Get Visa-Free Entry to Indonesia - News - PATA pata.org 22 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2011 တွင် ပြန်စစ်ပြီး။
  15. Vietnam Waives Visa Requirement for Burmese Travelers irrawaddy.org 11 October 2013 တွင် ပြန်စစ်ပြီး။
  16. Visa-free deal signed with Cambodia mmtimes.com 22 December 2013 တွင် ပြန်စစ်ပြီး။
  17. Myanmar, Indonesia hammer out visa-free agreement ttgasia.com 19 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2014 တွင် ပြန်စစ်ပြီး။
  18. PHL-Myanmar agreement on visa exemption takes effect on January 4, 2014 gov.ph 17 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 January 2014 တွင် ပြန်စစ်ပြီး။