ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့
ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ Karen National Defence Organisation | |
---|---|
ကညီဒီကလုာ်ဂၢၤသးကရၢ | |
![]() | |
စတင်လှုပ်ရှားခြင်း | ဇူလိုင် ၁၆၊ ၁၉၄၇ | –လက်ရှိ
လှုပ်ရှားနယ်မြေ | ကယားပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီး မွန်ပြည်နယ် ပဲခူးတိုင်းဒေသကြီး |
နိုင်ငံရေးအယူဝါဒ | ကရင်အမျိုးသားရေး ဖက်ဒရယ်ပြည်ထောင်စုစနစ်[၁] |
အရွယ်အစား | ၂,၀၀၀+ |
Part of | ![]() |
မဟာမိတ် | ![]() ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (၂၀၁၀ အထိ)[၂] |
ပြိုင်ဘက်များ | ![]()
![]() |
စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (အင်္ဂလိပ်: Karen National Defence Organisation အတိုကောက် KNDO ) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး ကျန်တစ်ခုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဖြစ်သည်။ KNDO သည် KNU ၏ လက်နက်ကိုင်အဖွဲ့အဖြစ် ၁၉၄၇ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ KNLA ကို KNU ၏ တရားဝင် လက်နက်ကိုင်အဖွဲ့အဖြစ် မသတ်မှတ်မီအချိန်အထိ ဂျပန်အစိုးရ နှင့်မြန်မာအစိုးရ ကိုဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ [၃]
KNDO သည် ၂၀၁၁ ခုနှစ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုမှ စတင်ကာ အစိုးရမှ လှုံ့ဆော်ပေးသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လိုက်နာခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းနှင့် ပတ်သက်သော ကြေညာချက်တစ်ခုကို KNDO မှ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ [၄]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၅ ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပခဲ့သော ၇၈ နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေရှိ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ပြန်လည်ရရှိရေး စစ်ဆင်ရေး၌ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော် ၅၇ ဦးအား ဂုဏ်ပြုလွှာများ ချီးမြှင့်ခဲ့သည်။ ဖားအံခရိုင်ရှိ KNDO ဗဟိုဌာနချုပ်၌ ကျင်းပသော အဆိုပါအခမ်းအနားတွင် မာနယ်ပလောဒေသ တိုက်ပွဲဝင်ခဲ့ကြသော KNDO တပ်ဖွဲ့ဝင် ၄၁ ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင် ၁၀ ဦး နှင့် Federal Wings ဒရုန်းတပ်ဖွဲ့ဝင် ၆ ဦး စုစုပေါင်း ရဲဘော် ၅၇ ဦးတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခြင်းအပြင် KNDO တပ်ဖွဲ့ဝင် ၈ ဦးကိုလည်း ရာထူးတိုးမြှင့်ပေးခဲ့သည်။[၅]
တပ်ရင်း
[ပြင်ဆင်ရန်]- ↑ Karen National Union (KNU), Karen National Defense Organization (KNDO), Democratic Karen Burmese Army (DKBA)။ 9 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Karen Armed Forces Statement on Reunification (ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ပေါင်းစည်းခြင်း သဘောတူညီချက်)။ 27 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2022 တွင် ပြန်စစ်ပြီး။
- ↑ Burma's War and ethnic cleansing of the Karen people။ 8 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2022 တွင် ပြန်စစ်ပြီး။
- ↑ Karen National Defense Organization Statement on Nationwide Ceasefire Agreement။ 20 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2022 တွင် ပြန်စစ်ပြီး။
- ↑ မာနယ်ပလော စစ်ဆင်ရေးအတွင်း ပါဝင်သည့် ရဲဘော် ၅၇ ဦးအား KNDO ဂုဏ်ပြုလွှာချီးမြှင့်။ Karen Information Center။ 2025-7-12 တွင် ပြန်စစ်ပြီး။