မာတိကာသို့ ခုန်သွားရန်

ဝီကီပီးဒီးယား

ဝီကီပီးဒီးယား မှ
ဝီကီပီးဒီးယား
A white sphere made of large jigsaw pieces, with letters from several alphabets shown on the pieces
Wikipedia wordmark
ဝီကီပီးဒီးယား လိုဂို
အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယား၏ ပင်မစာမျက်နှာ
အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယား၏ ပင်မစာမျက်နှာ
ဝဘ်ဆိုဒ် အမျိုးအစား
အင်တာနက် စွယ်စုံကျမ်း
ဖတ်ရှုရရှိနိုင်မှုဘာသာစကား ၂၈၇ မျိုး[]
ပိုင်ဆိုင်သူဝီကီမီဒီယာ ဖောင်ဒေးရှင်း
ဖန်တီးသူဂျင်မီဝေးလာရီဆန်ဂါ[]
ဝဘ်ဆိုဒ်wikipedia.org
Alexa အဆင့်[](ဧပြီ ၂၀၁၅)
စီးပွားရေးမဟုတ်
မှတ်ပုံတင်ခြင်းOptional[notes ၁]
အသုံးပြုသူတက်ကြွသည့် တည်းဖြတ်သူများ ၇၂,၅၉၂ ဦး(မေ ၂၀၁၅)[] စုစုပေါင်းအသုံးပြုသူ ၁၃၂၉၇၇
အသုံးပြုထားသည့် ပရိုဂရမ်းမင်းPHP[]

ဝီကီပီးဒီးယား ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ပရဟိတ အဖွဲ့အစည်း ဝီကီမီဒီယာဖောင်ဒေးရှင်းမှ ဦးဆောင်လှုပ်ရှားနေသော ဘာသာစုံနှင့် အကြောင်းအရာမျိုးစုံပါဝင်သည့် အခမဲ့ အင်တာနက် စွယ်စုံကျမ်း ပရောဂျက်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယား ဆိုသောအမည်မှာ လူအများပူးပေါင်းပါဝင်ရေးသားနိုင်သော ဝက်ဘ်ဆိုဒ်နည်းပညာဖြစ်သည့် ဝီကီ (ဟာဝေယံစကားဖြစ်ပြီး မြန်မြန်ဟု အဓိပ္ပာယ်ရသည်။)နှင့် စွယ်စုံကျမ်းဟု အဓိပ္ပာယ်ရသော အင်ဆိုင်ကလိုပိဒိယ ဟူသော အင်္ဂလိပ်စကားလုံးတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဂျင်မီဝေး နှင့် လာရီဆန်ဂါ တို့က ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဘာသာစကားမျိုးစုံတို့မှ လူတို့၏ ဗဟုသုတများကို အကျဉ်းရုံး စုစည်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဝီကီပီးဒီးယားတွင် ဘာသာစကား (၂၈၈)မျိုးဖြင့်ရေးသားထားသော ဆောင်းပါးပေါင်း ၃၅ သန်းကျော်ရှိနေပြီဖြစ်သည်။[] ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ ဝင်ရောက်ကြည့်ရှုသည့်အကြိမ်ပေါင်း ၁၈ ဘီလီယံ ခန့်ရှိကာ၊ လစဉ် ဝင်ရောက်ဖတ်ရှုသူ သန်းငါးရာခန့်ရှိသည်။[] တစ်ကမ္ဘာလုံးအနေဖြင့်ဆိုလျှင် ဝီကီပီးဒီးယား အသုံးပြုသူ အကောင့်ပေါင်း ၁၉ သန်းခန့်ဖြစ်ကာ[] ၂၀၁၄ ခုနှစ် နိုဝင်ဘာလ စာရင်းများအရ တက်ကြွသည့် တည်းဖြတ်သူပေါင်း ၆၉,၀၀၀ ခန့်ရှိသည်။[]

ဖတ်ရှုရန်

ကိုးကား

  1. Registration is required for certain tasks such as editing protected pages, creating pages in the English Wikipedia, and uploading files.
  1. Kiss၊ Jemima။ "Wikipedia boss Lila Tretikov: 'Glasnost taught me much about freedom of information"၊ The Guardian၊ August 6, 2014 August 21, 2014 တွင် ပြန်စစ်ပြီး
  2. Jonathan Sidener။ "Everyone's Encyclopedia"၊ U-T San Diego October 15, 2006 တွင် ပြန်စစ်ပြီး
  3. How popular is wikipedia.org? Alexa Internet။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2015 တွင် ပြန်စစ်ပြီး။
  4. 1 2 Wikipedia Statistics – Tables – Active wikipedians Stats.wikimedia.org။ 27 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 4, 2013 တွင် ပြန်စစ်ပြီး။
  5. Roger Chapman။ Top 40 Website Programming Languages roadchap.com 27 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 6, 2011 တွင် ပြန်စစ်ပြီး။
  6. Wikipedia cofounder Jimmy Wales on 60 Minutes CBS News။ 2015-04-06 တွင် ပြန်စစ်ပြီး။
  7. Cohen၊ Noam။ "Wikipedia vs. the Small Screen"၊ New York Times၊ February 9, 2014။
  8. Jemielniak, Dariusz (2014)။ Common Knowledge?: An Ethnography of Wikipedia။ Stanford University Press။ pp. 4

ပြင်ပလင့်ခ်များ