သိန်းဌေး (ဒုတိယဗိုလ်ချုပ်ကြီး)
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး | |
---|---|
![]() ၂၀၁၂ ကပုံ | |
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် | |
တာဝန်သက်တမ်း ၂၀၁၀ – ၂၀၁၉ | |
ယခင်လူ | ဒုဗိုလ်ချုပ်ကြီး ကျော်စွာခိုင် |
ဆက်ခံသူ | ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်း |
နယ်စပ်ရေးရာဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၁၃ ဖေဖော်ဝါရီ ၂၀၁၃ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | သက်နိုင်ဝင်း |
မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၅ စက်တင်ဘာ ၂၀၁၂[၁] | |
ယခင်လူ | ရာထူး စတင် |
ဆက်ခံသူ | ရာထူး ဖျက်သိမ်း |
ဒုတိယ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် | |
တာဝန်သက်တမ်း ၂၀၀၆ – ၂၀၁၀ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | တောင်ကြီးမြို့၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ | ၇ စက်တင်ဘာ၊ ၁၉၅၅
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော် | ဒေါ်မြင့်မြင့်ခိုင် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ![]() |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးသည် တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်ဖြစ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သည်။ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း အမှတ် (၅၈) ဗိုလ်လောင်းသင်တန်းမှ အရာရှိဖြစ်လာသူ ဖြစ်သည်။ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်အဖြစ် ထမ်းဆောင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။သူသည် နယ်စပ်ရေးရာဝန်ကြီးတာဝန် နှင့်အတူ တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် အဖြစ်ပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသူဖြစ်သည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]၁၉၅၅ ခု၊ စက်တင်ဘာလ ၇ ရက်တွင် တောင်ကြီးမြို့၌ မွေးသည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ စက်မှုအင်ဂျင်နီ ယာဘာသာဖြင့် ဘွဲ့ရသည့်နောက် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (၅၈) သို့ တက်ရောက်သည်။[၂]
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]၁၉၉၈ ခုနှစ်၊ ဦးစီးအရာရှိ (ပ) ဒုတိယဗိုလ်မှူးကြီးဖြစ်သည်အထိ ရုံးလုပ်ငန်းနှင့် နည်းပညာကိုသာ အားပြုလေ့လာသည်။၂၀၀၁-၂၀၀၂ ကာလ ထိုင်းနိုင်ငံနှင့် နယ်စပ်ပြဿနာဖြစ်နေချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အဝေးပစ်လက်နက်များအကြောင်း တင်ပြခဲ့ရာ အထူးသဘောကျသဖြင့် ဗိုလ်မှူးချုပ်အဆင့်သို့ တိုးမြှင့်ခံရသည်။၂၀၀၆ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် (ဒုထုတ်ချုပ်) ဖြစ်လာသည်။
၂၀၀၈ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ မြောက်ကိုရီးယားသို့သွားကာ စစ်လက်နက်ထုတ်လုပ်ရေးအတွက် ဆွေးနွေးခဲ့သည်။၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် (ထုတ်ချုပ်) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာခိုင်က စက်မှု(၁)ဝန်ကြီးအဖြစ် အရွေးခံသည်နောက် ဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့် ထုတ်ချုပ် ဖြစ်လာသည်။၂၀၁၁ ခုနှစ် တွင် သမ္မတ ဦးသိန်းစိန်က နယ်စပ်ရေးရာဝန်ကြီးအဖြစ်လည်းကောင်း၊မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း ခန့်ထားသည်။[၃] [၄] သို့သော် လုပ်လက်စ စစ်လက်နက်ပစ္စည်းစက်ရုံသစ်များအား စီမံရန်လိုအပ်သေးသောကြောင့် ၂၀၁၃ ခုနှစ်တွင် မူလတာဝန်ကို ပြန်ထမ်းသည်။
၂၀၁၉ ခုနှစ်တွင် ရာထူးတာဝန်များမှနေ၍ အငြိမ်းစားယူပြီး ၎င်း၏ နည်းပညာ ကျွမ်းကျင်မှုကြောင့် တပ်မတော်တွင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အကြံပေး အရာရှိအဖြစ် ဆက်လက် ခန့် ထားခံရသည်။ [၅]
အရေးယူပိတ်ဆို့ခံရမှုများ
[ပြင်ဆင်ရန်]သူသည် ၂၀၁၃ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံမှ စက်သုံးပစ္စည်းများ မဝယ်ယူရန် ကန့်သတ်ထားသည့် ကုလသမဂ္ဂ၏ တားမြစ်ချက်များကို ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်ဖြင့် အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဓိက ပိတ်ဆို့ အရေးယူခြင်းကို ခံခဲ့ရသည်။[၆]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဒေါ်မြင့်မြင့်ခိုင်နှင့် လက်ထပ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝန်ကြီးဌာနဖျက်သိမ်းခြင်း (in Burmese)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (5 September 2012)။ 10 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2015 တွင် ပြန်စစ်ပြီး။
- ↑ စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘာတွေ လုပ်မှာလဲ။
- ↑ အစိုးရသစ်ကို အာဏာလွှဲအပ် လိုက်ပြီ။ BBC Burmese (၃၀ မတ် ၂၀၁၁)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို။ RFA Burmese (၃၁ ဩဂုတ် ၂၀၁၂)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို တပ်မတော်တွင် အကြံပေး အရာရှိ ပြန်ခန့်။ The Irrawaddy (၂၈ မေ ၂၀၁၉)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ US blacklists Burmese General Thein Htay over arms။ BBC (2 June 2013)။ 27 April 2025 တွင် ပြန်စစ်ပြီး။