မာတိကာသို့ ခုန်သွားရန်

တိဗက်-ဗမာနွယ် ဘာသာစကားများ

ဝီကီပီးဒီးယား မှ

တိဗက်-ဗမာဘာသာစကားအုပ်စုသည် တရုတ်-တိဗက် မိသားစုမှာ တရုတ်ဘာသာစကားမပါဝင်သော ကျန်အုပ်စုများဖြစ်ပြီး တိဗက်ဘာသာစကား၊ဗမာဘာသာစကား၊ယီဘာသာစကားတို့ပါဝင်ပြီး ဘူတန်နှင့်မြန်မာနိုင်ငံ တို့၏ တရားဝင်ရုံးသုံးဘာသာစကား များသည် ဤအုပ်စုမှဖြစ်သည်။

တိဗက်-ဗမာ
ဒေသအလိုက်
ပျံ့နှံ့မှု:
အရှေ့တောင်အာရှ, အရှေ့အာရှ, တောင်အာရှ
ခွဲခြားမှု:တရုတ်-တိဗက်
  • တိဗက်-ဗမာ
ရှေးဦးပထမဖြစ်သော ဘာသာစကားရှေးဟောင်းတိဗက်-ဗမာ
အခွဲများ:
ISO 639-5:tbq
Glottolog:None
{{{mapalt}}}
Major branches of Tibeto-Burman:

တိဗက်-ဗမာဘာသာစကားအုပ်စု(Tibeto-Burman) ဆိုသည်မှာတရုတ်စကား မဟုတ်သော တရုတ်-တိဗက် မိသားစုဝင်ဘာသာစကား အုပ်စု ဖြစ်ပြီးအမျိုးကွဲပေါင်း ၄၀၀ ကျော်ကို အရှေ့တောင် အာရှ ကုန်းမြေမြင့်များ နှင့် မြန်မာနိုင်ငံရှိ မြေပြန့်ဒေသများတွင် ပြောဆိုကြသည်။ ဤဘာသာစကား မိသားစုကြီးကို တရုတ်နွယ် ဘာသာစကားများအုပ်စု(Sinitic) နှင့် တိဘက်-ဗမာနွယ် ဘာသာစကားများအုပ်စု(Tibeto-Burman) ဟူ၍ ကိုင်းခွဲနှစ်မျိုးဖြင့် သတ်မှတ် ဖော်ပြလေ့ ရှိသော်လည်း တရုတ်နွယ် မဟုတ်သော ဘာသာစကားများ၏ မူလအစနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြထားခြင်း လုံးဝမရှိသေးသလို ဤသို့တရုတ်အုပ်စုနှင့်ခွဲခြားဖော်ပြခြင်းကို လက်မခံသော သုတေသနပညာရှင် ဦးရေမှာလည်း ပိုမိုများပြားလာသည်။ O3 (O2a2b1a1) DNA သည် တရုတ်-တိဗက်ဘာသာပြောသူများ၏ အဖမျိုးရိုးဗီဇတွင်တွေ့ရှိရသည့် အများဆုံး haplogroup ဖြစ်ပြီး မူလရွှေ့ပြောင်းသွားလာမှုအခြေပြုမြေပုံတွင်လည်း အဓိကအခန်းကဏ္ဍတွင်ရှိသည်။

မျိုးရိုးဗီဇနှင့် စတင်ရာဒေသ

[ပြင်ဆင်ရန်]

တိဗက်–ဗမာလူမျိုးများသည် တရုတ်–တိဗက် ဘာသာမိသားစု၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ဤအဖွဲ့အစည်းတွင် မြန်မာ(ဗမာ)တိဗက်နာဂလီဆူကချင်ချင်း နှင့် တခြား တိဗက်-ဗမာ ဘာသာပြောလူမျိုးများ ပါဝင်သည်။

သမိုင်းနှင့် ဘာသာဗေဒအခြေခံသုတေသနများအရ တိဗက်–ဗမာလူမျိုးများ၏ မူရင်းစတင်ရာဒေသကို တရုတ်နိုင်ငံတောင်ပိုင်း (ယူနန်ပြည်နယ်စီချွမ်ပြည်နယ်) နှင့် တိဘက်မြောက်ပိုင်းဟိမဝန္တာတောင်တန်းဒေသများတွင် ရှာဖွေတွေ့ရှိနိုင်ကြောင်း အများအားဖြင့် ယူဆနိုင်သည်။[] ထိုဒေသမှတဆင့် အဆင့်ဆင့်ခွဲဖြာထွက်လာပြီး ယနေ့ခေတ် မြန်မာနိုင်ငံ၊တရုတ်နိုင်ငံ၊အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသ အထိပြန့်နှံ့ လာခဲ့သည်ဟု ယူဆရသည်။

