လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
![]() | |
---|---|
Ministry of Immigration and Population | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် (၄၈)၊နေပြည်တော် |
ဝန်ကြီးများ | ဦးမြင့်ကြိုင် |
မိခင်အဖွဲ့အစည်း | ပြည်ထောင်စုအစိုးရအဖွဲ့ |
ဝက်ဘ်ဆိုက် | mip.gov.mm |
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Immigration and Population) သည် ၁၉၉၅ ခုနှစ်တွင် ဤအမည်ဖြင့် စတင်ပေါ်ပေါက်လာသော ဝန်ကြီးဌာန ဖြစ်သည်။
၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ် ဩဂုတ် လ ၁ရက်နေ့တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အဖြစ်[၁] ပြန်လည်ဖွဲ့စည်းခဲ့သည်။[၂]
အခြားဝန်ကြီးဌာနများနှင့် ကွဲပြားသည်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် လက်အောက်ခံ ဦးစီးဌာနများမှာ လုပ်ငန်းတာဝန်အရ ခွဲခြားထားသော်လည်း ဦးစီးဌာနတစ်ခုနှင့်တစ်ခုသည် ချိတ်ဆက်ဆောင်ရွက်ရသည့် ဌာနများဖြစ်ကြသည်။ ထို့အပြင် သက်ဆိုင်ရာ ဦးစီးဌာနများသည် နေပြည်တော်တွင် ရုံးချုပ်သာ ထားရှိပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်၊ မြို့နယ်ရုံးများမှာမူ သီးသန့်ဦးစီးဌာနများအဖြစ်မဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးများဟုသာ ထားရှိထားသည်။ အခြားဌာနများကဲ့သို့ ဦးစီးဌာနအသီးသီး၏ အကြီးအမှူးများမှာ ညွှန်ကြားရေးမှူးချုပ်အဆင့်ဖြစ်ပြီး ပြည်ထဲရေးနှင့် ကာကွယ်ရေးကဏ္ဍများ၌ မပါဝင်သော လက်နက်ကိုင်ဆောင်ခွင့်၊ ဥပဒေစိုးမိုးရေးဆောင်ရွက်ခွင့် ရရှိထားသည့် ဌာနများဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သန်းခေါင်စာရင်းမင်းကြီးရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၅ ခုနှစ် စက်တင်ဘာ ၁ရက်နေ့တွင် ထိုရုံးကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနလက်အောက်တွင် စာရင်းအင်းနှင့် စီးပွားရေးဌာနနှင့်ပေါင်း၍ ဖွဲ့စည်းခဲ့သည်။၁၉၅၇ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန အမည်ဖြင့် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းခဲ့ပြီး ၁၉၅၈ ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့တွင် သန်းခေါင်စာရင်းမင်းကြီးရုံးအား ထိုဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ကာ သန်းခေါင်စာရင်းဌာန ဖြစ်လာသည်။
ဆိုရှယ်လစ်ခေတ်တွင် အုပ်ချုပ်ရေးစနစ်သစ် စတင်ရာ ၁၉၇၂ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနတို့အား ပေါင်းစည်း၍ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနဟူ၍ ဖွဲ့စည်းခဲ့ရာ ၎င်းဝန်ကြီးဌာနလက်အောက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဟူ၍ ပါဝင်ခဲ့သည်။ ထိုဌာနလက်အောက်တွင် လူဝင်မှုနှင့် နိုင်ငံသားဌာနခွဲ၊ အမျိုးသားမှတ်ပုံတင်ဌာနခွဲ၊ သန်းခေါင်စာရင်း စစ်တမ်းနှင့် ကွန်ပျူတာဌာနခွဲ၊ ပြည်သူ့ဝန်ထမ်းမှတ်တမ်းဌာနခွဲနှင့် စီမံရေးရာဌာနခွဲများ ပါဝင်သည်။
နဝတအစိုးရလက်ထက် ၁၉၉၂ခုနှစ် မတ်လ ၂၀ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန နှင့်သာသနာရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန ၂ခု ပြန်လည် ခွဲထုတ်ခဲ့ရာ လဝကဌာနသည် ပြည်ထဲရေးအောက် ပါဝင်ခဲ့သည်။
