မာတိကာသို့ ခုန်သွားရန်

အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ
Asian Para Games

အတိုကောက်APG
ပထမအကြိမ်၂၀၁၀ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ
Occur every၄နှစ်
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
၂၀၁၈ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ
ရည်မှန်းချက်အာရှတိုက်ရှိ မသန်စွမ်းသူများအတွက် ကျင်းပသော အားကစားပွဲ

အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ (အင်္ဂလိပ်: Asian Para Games)သည် အာရှပါရာလမ်းပစ်ကော်မတီမှ ဦးစီးကျင်းပသည့် မသန်စွမ်းသူများဆိုင်ရာ အားကစားပွဲတော်ဖြစ်သည်။ ပြိုင်ပွဲဝင် မသန်စွမ်းသူများတွင် သွက်ချာပါဒ၊ လေဖြန်း၊ခြေ၊ လက်မသန်စွမ်း၊ အမြင်၊ အကြားချို့တဲ့ခြင်း စသည့် မသန်စွမ်းမှုအမျိုးမျိုး ခံစားနေရသူများ ပါဝင်သည်။ အိုလံပစ်နှင့် ပါရာလမ်းပစ်ကဲ့သို့ပင် အာရှအားကစားပြိုင်ပွဲအပြီးတွင် ထိုပွဲ၏ အိမ်ရှင်မြို့ကပင် ဆက်လက် ကျင်းပသည်။ဤပွဲတော်သည် မသန်စွမ်းအားကစားပြိုင်ပွဲ (ပါရာလမ်းပစ်)ပြီးလျှင် ဒုတိယမြောက် အကြီးကျယ်ဆုံးပွဲတော်ဖြစ်သည်။ လက်ရှိအချိန်အထိ နိုင်ငံ (၃)နိုင်ငံမှ လက်ခံကျင်းပခဲ့ပြီး နိုင်ငံပေါင်း (၄၄)နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ယခင်က အရှေ့ဖျားနှင့် တောင်ပစိဖိတ် မသန်စွမ်းအားကစားပြိုင်ပွဲ (FESPIC)အဖြစ် ကျင်းပခဲ့ပြီး အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံများ ယှဉ်ပြိုင်ခဲ့ကြသည်။၁၉၇၅ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး ၂၀၀၆ခုနှစ်တွင် မလေးရှားနိုင်ငံ၌ နောက်ဆုံးကျင်းပခဲ့သည်။

FESPICကို ကြီးကြပ်ကျင်းပသည့် FESPIC အားကစားအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီး အာရှမသန်စွမ်းသူများအားကစားကောင်စီနှင့် ပေါင်းစည်းခဲ့သည်။FESPICအားကစားပွဲကိုလည်း ဖျက်သိမ်းခဲ့သည်။ နောက်ဆုံးပွဲတော်ဖြစ်သော ၂၀၀၆ ကွာလာလမ်ပူပွဲတော်ပိတ်ပွဲတွင် အာရှမသန်စွမ်းသူများအားကစားကောင်စီကို အာရှမသန်စွမ်းသူများအားကစားကော်မတီအဖြစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

အာရှနိုင်ငံများပါဝင်သည့် ပထမဆုံး မသန်စွမ်းအားကစားပွဲကို ၂၀၁၀ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ စတင်ကျင်းပခဲ့သည်။

