ကျိုတိုအန်နီမေးရှင်းမီးရှို့တိုက်ခိုက်ခံရမှု
ကျိုတိုအန်နီမေးရှင်းမီးရှို့တိုက်ခိုက်ခံရမှု | |
---|---|
![]() Kyoto Animation's Studio 1 in May 2015 | |
ဒေသခေါ် အမည် | 京都アニメーション放火事件 |
နေရာ | Fushimi, Kyoto, Japan |
ကိုဩဒိနိတ် | 34°55′59.0″N 135°47′34.6″E / 34.933056°N 135.792944°Eကိုဩဒိနိတ်: 34°55′59.0″N 135°47′34.6″E / 34.933056°N 135.792944°E |
ရက်စွဲ | ၁၈ ဇူလိုင် ၂၀၁၉ 10:35 a.m. JST, UTC+09:00[၁] |
ပစ်မှတ် | Kyoto Animation Studio 1 |
တိုက်ခိုက်မှု အမျိုးအစား | Arson, mass murder |
လက်နက်များ | Gasoline (40 L),[၁] lighter, five knives, hammer[၂] |
သေဆုံးသူဦးရေ | 33 (5 due to burns, 28 due to сarbon monoxide poisoning[၃]) |
ဒဏ်ရာရဦးရေ | 36 (including the suspect) |
သံသယရှိ တရားခံ | Shinji Aoba (青葉真司)[၄] |
ပတ်သက် | Possible revenge attack[၅] |
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ဖုရှိမိရပ်ကွက်၌ ကျိုတိုအန်နီမေးရှင်းစတူဒီယိုအဆောက်အဦး (၁) တွင် မီးရှို့တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ နံနက် ၁၀ နာရီခွဲခန့်တွင် အသက် ၄၁ နှစ်အရွယ်ရှိ အတည်မပြုနိုင်သေးသည့် အမျိုးသားတစ်ဦးသည် ဓာတ်ဆီများကို ရုံးအတွင်းနှင့် အလုပ်သမားများပေါ်သို့ လောင်းချကာ “သေစမ်း” ဟု (死ぬ) ဟု ပါးစပ်မှ အော်ဟစ်ပြီး အဆောက်အဦးကို မီးရှို့ခဲ့သည်။ ထိုအမျိုးသားသည် ထွက်ပြေးခဲ့သည်။ သို့သော် အလုပ်သမားတစ်ဦးသည် လမ်းပေါ်တွင် မိခဲ့ပြီး ရဲများသည် ထိုအမျိုးသားအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့ပြီး အခြား ၃၆ ဦးမှာလည်း ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ခဲ့ပြီး ဆေးရုံတင်ခဲ့ရသည်။ ဤဖြစ်ရပ်သည် ဂျပန်နိုင်ငံ၏ သမိုင်းတွင် ဒုတိယကမ္ဘာစစ်ပြီးဆုံးကတည်းက ရှိခဲ့သည့် သတ်ဖြတ်မှုများတွင် သေဆုံးမှုအများဆုံးဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ၂၀၀၁ ခုနှစ် မျောဂျော ၅၆ အဆောက်အဦး (Myojo 56 Building) မီးလောင်မှုပြီးသည့်နောက် နိုင်ငံရှိမီးလောင်မှုများတွင် သေဆုံးမှုအများဆုံး မီးလောင်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]ကျိုတိုအန်နီမေးရှင်းသည် မီးရှို့တိုက်ခိုက်ခံရသည့် အချိန်တွင် ဂျပန်နိုင်ငံ၏ အောင်မြင်မှုရရှိနေသည့် အန်နီမေးရှင်းစတူဒီယိုတစ်ခု ဖြစ်သည်။ K-On! နှင့် Violet Evergarden စသည်တို့ဖြင့် လူသိများသည့် စတူဒီယိုတစ်ခု ဖြစ်သည်။[၆] ၎င်းသည် အခြားသော နေရာများတွင်လည်း စတူဒီယိုများ တည်ရှိသည်။ ကျိုတိုတွင် စတူဒီယို ၁၊ ဖုရှိမိတွင် စတူဒီယို ၂ (ရုံးချုပ်) နှင့် စတူဒီယို ၅၊ ပစ္စည်းထုတ်လုပ်ဖြန့်ဝေသည့် နေရာသည် အုဂျိတွင် တည်ရှိသည်။ အုဂျိသည် စတူဒီယို ၁ မှ ဝေးကွာသည့် နေရာတွင် တည်ရှိသည့် ရထားဘူတာတစ်ခု ဖြစ်သည်။ စတူဒီယို ၁ သည် ကုမ္ပဏီဝန်ထမ်းများ၏ အဓိကနေရာအဖြစ် အသုံးပြုလျက် ရှိပြီး မကြာသေးမီ ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့သည်။[၇][၈][၉]
