မာတိကာသို့ ခုန်သွားရန်

စင်ကာပူနည်းပညာနှင့်ဒီဇိုင်းတက္ကသိုလ်

ဝီကီပီးဒီးယား မှ
စင်ကာပူနည်းပညာနှင့်ဒီဇိုင်းတက္ကသိုလ်
(Singapore University of Technology and Design)
Universiti Teknologi dan Rekabentuk Singapura  (မလေး)
新加坡科技设计大学 (တရုတ်)
சிங்கப்பூர் தொழில்நுட்பம் மற்றும் வடிவமைப்பு பல்கலைக்கழகம் (တမီးလ်)
ဆောင်ပုဒ်Trailblazing A Better World By Design
အမျိုးအစားကိုယ်တိုင်ဆုံးဖြတ်အုပ်ချုပ်နိုင်သောတက္ကသိုလ်[]
တည်ထောင်၂၄ ဇူလိုင် ၂၀၀၉; ၁၆ နှစ် အကြာက (၂၀၀၉-၀၇-24)[]
အဓိပတိစင်ကာပူနိုင်ငံ၏ သမ္မတ[]
ဥက္ကဋ္ဌဖူးကော့ကွမ်း (Phoon Kok Kwang)
လိပ်စာ(8 Somapah Rd, Singapore 487372), တမ်းပနီးစ်, စင်ကာပူနိုင်ငံ
1°20′28.7268″N 103°57′49.5252″E / 1.341313000°N 103.963757000°E / 1.341313000; 103.963757000ကိုဩဒိနိတ်: 1°20′28.7268″N 103°57′49.5252″E / 1.341313000°N 103.963757000°E / 1.341313000; 103.963757000
ပရဝုဏ်Urban
အထိမ်းအမှတ် အရောင်  White
  Black
  Maroon
ဝဘ်ဆိုဒ်sutd.edu.sg
စင်ကာပူနည်းပညာနှင့်ဒီဇိုင်းတက္ကသိုလ်၏ အဆောက်အဦး-၃

စင်ကာပူနည်းပညာနှင့်ဒီဇိုင်းတက္ကသိုလ် (အင်္ဂလိပ်: Singapore University of Technology and Design)သည် စင်ကာပူနိုင်ငံ၏ စတုတ္ထမြောက် အစိုးရထောက်ပံ့ကြေးရ (publicly-funded)[] ကိုယ်တိုင်ဆုံးဖြတ်အုပ်ချုပ်နိုင်သော (autonomous) တက္ကသိုလ်တစ်ခုဖြစ်သည်။[]၎င်းတက္ကသိုလ်ကို အတိုကောက်အားဖြင့် အက်စ်ယူတီဒီ (SUTD)ဟုလည်း ခေါ်ကြသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
ဟောင်ကောင်မင်းသား ဂျက်ကီချန်းမှ တက္ကသိုလ်သို့ လှူဒါန်းခဲ့သည့် ရှေးဟောင်း တရုတ်နွေရာသီအဆောင်တစ်ခု။

မက်ဆာချူးဆက် စက်မှုတက္ကသိုလ်၏ "အင်စတီကျုပါမောက္ခ"တစ်ယောက်ဖြစ်သည့် သောမတ်စ် မက်ဂနန်တီ (Thomas Lee Magnanti)သည် စင်ကာပူနည်းပညာနှင့်ဒီဇိုင်းတက္ကသိုလ်ကို စတင်တည်ထောင်သည့် တက္ကသိုလ်ဥက္ကဋ္ဌ (founding president) ဖြစ်သည်။[] စင်ကာပူနည်းပညာနှင့်ဒီဇိုင်းတက္ကသိုလ်၏ စတင်တည်ထောင်သည့် အုပ်ချုပ်ရေးအရာရှိချုပ် (founding provost)ဖြစ်သည့် ချုန်းတိုးချုန်း (Chong Tow Chong)မှ ၂၀၁၈-ခုနှစ်တွင် ဤကျောင်း၏ ဒုတိယမြောက် တက္ကသိုလ်ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်။[] လက်ရှိ တက္ကသိုလ်ဥက္ကဋ္ဌဖြစ်သည့် ဖူးကော့ကွမ်း (Phoon Kok Kwang)သည် ၂၀၂၄-ခုနှစ် ဩဂုတ်လ ၁-ရက်နေ့တွင် တာဝန်လွဲပြောင်းယူခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Post-secondary education။ 11 June 2015 တွင် ပြန်စစ်ပြီး။
  2. SUTD Annual Report 2020/2021။ September 25, 2023 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. SUTD Welcomes President Tharman Shanmugaratnam as Its New Chancellor။ 8 December 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 April 2025 တွင် ပြန်စစ်ပြီး။
  4. "4th university named as Singapore University of Technology and Design"၊ Channel NewsAsia။ 18 April 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 24 December 2012။ 
  5. Autonomous Universities။ 26 March 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 April 2025 တွင် ပြန်စစ်ပြီး။
  6. "4th university named as Singapore University of Technology and Design"၊ Channel NewsAsia။ 18 April 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 24 December 2012။ 
  7. SUTD Appoints Current Provost Prof Chong Tow Chong as President[လင့်ခ်သေ]
  8. "SUTD announces new president to drive greater innovation in design and technology"၊ 11 March 2024။