ပွဲတော်များ

[ပြင်ဆင်ရန်]
အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပရာ မြို့များ
ပွဲ နှစ် အိမ်ရှင်မြို့ အိမ်ရှင်နိုင်ငံ ဖွင့်လှစ်ပေးသူ စတင်ရက် ပြီးဆုံးရက် ပါဝင်သည့်နိုင်ငံပေါင်း ပါဝင်ယှဉ်ပြိုင်သူပေါင်း အားကစားနည်းပေါင်း ပွဲစဉ်ပေါင်း နိုင်ငံအလိုက် အဆင့် (၁) ရရှိသူ Ref.
I ၂၀၁၀ ကွမ်ကျိုးမြို့  တရုတ် ဒုတိယဝန်ကြီးချုပ် လီခကျန်း ၁၂ ဒီဇင်ဘာ ၁၉ ဒီဇင်ဘာ ၄၁ ၂၄၀၅ ၁၉ ၃၄၁  တရုတ် []
II ၂၀၁၄ အင်ချွန်းမြို့  တောင်ကိုရီးယား ဝန်ကြီးချုပ် Chung Hong-won ၁၈ အောက်တိုဘာ ၂၄ အောက်တိုဘာ ၄၁ ၂၄၉၇ ၂၃ ၄၄၃  တရုတ် []
III ၂၀၁၈ ဂျာကာတာမြို့  အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို ၆ အောက်တိုဘာ ၁၃ အောက်တိုဘာ ၄၃ ၂၇၅၇ ၁၈ ၅၀၆  တရုတ် []
IV ၂၀၂၂ ဟန်ကျိုးမြို့  တရုတ် ၉ အောက်တိုဘာ ၁၅ အောက်တိုဘာ ၂၂[]
V ၂၀၂၆ နာဂိုယာမြို့  ဂျပန် ကျင်းပရန်ရှိသည့်ပွဲများ
VI ၂၀၃၀ ဒိုဟာမြို့  ကာတာ ကျင်းပရန်ရှိသည့်ပွဲများ
VII ၂၀၃၄ ရီဟာ့ဒ်မြို့  ဆော်ဒီအာရေးဘီးယား ကျင်းပရန်ရှိသည့်ပွဲများ

အားကစားနည်းများ

[ပြင်ဆင်ရန်]

၂၀၁၀ပွဲတော်မှစ၍ ယခုအချိန်အထိ မငန်စွမ်းသူများအတွက် အားကစားနည်းများအပါအဝင် အားကစားနည်းပေါင်း ၂၄မျိုးကို ကျင်းပနိုင်ခဲ့သည်။

အားကစားနည်း ခုနှစ်
မြားပစ် ၂၀၁၀မှစ၍
ပြေးခုန်ပစ် ၂၀၁၀မှစ၍
ကြက်တောင် ၂၀၁၀မှစ၍
Boccia ၂၀၁၀မှစ၍
ဘိုလင်း ၂၀၁၀မှစ၍
ကနူးလှေ ၂၀၂၂မှစ၍ ကျင်းပမည်
စစ်တုရင် ၂၀၁၈မှစ၍
စက်ဘီးစီး ၂၀၁၀မှစ၍
ဘောလုံး (၅ယောက်) ၂၀၁၀၊ ၂၀၁၄၊ ၂၀၂၂
ဘောလုံး (၇ယောက်) ၂၀၁၀၊ ၂၀၁၄
Go ၂၀၂၂မှစ၍ ကျင်းပမည်
Goalball ၂၀၁၀မှစ၍
ဂျူဒို ၂၀၁၀မှစ၍
Lawn Bowls ၂၀၁၄မှစ၍
အားကစားနည်း ခုနှစ်
Powerlifting ၂၀၁၀မှစ၍
လှေလှော် ၂၀၁၀၊ ၂၀၁၄၊ ၂၀၂၂
ရွက်လှေ ၂၀၁၄
သေနတ်ပစ် ၂၀၁၀မှစ၍
ရေကူး ၂၀၁၀မှစ၍
စားပွဲတင်တင်းနစ် ၂၀၁၀မှစ၍
ထိုင်လျက်ဘော်လီဘော ၂၀၁၀မှစ၍
ဘီးတပ်ကုလားထိုင် ဘက်စကတ်ဘော ၂၀၁၀မှစ၍
Wheelchair Dance Sport ၂၀၁၄
ဘီးတပ်ကုလားထိုင် ဓားသိုင်း ၂၀၁၀မှစ၍
ဘီးတပ်ကုလားထိုင် ရက်ဘီ ၂၀၁၄
ဘီးတပ်ကုလားထိုင် တင်းနစ် ၂၀၁၀မှစ၍