ဤဖြစ်ရပ် မဖြစ်ပွားမီ ရက်သတ္တပတ်အနည်းငယ်က ကျိုတိုအန်နီမေးရှင်းသည် ခြိမ်းခြောက်သည့် စာပေးပို့ခြင်း ခံခဲ့ရသည်။ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဟိဒဲအခိဟက်တ ထိုစာသည် ဤမီးရှို့ခံရသည့်ဖြစ်ရပ်နှင့် စပ်ဆက်မှု ရှိမရှိ မသိရှိရကြောင်း ပြောဆိုခဲ့သည်။ ထိုမက်ဆေ့သည်လည်း အမည်နာမ မသိရှိရသူမှ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ စတူဒီယို၏ တံခါးများသည် လုံခြုံရေးအရ ပိတ်ထားလေ့ရှိသည်။ သို့သော် ထိုနေ့နံနက်တွင် ဧည့်သည်လာမည်ဟု မျှော်လင့်ကာ ဖွင့်ထားခဲ့သည်။[၁၀]
ဖြစ်ပွားမှု
[ပြင်ဆင်ရန်]မီးသည် ပေါက်ကွဲမှုနှင့်အတူ စတင်ခဲ့ပြီး[၁၁] ဒေသစံတော်ချိန် ၁၀နာရီခွဲ ပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည်။[၁][၁၂] ကျူးလွန်သူသည် စတူဒီယို ၁ သို့ လမ်းလျှောက်လာခဲ့ပြီး အဆောက်အဦးကို လီတာ ၄၀ ရှိ ဓာတ်ဆီများဖြင့် မီးရှို့ခဲ့သည်။[၁၃][၁၄] အဆောက်အဦးအနီးတွင် ဓာတ်ဆီများကို လီတာ ၂၀ ဆံ့သည့် ပုံးများကို လက်တွန်းလှည်းဖြင့် သယ်ဆောင်လာခဲ့သည်။ ကျူးလွန်သူသည် “သေစမ်း” ဟု အော်ပြောကာ တိုက်ခိုက်ခဲ့ပြီး အချို့သော သူများ၏ ကိုယ်ပေါ်သို့လည်း ဓာတ်ဆီများကို လောင်းချကာ ထွက်ပြေးခဲ့သည်။ ထိုအလောင်းချခံရသူများသည် မီးတောက်များနှင့်အတူ လမ်းပေါ်သို့ ထွက်ပြေးမှုများ ဖြစ်ပွားခဲ့သည်။[၁၃][၁၅]
ဝင်ပေါက်တွင် မီးတောက်သည် ကြီးထွားလာခဲ့ပြီး လူများသည် အဆောက်အဦးအတွင်းတွင် ပိတ်မိနေခဲ့သည်။ လူ ၁၉ ဦး၏ သေဆုံးနေသည့် အလောင်းများကို တတိယထပ် အမိုးသို့သွားသည့် လှေကားတွင် တွေ့ရှိခဲ့ရသည်။[၂] ကျူးလွန်သူသည် ထွက်ပြေးသွားခဲ့သည်။ သို့သော် ကျိုတိုအန်နီမေးရှင်းဝန်ထမ်းတစ်ဦးသည် ထိုသူကို ဖမ်းဆီးနိုင်ခဲ့ပြီး ထိုနေရာတွင်ပင် ရဲများက ထိန်းသိမ်းဖမ်းဆီးခဲ့သည်။ ထိုနေရာတွင်ပင် လဲလျက်ရှိသည့် ထိုကျူးလွန်သူတွင် အသုံးမပြုရသေးသည့် များစွာသောဓားများကိုလည်း တွေ့ရှိခဲ့သည်။[၁၆][၁၇]
ဒုက္ခရောက်မှု
[ပြင်ဆင်ရန်]အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့သည်။ ထို ၃၃ ဦးတွင် ၅ ဦးသည် မီးလောင်ကာ သေဆုံးခဲ့ပြီး ကျန်သည့် ၂၈ ဦးသည် ကာဗွန်မိုနောကဆိုက်အဆိပ်သင့်ကာ သေဆု့းခဲ့ခြင်း ဖြစ်သည်။ ၃၆ ဦးသည် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုထဲမှ ၁၀ ဦးသည် ပြင်းထန်ကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိသသည်။ ထိုမီးလောင်မှု ဖြစ်ပွားချိန်၌ ထိုအဆောက်အဦးတွင် လူအနည်းဆုံး ၇၆ ဦး ရှိနေသည်။[၁၈][၃][၁၉][၂၀][၂၁][၂၂]
