မျိုးသုဉ်းမှုအန္တရာယ်ကျရောက်ခြင်းမရှိနိုင်သေးသော မျိုးစိတ်
ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း | |
---|---|
![]() | |
မျိုးသုဉ်းသည့် အဆင့် | |
အန္တရာယ်မြင့်မားသည့် အဆင့် | |
အန္တရာယ်နည်းပါးသည့် အဆင့် | |
အခြားသတ်မှတ်မှု အဆင့် | |
| |
ဆက်စပ်သော အကြောင်းအရာများ | |
![]() အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့် အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု ![]() | |
IUCN အနီရောင်စာရင်း၏ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်ခြင်းမရှိနိုင်သေးသော မျိုးစိတ်[၁][၂] ( Least Concern - LC )[၃] ဆိုသည်မှာ သက်ဆိုင်ရာ ဇီဝမျိုးစိတ်တစ်ခု (သို့) တစ်စုသည် တောရိုင်းသဘာဝ၌ ဦးရေအမြောက်အမြား ရှင်သန်နေထိုင်လျက် ရှိနေသည့်အတွက်ကြောင့် ၎င်းမျိုးစိတ်အပေါ် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)မှ ထိန်းသိမ်းစောင့်ရှောက်ရန် မလိုအပ်သေးသော မျိုးစိတ်အဖြစ် သတ်မှတ်ပေးသည့် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးအစားသတ်မှတ်ချက် တစ်ခုဖြစ်သည်။[၃] ယင်းတို့သည် မျိုးသုဉ်းရန် ခြိမ်းခြောက်ခံရသော မျိုးစိတ်၊ မျိုးသုဉ်းရန် ခြိမ်းခြောက်ခံရလုနီးနီး မျိုးစိတ် အစရှိသည့် အဆင့်တွင်အကျုံးမဝင်ပေ။
မျိုးစိတ်တစ်ခုသည် အကောင်ရေပမာဏ လုံလောက်စွာမရှိပါက မျိုးသုဉ်းမှု ဖြစ်နိုင်ခြေနည်းပါးသော မျိုးစိတ် ဟု သတ်မှတ်ခံရမည်မဟုတ်ပေ။ ဤအဆင့်သတ်မှတ်ချက်တွင် အကျုံးဝင်ရန် တိကျသောသတင်းအချက်အလက်များ လိုအပ်သည်။ ဤအဆင့်အတန်းအဖြစ် သတ်မှတ်မှုတွင် တိရစ္ဆာန်မျိုးစိတ် စုစုပေါင်း (၁၄၀၃၃) ခုပါဝင်ပြီး သိပ္ပံနည်းကျ မဖော်ပြရသေးသော မျိုးစိတ်ပေါင်းများစွာလည်း ပါဝင်သည်။[၄]
" လူသားတို့သည် ဤအဆင့်အတန်းသတ်မှတ်ချက်၌ အောင်မြင်စွာ စာရင်းသွင်းခံထားရ၏၊ အဘယ်ကြောင့်ဆိုသော် အလွန်ပေါများသောကြောင့်ဖြစ်သည်။ " [၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ CITES (ဇွန်လ ၂၀၁၂). "တောရိုင်းတိရစ္ဆာန်များ၏ ထိန်းသိမ်းကာကွယ်မှုအဆင့်အတန်းများ" (in မြန်မာဘာသာ) (PDF). CITES ကွန်ဗင်းရှင်း နှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်များ လက်စွဲစာစောင် (၂/ ၂၀၁၂): စာ(၇~၁၀). သစ်တောဦးစီးဌာန. 6 December 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ IUCN (ဇွန်လ ၂၀၁၆). "ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များ အဆင့်သတ်မှတ်ခြင်းဆိုင်ရာ IUCN Category များ" (in မြန်မာဘာသာ) (PDF). မြန်မာနိုင်ငံရှိ IUCN Red List စာရင်းဝင် အပင်မျိုးစိတ်များ: စာ(၃၃ ~ ၃၅). သစ်တောဦးစီးဌာန. 6 December 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- 1 2 IUCN RED LIST CATEGORIES AND CRITERIA (2000-02-09)။
- ↑ Philautus sp. nov. 'Kalpatta'။ The IUCN Red List of Threatened Species။ 2006-12-19 တွင် ပြန်စစ်ပြီး။
- ↑ Global Mammal Assessment Team 2008. (2008). "Homo sapiens (human)". IUCN Red List of Threatened Species 2008. IUCN. doi: .