တင်ဦး (ဒုတိယဗိုလ်ချုပ်ကြီး)
ဒုတိယဗိုလ်ချုပ်ကြီး မဟာသရေစည်သူ တင်ဦး | |
---|---|
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၂) | |
တာဝန်သက်တမ်း ၁၈ စက်တင်ဘာ ၁၉၈၈ – ၁၅ နိုဝင်ဘာ ၁၉၉၇ | |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ |
ယခင်လူ | ရာထူးစတင်ဖွဲ့စည်း |
ဆက်ခံသူ | ရာထူးဖျက်သိမ်း |
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၂) | |
တာဝန်သက်တမ်း ၁၅ နိုဝင်ဘာ ၁၉၉၇ – ၁၉ ဖေဖော်ဝါရီ ၂၀၀၁ | |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ |
ယခင်လူ | ရာထူးစတင်ဖွဲ့စည်း |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း |
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေးအထူးအဖွဲ့မှူး နှင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) | |
တာဝန်သက်တမ်း ၁၉၈၈ – ၁၉ ဖေဖော်ဝါရီ ၂၀၀၁ | |
ယခင်လူ | ? |
ဆက်ခံသူ | ? |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၃ မေ၊ ၁၉၃၃ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့။ |
ကွယ်လွန် | ၁၉ ဖေဖော်ဝါရီ၊ ၂၀၀၁ ၆၇) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာအနီး။ | (အသက်
နိုင်ငံသား | ပြည်ထောင်စု မြန်မာနိုင်ငံ |
ကြင်ဖော် | ဒေါ်ခင်သန်းနွဲ့၊ အိမ်ထောင်သက် - ၃၈ နှစ် (၁၉၆၃ - ၂၀၀၁ ခုနှစ်) |
သားသမီး |
|
မိခင် | ဒေါ်ခင် |
ဖခင် | ဦးသူငယ်လေး |
ရရှိခဲ့သော ဆုတံဆိပ်များ | စာရင်း
|
စစ်မှုထမ်းခြင်း | |
နာမည်ပြောင် | ဘယ်ရီတင်ဦး |
သစ္စာခံနိုင်ငံ | ![]() |
တပ်/တပ်ဖွဲ့ခွဲ | |
အမှုထမ်းကာလ | 51 years (1950–2001) |
ရာထူး | စာရင်း
|
Commands | စာရင်း
|
တိုက်ပွဲ/စစ်ပွဲများ |
|
စစ်ဖက်ဆိုင်ရာ ဆုတံဆိပ်များ | စာရင်း
|
ပြန်တမ်းဝင်အမှတ် | ကြည်း ၈၁၈၂ |
ဒုတိယဗိုလ်ချုပ်ကြီး မဟာသရေစည်သူ တင်ဦး (၁၃ မေလ ၁၉၃၃ – ၁၉ ဖေဖော်ဝါရီလ ၂၀၀၁) သည် မြန်မာနိုင်ငံသား၊ တပ်မတော်သား တစ်ဦးဖြစ်သည်။ သူသည် တပ်မတော်တွင် စတင်ဝင်ရောက်ခဲ့ချိန် ၁၉၅၀ ပြည့်နှစ်မှ ၂၀၀၁ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ‘စစ်ဆင်ရေးအထူးအဖွဲ့မှူး’ နှင့် ‘စစ်ဦးစီးအရာရှိချုပ်(ကြည်း)’ ရာထူးတာဝန်များအထိ ထမ်းဆောင်ခဲ့သည့် တပ်မတော်အရာရှိကြီးတစ်ဦးဖြစ်သည်။ ၎င်းအပြင် ယခင် တပ်မတော်စစ်အစိုးရလက်ထက်များဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့၏ ‘အတွင်းရေးမှူး(၂)’ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ သူ့အား သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မိဘများဖြစ်ကြသည့် ဦးသူငယ်လေး+ဒေါ်ခင် တို့မှ ၁၉၃၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၁]
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးသည် တပ်မတော်သို့ ၁၉၅၀ ပြည့်နှစ်၌ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၈ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂)သို့ တက်ရောက်အောင်မြင်ခဲ့ပြီး၊ ၁၉၅၉ ခုနှစ်တွင် တပ်မတော်ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံခဲ့ရသည်။ သူသည် ၁၉၅၉ ခုနှစ်တွင် ဒုတိယဗိုလ် အဆင့်နှင့် ဗိုလ် အဆင့်၊ ၁၉၆၆ ခုနှစ်တွင် ဗိုလ်ကြီး အဆင့်၊ ၁၉၇၃ ခုနှစ်တွင် ဗိုလ်မှူး အဆင့်၊ ၁၉၇၈ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်၊ ၁၉၈၁ ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်၊ ၁၉၈၉ ခုနှစ်တွင် ဗိုလ်မှူးချုပ် အဆင့်၊ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ် အဆင့်နှင့် ၁၉၉၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ အဆင့်ဆင့်တိုးမြှင့်ခြင်းခံခဲ့ရသည်။[၁]