ကျူးလွန်သူ
[ပြင်ဆင်ရန်]အသက် ၄၁ အရွယ်ရှိ ခန်တိုးဒေသမှ အမျိုးသားကို ကျူးလွန်သူအဖြစ် သတ်မှတ်ခဲ့သည်။[၂၃][၂၄]
ထိုသူကို ရဲများက ဖမ်းဆီးပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ကျူးလွန်သူ၏ ခြေထောက်၊ ဝမ်းဗိုက်နှင့် မျက်နှာတို့တွင် မီးလောင်မှုများ ရှိခဲ့သည်။[၇][၂၅] အာဏာပိုင်များသည် ထိုကျိုးလွန်သူကို လက်ရှိအချိန်တွင် ထိခိုက်ဒဏ်ရာရမှုများကြောင့် ဆေးရုံတွင် ကုသမှုခံယူနေသည့်အတွက် စစ်ဆေးမေးမြန်းမှုများ မပြုလုပ်သေးပေ။ ကျူးလွန်သူ နိုးလာသည့်အခါ စစ်ဆေးသည့် လုပ်ငန်းများကို လုပ်ဆောင်မည် ဖြစ်သည်။
ကျူးလွန်သူသည် ဤမီးရှို့မှုမတိုင်မီက ပြစ်မှုတစ်ခု ကျူးလွန်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထိုသူသည် ၂၀၁၂ ခုနှစ်က အိဘရခိတွင် ဓားတစ်လက်ဖြင့် ၂၄ နာရီဝယ်ယူနိုင်သည့် ကုန်မျိုးစုံဆိုင်ကို ဓားပြတိုက်ခဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။
တုံ့ပြန်မှုများ
[ပြင်ဆင်ရန်]ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်Trudeau ၊ ထိုင်ဝမ်သမ္မတ Tsai Ing-wen၊ အက်ပဲ၏ စီအီးအို တင်ကွတ်နှင့် တရုတ်၊ ပြင်သစ်၊ ဖိလစ်ပိုင် သံရုံးတို့က ဝမ်းနည်းကြောင်း စကားများ ပြောကြားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 You must specify title = and url = when using {{cite web}}.။ FDMA (2019-07-18)။ 2019-07-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-18 တွင် ပြန်စစ်ပြီး။
- 1 2 You must specify title = and url = when using {{cite web}}.။ Asahi Shimbun (2019-07-18)။ 18 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-18 တွင် ပြန်စစ်ပြီး။
- 1 2 မော်ကွန်းတင်ပြီးမိတ္တူ (in ja)။ Kyoto Shimbun (2019-07-19)။ 19 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-19 တွင် ပြန်စစ်ပြီး။
- ↑ "放火事件 男の名前公表 「逮捕していないが重大性考慮」 警察"၊ 2019-07-19။ 2019-07-19 တွင် ပြန်စစ်ပြီး။ Archived from the original on 19 July 2019။
- ↑ Bull၊ Brett (2019-07-19)။ Revenge Motive May Have Sparked Kyoto Animation Arson Attack (in en)။ 2019-07-19 တွင် ပြန်စစ်ပြီး။
- ↑ "'Die!': Alleged arsonist turned a celebrated Japanese anime studio into a death trap"၊ Washington Post၊ 2019-07-18။
- 1 2 Template error: argument title is required.
