မာတိကာသို့ ခုန်သွားရန်

ဒီပဲယင်းမြို့နယ်

ဝီကီပီးဒီးယား မှ
ဒီပဲယင်းမြို့နယ်
မြို့နယ်
​ရွှေဘိုခရိုင်အတွင်း တည်နေရာ
​ရွှေဘိုခရိုင်အတွင်း တည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
ဒီပဲယင်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒီပဲယင်းမြို့နယ်
ဒီပဲယင်းမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 22°42′N 95°20′E / 22.700°N 95.333°E / 22.700; 95.333ကိုဩဒိနိတ်: 22°42′N 95°20′E / 22.700°N 95.333°E / 22.700; 95.333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ရေဦးခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ဒီပဲယင်းမြို့
လူဦးရေ (၂၀၁၄)[]၁၄၀,၈၁၅
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဒီပဲယင်းမြို့နယ် (ယခင်အမည် တပယင်း) သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးရေဦးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[] မြို့နယ်ရုံးစိုက်ရာမြို့မှာ ဒီပဲယင်းမြို့ ဖြစ်သည်။

သမိုင်းများ

၂၀၂၄

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက် တွင် ဒီပဲယင်းမြို့နယ်တစ်ခုလုံးအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့သည်။[] အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ခရိုင်တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုက အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၄၀ ကျော်သာ ကွာဝေးသည့် ဒီပဲယင်းမြို့ကို ဩဂုတ် ၁၅ ရက် ညနေပိုင်းမှ စတင်တိုက်ခိုက်ပြီးနောက် သုံးရက်အကြာတွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။[]

၂၀၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာပြင်းထန်ခဲ့သည့် ကလေးငယ် ၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။[]

ကျော်ကြားသောပုဂ္ဂိုလ်များ

စစ်သူကြီး မဟာဗန္ဓုလသည် ဒီပဲယင်းမြို့တော်ဝန် ဖြစ်ခဲ့ဖူးသည်။ ဖွားရာဇာတိမှာလည်း ဒီပဲယင်းအနီး ငပယင်းရွာ ဖြစ်သည်။ ရဟန်းစာဆို ရှင်အဂ္ဂသမာဓိအကျော်၏ ဖွားရာဇာတိမှာလည်း ဒီပဲယင်းအနီးက ကန်ဖျားရွာဖြစ်သည်။ လယ်တီဆရာတော် ဘုရားကြီးသည် ဒီပဲယင်းအနီး စိုင်းပြင်ရွာဇာတိ ဖြစ်သည်။ ဒီပဲယင်းဆရာတော်ဟု နာမည်ကျော်ကြားသည့် ဒုတိယရွှေကျင် သာသနာပိုင် ဆရာတော်ကြီးသည်လည်း ဒီပဲယင်းအနီး ကန်ဖျားရွာ ဇာတိဖြစ်သည်။ အလားတူ တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ ဆရာတော်ကြီးသည်လည်း ဒီပဲယင်းနယ်မှ ဆရာတော်ကြီး တစ်ပါး ဖြစ်သည်။ ဂဠုန်ဆရာစံ၏ ဖွားရာဇာတိမှာ ဒီပဲယင်းအနီး သရက်ကန်ရွာ ဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ဆရာ သာသနာပိုင်ဆရာတော် အတုလယသသည် ဒီပဲယင်းနယ် ဥသျှစ်ကျေးရွာဇာတိဖြစ်သည်။ ယခု ဥသျှစ်ကျေးရွာသည် အရာတော်နယ်မှ ဖြစ်နေသည်။

ဆက်လက်ဖတ်ရှုရန်

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. တော်လှန်ရေးတပ်များသိမ်းပိုက်လိုက်သည့် ဒီပဲယင်းမြို့ဓာတ်ပုံများ။ Tachileik News Agency။ 19 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 May 2025 တွင် ပြန်စစ်ပြီး။
  4. အသိမ်းခံရသည့် ဒီပဲယင်းမြို့ကို စစ်ကောင်စီပြန်လည်ထိန်းချုပ်။ Myanmar Now။ 20 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 May 2025 တွင် ပြန်စစ်ပြီး။
  5. ဒီပဲယင်းစာသင်ကျောင်း ဗုံးကြဲခံရမှုတွင် ဒဏ်ရာရကလေး ၂ ဦး သေဆုံး၊ သေဆုံးသူ ၂၄ ဦးရှိလာ။ Myanmar Now။ 15 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 May 2025 တွင် ပြန်စစ်ပြီး။