မာတိကာသို့ ခုန်သွားရန်

ဆွံ့အနားမကြား အိုလံပစ် အားကစားပွဲတော်

ဝီကီပီးဒီးယား မှ
Deaflympics
Deaflympics Logo

ဆောင်ပုဒ်PER LUDOS AEQUALITAS (Equality through sport)
ပထမအကြိမ်1924 ပါရီမြို့  ပြင်သစ်
Occur every4 years
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
2009 ထိုင်ပေမြို့  ထိုင်ဝမ်
ရည်မှန်းချက်Provision of opportunities for deaf persons to participate in elite sports
ဌာနချုပ်Frederick, Maryland, United States
PresidentDonalda Ammons
ဝက်ဘ်ဆိုက်Deaflympics Official Website

ဆွံ့အနားမကြား အိုလံပစ် အားကစားပွဲတော် (Deaflympics ဒက်ဖ်လင်းပစ်) (ယခင်က ဆွံ့အနားမကြား ကမ္ဘာ့အားကစားပွဲတော်၊ အပြည်ပြည်ဆိုင်ရာ ဆွံ့အနားမကြား အားကစားပွဲတော်ဟု ခေါ်ဝေါ်သည်။) သည် ဆွံ့အနားမကြားသူများအတွက် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အားကစားပွဲတော် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီမှ ဟူသော စာလုံးပေါင်းကို အသုံးပြုခွင့်ပြုထားသည့် ဤအားကစားပွဲတော်အား ပထမအကြိမ်မှ စ၍ ဆွံ့အနားမကြား အပြည်ပြည်ဆိုင်ရာ အားကစား ကော်မတီ (Comité International des Sports des Sourds, CISS သို့ "The International Committee of Sports for the Deaf") က လေးနှစ်တကြိမ် ကြီးမှူးကျင်းပသည်။

ကျင်းပသည့် နိုင်ငံနှင့် မြို့များ

[ပြင်ဆင်ရန်]

ယနေ့အထိ ဒက်ဖ်လင်းပစ် ပွဲတော်ကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မြို့ကြီးပေါင်း ၃၆ မြို့တွင် ကျင်းပခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဥရောပနှင့် မြောက်အမေရိက ပြင်ပတွင် သုံးကြိမ်သာ ကျင်းပခဲ့သည်။ ၎င်းတို့မှာ ၁၉၈၉ ခုနှစ် ခရစ်ချပ်ခ်ျ၊ ၂၀၀၅ မဲလ်ဘုန်းနှင့် ၂၀၀၉ ထိုင်ပေမြို့တို့ ဖြစ်သည်။ နောက်အကြိမ်ပွဲတော်ကို ဂရိနိုင်ငံ အေသင်မြို့တွင် ကျင်းပမည်ဖြစ်သည်။ ဒက်ဖ်လင်းပစ် ကျင်းပခဲ့သည့် နိုင်ငံနှင့် မြို့ကြီးများမှာ အောက်ပါအတိုင်းဖြစ်သည်။ []

ပြိုင်ပွဲ အမျိုးအစား

[ပြင်ဆင်ရန်]

အောက်ပါ ပြိုင်ပွဲ အမျိုးအစားများသည် လက်ရှိ ဒက်ဖ်လင်းပစ်တွင် ပါဝင်ယှဉ်ပြိုင်သည့် အားကစား ပြိုင်ပွဲများ ဖြစ်သည်။ []

နွေရာသီပြိုင်ပွဲ

[ပြင်ဆင်ရန်]

တဦးချင်းပြိုင်ပွဲ

[ပြင်ဆင်ရန်]

အသင်းလိုက်ပြိုင်ပွဲ

[ပြင်ဆင်ရန်]

ဆောင်းရာသီပြိုင်ပွဲ

[ပြင်ဆင်ရန်]

တဦးချင်းပြိုင်ပွဲ

[ပြင်ဆင်ရန်]

အသင်းလိုက်ပြိုင်ပွဲ

[ပြင်ဆင်ရန်]

နွေရာသီ ဒက်ဖ်လင်းပစ်

[ပြင်ဆင်ရန်]
ခုနှစ်အကြိမ်မြို့နိုင်ငံ
1924Iပါရီမြို့ ပြင်သစ်
1928IIအမ်စတာဒမ်မြို့ နယ်သာလန်
1931IIINürnberg ဂျာမနီ
1935IVလန်ဒန်မြို့ ယူနိုက်တက်ကင်းဒမ်း
1939Vစတော့ဟုမ်းမြို့ ဆွီဒင်
No games were held between 1940–48 due to World War II
1949VIကိုပင်ဟေဂင်မြို့ ဒိန်းမတ်
1953VIIBrussels ဘယ်လ်ဂျီယမ်
1957VIIIမီလန်မြို့ အီတလီ
1961IXဟယ်ဆင်ကီးမြို့ ဖင်လန်
1965Xဝါရှင်တန်မြို့ အမေရိကန်
1969XIဘဲဂရိဒ်မြို့ ယူဂိုဆလားဗီးယား
1973XIIMalmö ဆွီဒင်
1977XIIIBucharest ရိုမေးနီးယား
1981XIVKöln ဂျာမနီ
1985XVLos Angeles အမေရိကန်
1989XVIChristchurch နယူးဇီလန်
1993XVIISofia ဘူဂေးရီးယား
1997XVIIIကိုပင်ဟေဂင်မြို့ ဒိန်းမတ်
2001XIXရောမမြို့ အီတလီ
2005XXမဲလ်ဘုန်းမြို့ ဩစတြေးလျ
2009XXIထိုင်ပေမြို့ ထိုင်ဝမ်

( Chinese Taipei အမည်ဖြင့်ယှဉ်ပြိုင်သည်။)

2013XXIIအေသင်မြို့ ဂရိ

ဆောင်းရာသီ ဒက်ဖ်လင်းပစ်

[ပြင်ဆင်ရန်]
ခုနှစ်အကြိမ်မြို့နိုင်ငံ
1949ISeefeld ဩစတြီးယား
1953IIအော်စလိုမြို့ နော်ဝေ
1955IIIOberammergau ဂျာမနီ
1959IVMontana-Vermala  ဆွစ်ဇာလန်
1963VÅre ဆွီဒင်
1967VIBerchtesgaden ဂျာမနီ
1971VIIAdelboden  ဆွစ်ဇာလန်
1975VIIILake Placid အမေရိကန်
1979IXMéribel ပြင်သစ်
1983XMadonna di Campiglio အီတလီ
1987XIအော်စလိုမြို့ နော်ဝေ
1991XIIBanff ကနေဒါ
1995XIIIYlläs ဖင်လန်
1999XIVDavos  ဆွစ်ဇာလန်
2003XVSundsvall ဆွီဒင်
2007XVISalt Lake City အမေရိကန်
2011XVIIHigh Tatras ဆလိုဗက်ကီးယား
2015XVIIIဗင်ကူဗာမြို့ ကနေဒါ

ကျမ်းကိုး

[ပြင်ဆင်ရန်]