ကူကီးအမျိုးသားတပ်မတော်
ကူကီးအမျိုးသားတပ်မတော် | |
---|---|
![]() ကူကီးအမျိုးသားတပ်မတော်၏ အလံ | |
ခေါင်းဆောင်များ | Pu Letlam Pu Chuchung Pi Ngangai |
စတင်လှုပ်ရှားခြင်း | ၂၄ ဖေဖော်ဝါရီ ၁၉၈၈ | – ၂၆ ဇူလိုင် ၂၀၁၉
ဌာနချုပ် | ရွေ့လျားဌာနချုပ် |
လှုပ်ရှားနယ်မြေ | အိန္ဒိယအရှေ့မြောက်ပိုင်း |
နိုင်ငံရေးအယူဝါဒ | ကူကီး အမျိုးသားရေး ခွဲထွက်ရေး |
Part of | ကူကီးအမျိုးသားအစည်းအရုံး |
မဟာမိတ် | ![]() |
ပြိုင်ဘက်များ | ![]()
![]() |
စစ်ပွဲနှင့် တိုက်ပွဲများ |
|
ဝဘ်ဆိုဒ် | issuu.com/knoknaburma |
ကူကီးအမျိုးသားတပ်မတော် (အင်္ဂလိပ်: Kuki National Army; အတိုကောက် KNA) သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လှုပ်ရှားနေသော ကူကီးလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကူကီးအမျိုးသားအစည်းအရုံး၏ လက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်သည်။[၂][၁][၃]၂၀၁၉ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ကူကီးအမျိုးသားအစည်းအရုံးသည် ကြေညာချက်တစောင် ထုတ်ပြန်ပြီး KNO/KNA(Burma)အဖွဲ့အစည်းအား တရားဝင်ဖျက်သိမ်းသည်။[၄]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကူကီးအမျိုးသားပြည်နယ် ထူထောင်ရန်အတွက် အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ကူကီးလူမျိုးများက ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် စတင် တည်ထောင်ခဲ့သည်။ ယင်းအချိန်မှ ၂၀၁၃ ခုနှစ်အထိ တပ်မတော်နှင့် တိုက်ပွဲပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့သည်။[၂]၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီးတွင် အခြားသော ကူကီးအဖွဲ့အစည်းများက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ အဖွဲ့အစည်းအား သီးခြားစီထားရှိရန် ဆွေးနွေးခဲ့ကြပြီးနောက် ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော် (မြန်မာနိုင်ငံ) KNO/KNA (Burma) ဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။[၂] ၂၀၁၈ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ်ဖြင့် ကူကီးအမျိုးသားအ စည်းအရုံး၏ အဓိကရည်မှန်းချက်မှာ ကူကီးတစ်မျိုးသားလုံး၏အကျိုးစီးပွားနှင့် ဘဝလုံခြုံမှုကို အာမခံချက်ပေးနိုင်ရန်အတွက် ကူကီးအမျိုး သားပြည်နယ်ထူထောင်ရေးဖြစ်သည်ဟု တရားဝင်အသိပေးကြေညာသည်။၂၀၁၉ ခုနှစ် မေ ၂၇ ရက်တွင် KNO/KNA(Burma)၏ ဗဟိုကော်မတီအတွင်း ဖြစ်ပေါ်နေသော သဘောထားတင်းမာမှုများအား ဖြေရှင်းနိုင်ရန်အတွက် အထွေထွေညီလာခံကို ခေါ်ယူကျင်းပမည့် ကြေညာချက်အားထုတ်ပြန်သည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ကူကီးအမျိုးသားအစည်းအရုံးက အဖွဲ့အစည်းအား တရားဝင်ဖျက်သိမ်းသည်။
ခေါင်းဆောင်များ
[ပြင်ဆင်ရန်]- ဥက္ကဋ္ဌ - Pu Letlam
- ဒုဥက္ကဋ္ဌ - Pu Chuchung
- အထွေထွေ အတွင်းရေးမှူး - Pi Ngangai
- တွဲဖက်အတွင်းရေးမှူး - Pu Khupmang
- စစ်ဦးစီးချုပ် - Pu Paulneo
- သတင်းနှင့် ပြန်ကြားရေးဌာန - Pu Seigin
- ပြည်ထဲရေးဌာန - Pu Michael Sasat
- ထောက်လှမ်းရေးဌာန - Pu Letkholun
- မဟာမိတ်နှင့် နိုင်ငံခြားဆက်ဆံရေးဌာန - Pu Boipu
- လူ့အခွင့်အရေး လေ့လာသုံးသပ်မှုဆိုင်ရာ ဌာန - Pi Lalam
လှုပ်ရှားသည့် ဧရိယာ
[ပြင်ဆင်ရန်]ကူကီးအမျိုးသားတပ်မတော်သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် နှစ်ဖွဲ့ခွဲကာ လှုပ်ရှားသည်။[၂]
- အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း
ခွဲထွက်အဖွဲ့အစည်း
[ပြင်ဆင်ရန်]ဖျက်သိမ်းလိုက်ပြီးသော KNO/KNA(Burma)၏ မပြီးဆုံးသေးသော တော်လှန်ရေးလုပ်ငန်းတာဝန်အရပ်ရပ်အား လက်ဆင့်ကမ်းရန်အတွက်ဟုဆိုပြီး ယခင်တပ်ဖွဲ့ဝင်များဖြင့် ၂၀၂၁ စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်တွင် ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC)/ကူကီးပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UKSA) အသစ်ကို ထူထောင်ကြသည်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် UKSC/UKSA သည် အဖွဲ့အစည်း၏ ခေါင်းဆောင်နှင့် ဗဟိုကော်မတီဝင်များကို ထုတ်ပြန်ကြေညာထားခြင်း မရှိခဲ့ပေ။ [၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Kuki National Army, Manipur။ 23 February 2017 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedMMPM
- ↑ Kuki National Army (KNA) | Terrorist Groups | TRAC (in en)။ 23 February 2017 တွင် ပြန်စစ်ပြီး။
- ↑ KNO/KNA(Burma)။ ISP Peace Desk။ ၂၀ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကူကီးပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် သွေးစည်းညီညွတ်ရေး ကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာ။ the 74 Media (၂၅ မတ် ၂၀၂၁)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။