- ↑ KViN (2017-03-10)။ Anime Craft Weekly #33: Kyoto Animation Studio Tour။ 2019-05-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-18 တွင် ပြန်စစ်ပြီး။
- ↑ kViN (25 August 2018)။ The Evolution of Kyoto Animation: A Unique Anime Studio and its Consistent Vision။ 2018-12-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-19 တွင် ပြန်စစ်ပြီး။
- ↑ "Death threats had been sent" says company president at animation company arson (in ja)။ NHK News (2019-07-18)။ 2019-07-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-18 တွင် ပြန်စစ်ပြီး။
- ↑ "မော်ကွန်းတင်ပြီးမိတ္တူ" (in ja)၊ Jiji Press၊ 2019-07-18။ 20 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 18 July 2019။
- ↑ "Kyoto Animation fire: Arson attack at Japan anime studio kills 33"၊ BBC News၊ 2019-07-18။
- 1 2 "Kyoto Animation Studio Arson Kills 33, Shocking Japan"၊ The New York Times၊ 2019-07-17။
- ↑ Giordano၊ Chiara။ "Kyoto Animation fire: At least 33 dead in arson attack by man yelling 'you die'"၊ The Independent၊ 2019-07-18။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ (in ja)။ Kyoto Shimbun (2019-07-18)။ 18 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2019 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ (in ja) (18 July 2019)။ 18 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2019 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ NHK (2019-07-18)။ 2019-07-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-18 တွင် ပြန်စစ်ပြီး။
- ↑ Template error: argument title is required.
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedasahi_20190719_count
- ↑ Template error: argument title is required.
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ Asahi Shimbun (2019-07-19)။ 2019-07-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-19 တွင် ပြန်စစ်ပြီး။
- ↑ "At least 33 dead in suspected arson attack on Japanese animation studio"၊ Sky News၊ 2019-07-18။
- ↑ Betz၊ Bradford။ "33 killed in fire at Japanese anime studio after man screaming 'you die!' set building alight"၊ Fox News၊ 2019-07-18။
- ↑ "မော်ကွန်းတင်ပြီးမိတ္တူ" (in ja)၊ Chunichi Shimbun၊ 2019-07-18။ 20 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 18 July 2019။
- ↑ "Fire Department Confirms 33 Dead In Arson Attack" (in ja)၊ NHK News၊ 2019-07-18။
- You must specify title = and url = when using {{cite web}}. (in ja)။ Asahi Shimbun (2019-07-18)။ 2019-07-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-18 တွင် ပြန်စစ်ပြီး။
- "Suspected arsonist believed his novel was stolen by Kyoto Animation studio: Reports"၊ CNA (news channel)၊ 2019-07-19။ 20 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 19 July 2019။
- "Japan mourns after the worst mass killing in two decades claims 33 lives in arson attack"၊ CNBC၊ 2019-07-19။
- "Kyoto animation arson suspect told police his work had been plagiarized"၊ CNN။
- Price၊ Joe (18 July 2019)။ 33 Confirmed Dead in Suspected Arson Attack on Japanese Anime Studio Kyoto Animation။ Complex။ 2019-07-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 July 2019 တွင် ပြန်စစ်ပြီး။
- မော်ကွန်းတင်ပြီးမိတ္တူ (in ja)။ Nikkan Sports (2019-07-18)။ 18 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2019 တွင် ပြန်စစ်ပြီး။
- Condolence Message for Kyoto Fire Victims (2019-07-19)။ 19 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-19 တွင် ပြန်စစ်ပြီး။ “The Philippine Embassy is most saddened to learn of the fatalities and injuries wrought by the fire at the Kyoto Animation studio. This most sorrowful incident at a studio that produces works of art that serve to reach out to many people around the world touches the heart of Filipinos, many of whom are a deep love for Japanese animation. We express our deepest sympathy and condolences to the families and friends of the victims.”
