ဆွေးနွေးချက်:မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
အကြောင်းအရာအသစ် ထပ်ထည့်ရန်သက်တမ်း
[ပြင်ဆင်ရန်]သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီးနောက် ယခုလက်ရှိဆောင်းပါးပါသူရဲ့ (တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ) "ယာယီသမ္မတ" သက်တမ်းက "ထမ်းဆောင်ဆဲ" ဆိုတာကို နဲနဲ ဒွိဟဖြစ်နေလို့၊ ဆိုလိုတာက ကာချုပ်ကို အာဏာသုံးရပ်လွှဲပြီးတာနဲ့တပြိုင်နက် သူ့သက်တမ်းက ကုန်သွားလား (တစ်မနက်ခင်းပဲဖြစ်တဲ့ ယာယီသမ္မတလား) (သို့) ဆက်လက်ပြီး သူ့ကဏ္ဍကျန်နေသေးလား၊ သူတို့ဖက်ကသတင်းထုတ်ပြန်မှုတွေမှာ အာဏာသိမ်းခြင်း (သို့) ဆောင်းပါးတွင် ရေးထားသူကသာ အာဏာလွှဲခြင်း ပြီးတာနဲ့ ယခင်အစိုးရ/လွှတ်တော် စသဖြင့် ဘာမှမရှိတော့ဘူးလို ကြေညာကြတာတွေလဲ ကြားဖူးတော့ အာဏာလွှဲခြင်းဖြစ်မြောက်ပြီးတာနဲ့တပြိုင်နက် ယာယီသမ္မတ ဆိုတာလဲ မရှိတော့ဘူးထင်ပါတယ်။ ဒီအကြောင်း ဥပဒေ၊ သတင်း၊ ထုတ်ပြန်ချက်တွေရှိရင် (သို့) process နားလည်သူများရှိရင် ဆွေးနွေးပေးကြပါဦး။ အခြားဘက်က Incumbent ဆိုတာနဲ့ ဒီဘက်မှာ တိတိကျကျမသိရဘဲ Incumbent မဖြစ်အောင်ပါ။ Aungookingofcelestials (ဆွေးနွေး) ၀၃:၂၉၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)
- MRTV ရဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့သတင်းမှာတော့ ယာယီသမ္မတလို့ သုံးထားတာတော့ တွေ့တယ်။ ခြေဥထဲက အရေးပေါ်အခြေအနေအခန်းမှာတော့ သမ္မတနဲ့ ဒုသမ္မတနှစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေက တာဝန်မှ ရပ်စဲပြီး ဖြစ်တယ်လို့ ဖော်ပြထားတော့ ယာယီသမ္မတအနေနဲ့ ရှိနေဆဲပဲလို့ ယူဆလို့တော့ ရဦးမယ်ထင်တယ်။ Ninja✮Strikers «☎» ၀၇:၃၈၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)
- Ok bro, ပုံစံက ဟိုမရောက် ဒီမရောက်ဆိုတော့ လက်ရှိ ဒီအတိုင်းပဲထားလိုက်တာ ကောင်းပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၁:၀၄၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)
Let's find a way to add his image
[ပြင်ဆင်ရန်]is there a way we can add his photo, given his high profile and I think he deserved a photo? :D
any public domain photo that can be added such as from MOI? @Ninjastrikers Salai Rungtoi (ဆွေးနွေး) ၀၅:၃၈၊ ၇ ဩဂုတ် ၂၀၂၅ (UTC)
- @Salai Rungtoi; ဖိုင်:Sawmaung2.jpg လိုမျိုး မူပိုင်ခွင့်ရှိနေဆဲပုံကို တင်လို့ရပါတယ်။ WP:NFCC လမ်းညွှန်ချက်အတိုင်း Minimal usage, low resolution နဲ့ တင်နိုင်ပါတယ်။ Ninja✮Strikers «☎» ၁၆:၁၄၊ ၇ ဩဂုတ် ၂၀၂၅ (UTC)
- I don't know how to do it "properly". Can you help?? Salai Rungtoi (ဆွေးနွေး) ၀၅:၂၃၊ ၉ ဩဂုတ် ၂၀၂၅ (UTC)
- @Ninjastrikers, @Salai Rungtoi, ကျွန်တော်တို့ MOI က official portrait အနေနဲ့ တင်ထားတဲ့ ဒီMOI website က ပုံကို fair use နဲ့ တင်ရင် ပိုကောင်းမလားလို့။ – Pho🎖Sai (ဆွေးနွေး) ၀၉:၀၀၊ ၉ ဩဂုတ် ၂၀၂၅ (UTC)
- ကိုနင်ဂျာက ဆောင်းပါးမှာ ပုံထည့်လိုက်ပြီးဆိုတော့ all good prr, I think Salai Rungtoi (ဆွေးနွေး) ၀၉:၁၂၊ ၉ ဩဂုတ် ၂၀၂၅ (UTC)