၁၉၉၅ ခုနှစ် ဇွန်လ ၁၅ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအား ခွဲထုတ်ပြီး ဝန်ကြီးဌာနအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ထိုဝန်ကြီးဌာနလက်အောက်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန တစ်ခုပါဝင်သည်။ ၁၉၉၈ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနလက်အောက်ရှိ သန်းခေါင် စာရင်းစစ်တမ်းနှင့် ကွန်ပျူတာဌာနခွဲကို ပြည်သူ့အင်အားဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ရာ ဦးစီးဌာန (၂)ခု ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနကိုပါ တိုးချဲ့ဖွဲ့စည်းရာ ဦးစီးဌာန (၃)ခု ဖြစ်လာခဲ့သည်။[၃]
၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် သမ္မတ ဦးသိန်းစိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ဦးစီးဌာနတစ်ခုအနေဖြင့် ထားရှိကာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ထားရှိရန် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။[၄]သို့ရာတွင် မပြောင်းဖြစ်ခဲ့ပေ။
၂၀၁၆ခုနှစ် မတ်လတွင် အစိုးရအဖွဲ့အသစ် တက်လာရာ ဝန်ကြီးဌာနများ လျှော့ချရေးအတွက်[၅] အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် ပေါင်းစည်း ဖွဲ့စည်းခဲ့သည်။ ထိုဝန်ကြီးဌာနလက်အောက်တွင် လူဝင်မှုကြီးကြပ်ရေးမှ ဦးစီးဌာန (၃)ခုအပါအဝင် ဦးစီးဌာန (၆)ခု၊ အဖွဲ့ (၁)ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။
၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၆ လ ပြည့်သည့်နေ့တွင် အိမ်စောင့်အစိုးရဟူ၍ ပြောင်း၍ ဖွဲ့စည်းရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအား အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဟူ၍ ပြန်လည် ခွဲထုတ်ဖွဲ့စည်းခဲ့သည်။ယင်းအပြင် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန တစ်ခုကိုပါ အသစ်တိုးချဲ့ ဖွဲ့စည်းခဲ့သည်။
ဝန်ကြီးဌာန ပြောင်းလဲဖွဲ့စည်းခြင်း | သက်တမ်း |
---|---|
သန်းခေါင်စာရင်းမင်းကြီးရုံး | ၁၉၅၀ - ၁၉၅၅ |
အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ စာရင်းအင်းနှင့် စီးပွားရေးဌာန | ၁၉၅၅-၁၉၅၇ |
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန၊ သန်းခေါင်စာရင်းဌာန | ၁၉၅၇-၁၉၇၂ |
ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန | ၁၉၇၂-၁၉၉၂ |
ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန | ၁၉၉၂-၁၉၉၅ |
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | ၁၉၉၅-၂၀၁၆ |
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | ၂၀၁၆ - ၂၀၂၁ |
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | ၂၀၂၁ - လက်ရှိ |
ဝန်ကြီးများ (၂၀၁၁ - ၂၀၂၁)
[ပြင်ဆင်ရန်]ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန | ||||||||||
---|---|---|---|---|---|---|---|---|---|---|
စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ဒုတိယဝန်ကြီး | ဝန်ကြီးချုပ် | သမ္မတ | အစိုးရအဖွဲ့ | ရင်းမြစ် | ||
၁။ | ![]() |
ဦးခင်ရီ | ၃၀ မတ် ၂၀၁၁ | ၁၂ ဩဂုတ် ၂၀၁၅ | ရာထူးမရှိ။ | သိန်းစိန် | ဦးသိန်းစိန်အစိုးရ | |||
၂။ | ![]() |
ဒုတိယဗိုလ်ချုပ်ကြီး ကိုကို | ၁၄ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ရာထူးမရှိ။ | |||||
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး | ||||||||||