- Dassanayake၊ Dion (2019-07-18)။ Kyoto Animation fire: Fundraiser started after deadly anime studio 'arson attack'။ Daily Express။ 2019-07-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-18 တွင် ပြန်စစ်ပြီး။
- Kyoto Animation studio fire: at least 25 dead after arson attack in Japan (in en)။ The Guardian (2019-07-18)။ 2019-07-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-18 တွင် ပြန်စစ်ပြီး။
- "Kyoto Animation fire: police search for clues as donations pass $1m mark"၊ The Guardian၊ 2019-07-19။
- "Anime fans shocked by arson attack at famous Kyoto studio"၊ Kyodo News၊ 2019-07-18။
- "Suspected arsonist in deadly Kyoto anime studio fire says firm stole his novel"၊ Mainichi Shimbun၊ 2019-07-19။
- 'You die!': Arson suspect's chilling scream (2019-07-19)။ 18 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-19 တွင် ပြန်စစ်ပြီး။
- "Fire Department Confirms 33 Dead In Arson Attack" (in ja)၊ NHK News၊ 2019-07-18။
- Template error: argument title is required.
- "Japan Fire Killed Mostly Women, at a Studio Known for Hiring Them"၊ New York Times၊ 2019-07-19။
- "မော်ကွန်းတင်ပြီးမိတ္တူ" (in ja)၊ Sponichi Annex၊ 2019-07-19။ 20 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 19 July 2019။
- Spiral stairs, no sprinklers may have contributed to deadly Japan animation studio fire (in en)။ The Straits Times (2019-07-19)။ 2019-07-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-19 တွင် ပြန်စစ်ပြီး။
- You must specify title = and url = when using {{cite web}}. (in ja) (2019-07-19)။ 2019-07-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-19 တွင် ပြန်စစ်ပြီး။
- Tokyo Reporter Staff (2019-07-18)။ More than 20 feared dead in suspected arson attack at Kyoto Animation။ Tokyo Reporter။ 2019-07-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-18 တွင် ပြန်စစ်ပြီး။
- You must specify title = and url = when using {{cite web}}.Embassy of the People's Republic of China in Japan [ChnEmbassy_jp] (2019-07-18)။ (in ja)။ 2019-07-18 တွင် ပြန်စစ်ပြီး။
- ambafrancejp (2019-07-18)။ Le Mot de l'Ambassadeur : Message de condoléances à la suite de l’incendie des studios de Kyoto Animation. (in fr)။ 2019-07-18 တွင် ပြန်စစ်ပြီး။
- You must specify title = and url = when using {{cite web}}.Shinkai, Makoto [shinkaimakoto] (2019-07-18)။ (in ja)။ 2019-07-18 တွင် ပြန်စစ်ပြီး။
- Cook, Tim [tim_cook] (2019-07-18)။ Kyoto Animation is home to some of the world’s most talented animators and dreamers — the devastating attack today is a tragedy felt far beyond Japan. KyoAni artists spread joy all over the world and across generations with their masterpieces. 心よりご冥福をお祈りいたします。 (in en)။ 2019-07-19 တွင် ပြန်စစ်ပြီး။
- Bull၊ Brett (2019-07-19)။ Revenge Motive May Have Sparked Kyoto Animation Arson Attack။ 2019-07-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-19 တွင် ပြန်စစ်ပြီး။
- Sjoberg၊ Brooke။ "Fans grieve Kyoto Animation Studio fire with #PrayforKyoAni"၊ The Daily Dot၊ 2019-07-18။
- You must specify title = and url = when using {{cite web}}.shaft_official (2019-07-19)။ (in ja)။ 2019-07-19 တွင် ပြန်စစ်ပြီး။
- Lynzee၊ Loveridge။ "Animation Studios, Fans Share Messages of Hope After Kyoto Animation Studio Arson"၊ Anime News Network၊ 2019-07-19။
- Template error: argument title is required.