Sagart et al တွေးဆထားသော တရုတ်-တိဗက်-ဗမာအုပ်စု၏ မွေးရပ်မြေနှင့် ပြန့်နှံ့မှုမြေပုံ (၂၀၁၉)
Hypothesised homeland and dispersal according to Sagart et al. (2019)[]
van Driem တွေးဆထားသော တရုတ်-တိဗက်-ဗမာအုပ်စု၏ မွေးရပ်မြေနှင့် ပြန့်နှံ့မှုမြေပုံ (၂၀၁၅)
Hypothesised homeland and dispersal according to van Driem (2005)[]
Blench တွေးဆထားသော တရုတ်-တိဗက်-ဗမာအုပ်စု၏ မွေးရပ်မြေနှင့် ပြန့်နှံ့မှုမြေပုံ (၂၀၀၉)
Hypothesised homeland and dispersal according to Blench (2009)[][]

ပုံမှန်အားဖြင့် တိဗက်–ဗမာလူမျိုးများတွင် အချို့ Haplogroup များ ထင်ရှားစွာ တွေ့ရသည်။ဖခင်ဘက်မှမျိုးရိုးလိုင်းတွင်အဓိကတွေ့ရသော Haplogroup O-M175 သည် အရှေ့အာရှလူမျိုးအများစုတွင် တွေ့ရသည့် Haplogroup ဖြစ်ပြီး၊ တိဗက်–ဗမာလူမျိုးများတွင်လည်း အများဆုံး ရှိနေသည်။[] Haplogroup D-M174 သည် တိဘက်လူမျိုးများ နှင့် တောင်ပိုင်း တိဗက်–ဗမာအစုများတွင် သီးခြားထင်ရှားသည်။ ဤ Haplogroup သည် ဂျပန်တွင်လည်း တွေ့ရသဖြင့် သမိုင်းအရ အနက်ပါအရာများကို ညွှန်းနိုင်သည်။[] Haplogroup N နှင့် Haplogroup C တို့သည် ရာခိုင်အနှုန်းအနည်းငယ်သာ တွေ့ရသော်လည်း တချို့ တိဗက်–ဗမာ အုပ်စုများတွင် သက်ဆိုင်မှုရှိကြောင်း သုတေသနများ ဖော်ပြထားသည်။

မိခင်မျိုးရိုးလိုင်းတွင် Haplogroup M နှင့် N ၏အခွဲများနှင့် အရှေ့အာရှနှင့် တောင်အာရှတို့၏ မူရင်းမိခင်မျိုးရိုး အနက်သက်ဆိုင်မှုများကို ဖော်ပြပေးသည်။၄င်းအပြင် Haplogroup A, G, D တိဘက်မြင့်တန်းနေထိုင်သူများတွင် တွေ့ရပြီး အအေးဒဏ်ဒေသသို့ လိုက်လျောညီထွေ ဖြစ်စေသည်ဟု ယူဆသည်။[] တိဗက်–ဗမာလူမျိုးများ၏ မျိုးရိုးဗီဇပုံစံများသည် တိဘက်ကုန်းမြေမြင့်တွင် အလွန်ထင်ရှားသော အဆင့်မြင့်နေထိုင်နိုင်စွမ်းများ နှင့် ဆက်စပ်ပြီး ဥပမာအားဖြင့် EPAS1 မျိုးရိုးဗီဇ သည် သွေးတွင်းအောက်စီဂျင်ပမာဏ အနည်းငယ်ဖြင့်နေထိုင်နိုင်သည့် ဗီဇဖြစ်ပြီး တိဘက်လူမျိုးများတွင်သာ ထင်ရှားပါသည်။[]

သဒ္ဒါအသုံးပြုပုံ

[ပြင်ဆင်ရန်]

တိဗက်-ဗမာစကားများတွင် သဒ္ဒါပုံစံများသည် အခြား အာရှဘာသာများနှင့် နှိုင်းယှဉ်ကြည့်သော်လည်း ထူးခြားမှုရှိသည်။ အများအားဖြင့် SOV (ကတ္တား–ကံ–ကြိယာ) စာကြောင်းဖွဲ့စည်းပုံကို အသုံးပြုကြသည်။ဥပမာ “ငါသူ့ကိုပြောတယ်” ဟူသောစာကြောင်းတွင် “ငါ”သည် ကတ္တားဖြစ်ပြီး “သူ”သည်ကံဖြစ်သည် “ပြောတယ်၊ပြောသည်”သည် ကြိယာဖြစ်သည်။ [၁၀] ဥပမာ အားဖြင့်မြန်မာဘာသာစကားတွင် "ငါ သစ်သီး စားတယ်။"၊ တိဗက်ဘာသာတွင် "Nga za za yin" (ငါ သစ်သီး စားသည်) ။ နာဂဘာသာများတွင်လည်း သဘောတူပုံစံတူသည်။ မြန်မာ – "ငါ၏ စာအုပ်"။ တိဗက် – "Nga’i deb" (ငါ၏ စာအုပ်)။ ကချင် – "Nga ai kaw" (ငါ၏ စာအုပ်)။

