ဝီကီပီးဒီးယား:သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ
ဤစာမျက်နှာသည် မြန်မာဝီကီပီးဒီးယား၏ မူဝါဒတစ်ခုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ၎င်းသည် တည်းဖြတ်သူအားလုံး ပုံမှန်အားဖြင့် လိုက်နာသင့်သော ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသည့် စံတစ်ခုကို ဖော်ပြထားသည်။ ဤမူဝါဒကို ပြင်ဆင်ပြောင်းလဲမှုများသည် အများသဘောဆန္ဒဖြင့်သာ ပြုလုပ်သင့်သည်။ |
| ဤစာမျက်နှာကို တိုတိုပြောရလျှင်: မည်သည့် ဝီကီပီးဒီးယား စာမျက်နှာတွင်မဆို ထည့်သွင်းသည့် သက်ရှိထင်ရှား ပုဂ္ဂိုလ်များ၏ အကြောင်းအရာများကို အထူးဂရုစိုက်ရေးသားရမည် ဖြစ်ကာ စိစစ်အတည်ပြုခံနိုင်မှု၊ ဘက်မလိုက်မှု၊ နှင့် ကိုယ်တိုင် ထုတ်ဖော်ထားသော အချက်အလက်များ ကင်းရှင်းမှုတို့ ရှိရမည် ဖြစ်သည်။ |
| အဓိက အကြောင်းအရာ မူဝါဒများ |
|---|
| အခြား အကြောင်းအရာ မူဝါဒများ |
ဝီကီပီးဒီးယားရှိ မည်သည့် စာမျက်နှာတွင်မဆို သက်ရှိထင်ရှား ပုဂ္ဂိုလ်များအကြောင်း ရေးသားထားသော အချက်အလက်များတွင် တည်းဖြတ်သူများသည် ဂရုပြုဆင်ခြင်ရမည်။ ယင်းကဲ့သို့အကြောင်းအရာများသည် အင်မတန်တိကျမှန်ကန်ရန် လိုအပ်ပြီး ဝီကီပီးဒီးယား၏ ပင်မ မူဝါဒသုံးခုနှင့် ကိုက်ညီရပါမည်။
- ဘက်မလိုက်သော အရေးအသား
- အတည်ပြု စစ်ဆေးခံနိုင်မှု
- ကိုယ်တိုင်ရေး မဟုတ်မှု
ဆောင်းပါးတွင် ပါဝင်သော ရင်းမြစ်များသည် အဆင့်အတန်း မြင့်မားရသည်။ မည်သည့် ကိုးကားစာသားမဆို စိတ်ချယုံကြည်ရသော ရင်းမြစ်များ၊ ပုံနှိပ်ရင်းမြစ်များကြောင့် စိန်ခေါ်ခံရပါမည်။ မခိုင်လုံ၊ မသေချာမရေရာသော ရင်းမြစ်များသည် (ဥပမာ မကြာသေးခင်က သေဆုံးမှု စသည်) အဆိုးဘက်ဖြစ်စေ၊ အကောင်းဘက်ဖြစ်စေ၊ သို့မဟုတ် မေးခွန်းထုတ်စရာ ဖြစ်လာပါက ချက်ချင်း ဖယ်ရှားခံရမည်။ ဤမူဝါဒအား မကြာခဏ ချိုးဖောက်သည့် တည်းဖြတ်သူသည် တည်းဖြတ်ခြင်းမှ ရပ်ဆိုင်းခြင်းခံရမည်။
သက်ရှိထင်ရှား ပုဂ္ဂိုလ်များ၏ ဆောင်းပါးသည် အကြောင်းအရာ တိကျခိုင်လုံစွာဖြင့် ရေးသားရမည်။ ဝီကီပီးဒီယားသည် စွယ်စုံကျမ်းဖြစ်သည်။ အတင်းအဖျင်း ရေးသားသည် ဂျာနယ်များ မဟုတ်ပေ။ လူပုဂ္ဂိုလ်များ၏ ကိုယ်ရေးရာဇဝင်အား လိုက်ဖွသည့် နေရာမဟုတ်ပါ။ ဤမူဝါဒသည် မည်သည့် သက်ရှိထင်ရှား ပုဂ္ဂိုလ်များ၏ ဆောင်းပါးအကြောင်းအရာနှင့် ယင်းတို့၏ ဆွေးနွေးစာမျက်နှာတွင်လည်း အကျုံးဝင်သည်။