ဆုတံဆိပ်ဇယား

[ပြင်ဆင်ရန်]

အဖွဲ့ဝင် ၄၄နိုင်ငံတွင် ၃၇နိုင်ငံမှ အနည်းဆုံး ဆုတံဆိပ် တစ်ခုရယူနိုင်ခဲ့သည်။၇နိုင်ငံမှာမူ ဆုတံဆိပ် ဆွတ်ခူးထားခြင်းမရှိ​ပေ။​ရွှေတံဆိပ် အနည်းဆုံးတစ်ခု ရယူထား​သောနိုင်ငံ ၃၁နိုင်ငံရှိသည်။၂၀၁၈ ဂျာကာတာပွဲတော်အထိ ဆုတံဆိပ်ပေါင်း ၃၉၁၀ကို ချီးမြှင့်နိုင်ခဲ့သည်။

အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ဇယား
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
 တရုတ်၅၃၁၃၀၁၁၉၅၁၀၂၇
 တောင်ကိုရီးယား၁၅၂၁၅၀၁၅၇၄၅၉
 ဂျပန်၁၁၅၁၅၃၁၇၁၄၄၄
 အီရန်၁၁၅၁၁၈၁၀၃၃၃၆
 ထိုင်း၆၄၁၀၆၁၃၆၃၀၆
 ဥဇဘက်ကစ္စတန်၅၆၃၁၂၅၁၁၂
 အင်ဒိုနီးရှား၄၇၆၃၇၄၁၈၄
 မလေးရှား၄၁၅၉၇၅၁၇၅
 ဟောင်ကောင်၂၆၄၀၅၄၁၂၀
၁၀ ဗီယက်နမ်၂၀၁၈၄၇၈၅
၁၁ အိန္ဒိယ၁၉၄၂၅၈၁၁၉
၁၂ အီရတ်၁၈၁၇၃၆၇၁
၁၃ တရုတ် တိုင်ပေ၁၄၂၆၄၉၈၉
၁၄ ကာဇက်စတန်၁၂၂၃၂၉၆၄
၁၅ အာရပ်စော်ဘွားများပြည်ထောင်စု၁၀၂၄၁၃၄၇
၁၆ ဖိလစ်ပိုင်၁၀၁၇၁၉၄၆
၁၇ သီရိလင်္ကာ၁၃၁၈၃၈
၁၈ ဆော်ဒီအာရေးဘီးယား၁၈
၁၉ ဂျော်ဒန်၁၇
၂၀ စင်ကာပူ၁၃၂၀
၂၁ ပါကစ္စတန်
၂၂ မွန်ဂိုးလီးယား၁၄၂၁
၂၃ ကာတာ
၂၄ အိုမန်၁၀
၂၅ အရှေ့တီမော
၂၆ ကူဝိတ်၁၇
၂၇ ဆီးရီးယား၁၇
၂၈ မြန်မာ၁၄
၂၉ ဘာရိန်း
၃၀ ပါလက်စတိုင်း
၃၁ လာအို
၃၂ လက်ဘနွန်
၃၃ ဘရူနိုင်း
 တာ့ခ်မင်နစ္စတန်
၃၅ မကာအို
၃၆​တစ်ခုတည်း​သော ကိုရီးယား
၃၇ မြောက်ကိုရီးယား
Total (37 NPCs)၁၂၉၁၁၂၇၀၁၃၄၉၃၉၁၀

ကိုးကား

[ပြင်ဆင်ရန်]
  1. 1st APG Guangzhou 2010 APC။ 4 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2021 တွင် ပြန်စစ်ပြီး။
  2. 2nd APG Incheon 2014 APC။ 15 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2021 တွင် ပြန်စစ်ပြီး။
  3. 3rd APG Jakarta 2018 APC။ 2 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. Para-taekwondo and Para-canoe to make Asian Para Games debut in Hangzhou Inside the Games။