တိဗက်-ဗမာ အုပ်စုဝင်များ

[ပြင်ဆင်ရန်]
  • တိဗက်အုပ်စု (Tibetic)
    • တိဗက် (Amdo, Kham, Ü-Tsang)
    • Dzongkha (ဘူတန်)
    • ဆစ်ခ်ကင်း, Sherpa(ရှဲပါ့)
  • လိုလို-ဗမာအုပ်စု (Lolo-Burmese)
    • ဗမာနှင့် ဗမာနွယ်ဝင်များ၊အာချန်(မိုင်းသာ)၊လော်ဝေါ် or မရူ ( mainstream linguistics အရ Sal အုပ်စု)
    • လိုလို (ယီ), လီဆူ, နရှီး, အာခါ
  • ကရင်အုပ်စု (Karenic)
    • စကောကရင်
    • ပိုးကရင်
    • ကယား (ကရင်နီ)
    • ပအိုဝ်း
    • ကယန်း
  • Qiangic အုပ်စု
    • Qiang
    • Pumi
    • Muya
    • Ersu, etc. (စီချွမ်ကုန်းမြင့်)
  • နာဂ-ကူကီး-ချင်း အုပ်စု
    • နာဂများ
    • ကူကီး, ဇိုမီး
    • ချင်း (တီးတိန်,ဟားခါး, etc.)
    • ကသည်း
  • နုံ အုပ်စု (Nungish)
    • ရဝမ်
    • ထရုံ
  • ဆယ်လ် အုပ်စု(Sal)
    • ဂျိန်းဖော (ကချင်)
    • ဇိုင်ဝါး (historical classification အရ လိုလို-ဗမာအုပ်စု)
    • လာချိဒ် (historical classification အရ လိုလို-ဗမာအုပ်စု)
    • Luish (သက်,ကတူး, Andro-Sengmai)
  • Tani အုပ်စု
    • Galo
    • Apatani
    • Nyishi
    • အခြား Tani ဘာသာစကားများ (Arunachal Pradesh ပြည်နယ်)
  • Bodic အုပ်စု
    • Tamang
    • Gurung
    • Magar
    • Thakali
    • Chepangic, Raji-Raute, Dura
  • Kiranti အုပ်စု
    • Rai များ (Bantawa, Chamling, Kulung, etc.)
    • Limbu
  • Newaric / Himalayish
    • Newar (Nepal Bhasa)
    • Baram
  • အခြား သေးငယ်သော အုပ်စုများ
    • Dhimalic (Dhimal, Toto)
    • Lepcha
    • Dhambojiya


တိဗက်-ဗမာဘာသာစကားများ


ဘာသာစကား၏ အမည်မှာ အဓိက စကားပြောသူများ ဖြစ်သည့် ၃၅ သန်းကျော်သော မြန်မာဘာသာစကား ပြောသူ နှင့် ၈ သန်းကျော်သော တိဗက်စကား ပြောသူများကို အစွဲပြု၍ မှည့်ခေါ်ထားသည်။ ထို တိဘက်-ဗမာအနွယ်ဝင် ယီ(လိုလို) ဘာသာစကားပြောသူအရေအတွက် ၁၀သန်းခန့် ရှိသည်။ တရုတ်ပြည်တောင်ပိုင်းတွင် နေထိုင်ကြသည်။ အခြားဘာသာစကားများမှာ လူနည်းစု အဖွဲ့အစည်းများမှ အသုံးပြုကြသည်။ တိဘက်- မြန်မာစကား ဘာသာစကားအုပ်စုတွင် ပြောဆိုသူအရေအတွက်သည် ၆၁သန်းနီးပါးရှိ၍ ဗမာဘာသာသည် ထိုအရေအတွက်၏ ၅၀%ကျော်ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Van Driem, George (2001). Languages of the Himalayas: An Ethnolinguistic Handbook of the Greater Himalayan Region. Leiden: Brill.
  2. Sagart et al. (2019), pp. 10319–10320.
  3. van Driem (2005), pp. 94–97.
  4. Blench (2009), p. 14.
  5. NE Indian languages and NE Indian languages and the origin of Sino the origin of Sino-Tibetan (2010)။ 2021-10-28 တွင် ပြန်စစ်ပြီး။
  6. Karmin, Monika et al. (2015). "A recent bottleneck of Y chromosome diversity coincides with a global change in culture". Genome Research.
  7. Zhong, Hai et al. (2010). "Extended Y Chromosome Investigation Suggests Postglacial Migrations of Modern Humans into East Asia via the Northern Route". Molecular Biology and Evolution.
  8. Kang, Longli et al. (2013). "High-altitude adaptation of the mitochondrial genome in Tibetans". Proceedings of the National Academy of Sciences.
  9. Yi, Xin et al. (2010). "Sequencing of 50 human exomes reveals adaptation to high altitude". Science.
  10. Bradley (1997); Matisoff (2003); Thurgood & LaPolla (2003)