ထိုသို့ တိုးမြှင့်ခံခဲ့ရသော အဆင့်၊ ခန့်အပ်ခံခဲ့ရသော ရာထူးတာဝန်နှင့် တာဝန်ထမ်းဆောင်ခဲ့ရသော တပ်များအား အောက်ပါဇယားတွင် ဖော်ပြထားသည်[၁] –
စဉ် | အဆင့် | ရာထူး | တပ်/ ရုံးဌာနချုပ် | ကာလ (ခုနှစ်) | ပါဝင်ခဲ့သော
စစ်ဆင်ရေးများ | |
---|---|---|---|---|---|---|
မှ | ထိ | |||||
၁ | - | - | တပ်မဟာ(၅) | ၁၉၅၀ | - |
|
၂ | - | - | တပ်မဟာ(၁၀) | - | ၁၉၅၈ | |
၃ | ဒုတိယဗိုလ် | တပ်စုမှူး | ခလရ(၁၀) | ၁၉၅၉ | ၁၉၆၀ | |
၄ | ဗိုလ် | ထောက်လှမ်းရေးအရာရှိ | ခလရ(၂၀) | ၁၉၆၀ | ၁၉၆၃ | |
၅ | ဗိုလ်ကြီး | စိန်ပြောင်းကြီး တပ်စုမှူး | ခလရ(၂၁) | ၁၉၆၃ | ၁၉၆၆ | |
၆ | စစ်ဦးစီးမှူး(တတိယတန်း) | နမခ | ၁၉၆၆ | - | ||
၇ | ကက(ကြည်း)၊ စစ်ဆင်ရေးဌာန | - | - | |||
၈ | ဗိုလ်မှူး/ ဗိုလ်ကြီး | ယာယီတပ်ခွဲမှူး(ဗိုလ်မှူး) | ခလရ(၃၄) | - | - | |
၉ | ဗိုလ်မှူး | စစ်ဦးစီးမှူး(ဒုတိယတန်း) | ရမခ | - | - | |
၁၀ | ကက(ကြည်း)၊ စစ်ဆင်ရေးဌာန | - | ၁၉၇၇ | |||
၁၁ | ဒုတိယဗိုလ်မှူးကြီး | တပ်ရင်းမှူး | ခမရ(၁၀၆) | ၁၉၇၇ | ၁၉၇၉ | |
၁၂ | စစ်ဦးစီးမှူး(ပထမတန်း) | နကတ | ၁၉၇၉ | - | ||
၁၃ | ကက(ကြည်း)၊ စစ်ဆင်ရေးဌာန | - | ၁၉၈၀ | |||
၁၄ | ဗိုလ်မှူးကြီး | နည်းဗျူဟာမှူး | တမခ(၅၅) | ၁၉၈၀ | - | |
၁၅ | ဒုတိယတပ်မမှူး | တမခ(၃၃) | - | ၁၉၈၅ | ||
၁၆ | စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) | ကက(ကြည်း) | ၁၉၈၅ | - | ||
၁၇ | ဗိုလ်မှူးချုပ် | တပ်မတော်စစ်ဆေးရေး အရာရှိချုပ် | တပ်မတော်စစ်ဆေးရေး အရာရှိချုပ်ရုံး | - | ၁၉၈၈ | |
၁၈ | ဗိုလ်ချုပ် /
ဒုတိယဗိုလ်ချုပ်ကြီး |
စစ်ဆင်ရေးအထူးအဖွဲ့မှူး /
စစ်ဦးစီးအရာရှိချုပ်(ကြည်း) |
ကက(ကြည်း) | ၁၉၈၈ | ၂၀၀၁ |
ကိုယ်ပိုင်ဘဝ
[ပြင်ဆင်ရန်]သူသည် ၁၉၆၃ ခုနှစ်တွင် ဦးလှသောင်း(အဖ)နှင့် ဒေါ်မြကြည်(အမိ)တို့၏ သမီးဖြစ်သူ ဒေါ်ခင်သန်းနွဲ့ နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ သူတို့ ဇနီးမောင်နှံနှစ်ဦးတွင် သား (၂)ဦး နှင့် သမီး (၃)ဦး ထွန်းကားခဲ့သည်။[၁]
တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး သည် ၁၉၅၀ ပြည့်နှစ်မှစ၍ ၂၀၀၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ကျော် နိုင်ငံတော်နှင့် တပ်မတော်အတွက် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေးမှူး(၂) ၊ တပ်မတော်၏ စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) တာဝန်များအား ထမ်းဆောင်နေစဉ် ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။[၁]
သူ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်သန်းနွဲ့၊ သားများဖြစ်ကြသော- ဦးဇော်ထွန်းဦး၊ ဦးနေထွန်းဦး၊ သမီးများဖြစ်ကြသော- ဒေါ်ဖြူဖြူဦး၊ ဒေါ်ယဉ်မာဦး တို့နှင့် မြေး(၄)ဦး ကျန်ရစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 5 6 စာပေဗိမာန် စာတည်းအဖွဲ့ (ed.)။ တင်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး (ခရစ် ၁၉၃၃ - ၂၀၀၁)။ မြန်မာ့စွယ်စုံကျမ်း၊ စွယ်စုံနှစ်ချုပ်။ ၂၀၀၂ (ပထမအကြိမ် ed.)။ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ: စာပေဗိမာန်။ pp. ၁၅၂၊ ၁၅၃၊ ၁၅၄။ မြန် ၀၃၉.၉၅၈။ 17 April 2021 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 27 September 2021 တွင် ပြန်စစ်ပြီး။