၁။ | ![]() |
ဦးသိန်းဆွေ | ၃၀ မတ် ၂၀၁၆ | ၃၀ မတ် ၂၀၁၈ | ရာထူးမရှိ။ | ထင်ကျော် | ဦးထင်ကျော်အစိုးရ | |||
၃၀ မတ် ၂၀၁၈ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ရာထူးမရှိ။ | ဝင်းမြင့် | ဦးဝင်းမြင့်အစိုးရ | ||||||
၂။ | ![]() |
ဦးမြင့်ကြိုင် | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁ ဩဂုတ် ၂၀၂၁ | ရာထူးမရှိ။ | မင်းအောင်လှိုင်အစိုးရ | ||||
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန | ||||||||||
၁။ | ![]() |
ဦးခင်ရီ | ၁ ဩဂုတ် ၂၀၂၁ | ၁၉ ဩဂုတ် ၂၀၂၂ | ၁ နှစ်၊ ၁၈ ရက် | မင်းအောင်လှိုင် | မင်းအောင်လှိုင်အစိုးရ | |||
၃။ | ![]() |
ဦးမြင့်ကြိုင် | ၁၉ ဩဂုတ် ၂၀၂၂[၆] | ၃၁ ဇူလိုင် ၂၀၂၅ | ၂ နှစ်၊ ၃၄၆ ရက် | ဦးဌေးလှိုင် | မင်းအောင်လှိုင် | [၆] | ||
ဒေါက်တာမျိုးသန့် | ||||||||||
၃၁ ဇူလိုင် ၂၀၂၅ | ယနေ့အထိ | ၃၁ ရက် | ဦးဌေးလှိုင် | ညိုစော | မင်းအောင်လှိုင် (ယာယီ-တာဝန်) | ဦးညိုစောအစိုးရ |
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ပြည်ထောင်စုဝန်ကြီး | အစိုးရအဖွဲ့ | ရင်းမြစ် | ||
---|---|---|---|---|---|---|---|---|
![]() |
ဒေါက်တာ မျိုးသန့် | |||||||
![]() |
ဦးဌေးလှိုင် | ၃၁ ဇူလိုင် ၂၀၂၅ | ယနေ့အထိ | ၃၁ ရက် | ဦးမြင့်ကြိုင် | ဦးညိုစောအစိုးရ | [၇] |
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ
- လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
- အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန[၈]
- ပြည်သူ့အင်အား ဦးစီးဌာန
- အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန[၉] တို့ ဖြစ်သည်။
ပြည်သူ့အင်အားဦးစီးဌာန
[ပြင်ဆင်ရန်]ပြည်သူ့အင်အားဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှာ ဦးကျော်ယဉ်ဦး[၁၀] ဖြစ်သည်။
အမျိုးသား မှတ်ပုံတင်ရေးနှင့်နိုင်ငံသား ဦးစီးဌာန
[ပြင်ဆင်ရန်]အမျိုးသား မှတ်ပုံတင်ရေးနှင့်နိုင်ငံသားဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှာ ဦးထိန်ဝင်း ဖြစ်သည်။
အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန
[ပြင်ဆင်ရန်]အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှာ ဦးမင်းဟိန်း ဖြစ်သည်။[၁၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://www.moi.gov.mm/announcements/15823
- ↑ စစ်ကောင်စီ အာဏာသိမ်းပြီး ၆ လပြည့်တွင် အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်း။
- ↑ Background History of Department of Population။
- ↑ လဝက ဌာနကို ပြည်ထဲရေးအောက် ထားဖို့ သမ္မတ သဝဏ်လွှာပို့။
- ↑ ဝန်ကြီးဌာနလျှော့ချရေး လွှတ်တော်အတည်ပြု။
- ↑ ၆.၀ ၆.၁ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၄၈ / ၂၀၂၂"၊ CINCDS။ 12 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း။ Myawaddy Webportal။ 12 August 2025 တွင် ပြန်စစ်ပြီး။
- ↑ https://news-eleven.com/article/231499
- ↑ https://news-eleven.com/article/230281
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 3 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 August 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 August 2022 တွင် ပြန်စစ်ပြီး။