မာတိကာသို့ ခုန်သွားရန်

ဝီကီပီးဒီးယား ဆွေးနွေးချက်:သင်၏ ပထမဆုံးဆောင်းပါး

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
အကြောင်းအရာအသစ် ထပ်ထည့်ရန်
ဝီကီပီးဒီးယား မှ

ပြေလည်ပြင်မောင်နှမ

မြန်မာသက္ကရာဇ် ၄၅၄-၅၂၉ အေဒီ (၁၀၉၂-၁၁၆၇)ကာလအတွင်းဖြစ်သည်။

မိုင်းမောစော်ဘွား၏သွေးရင်းသားရင်းသားတော်နှင့်သမီးတော်ဖြစ်သည်။ သျှမ်းရိုးရာပိုးဖဲအနက်ရောင်ဝတ်စုံကိုလည်းကိုယ်စီဆင်မြန်းထားသောပုံစံဖြင့် တွေ့မြင်ရသည်။ အကိုတော်နာမည်မှာစဝ်ဖသာ ဖြစ်ပြီး နှမတော်နာမည်မှာ စဝ်မယ်ယာ ဖြစ်သည်။ စဝ်ဖသာ သည် အလောင်းစည်သူမင်း၏ယောက်ဖတော်စပ်ခဲ့ပြီး စဝ်မယ်ယာသည် အလောင်းစည်သူမင်း၏ မိဘုရားများထဲမှာ တစ်ပါးအနေဖြင့်မြှောက်စားခံခဲ့ရသည်။

ကျိုင်းစင်စော်ဘွားက မိုင်းမောပြည်သို့ချီတက်သိမ်းပိုက်ချိန် ခမည်းတော်နဲ့တကွ အလုံးစုံအား ဆုံးရှုံး၍ သက်လုတိမ်းရှောင်စဥ် ၎င်း​ခေတ် လက်နက်စကြာရှင်ဖြစ်သည့် ပေါက္ကံပြည့်ရှင် အလောင်းစည်သူမင်းကြီးထံ၌ ခိုလှုံခွင့်တောင်းရန် ခရီးဦးနှင်ခဲ့ကြလေတော့သည်။

ပေါက္ကံပြည့်ရှင်အား မော်ဖူးလျောက်ထားခွင့်ရလေသောအခါ ဖြစ်ကြောင်းကုန်စင် လျောက်လေတော့သည်။ဘုရင်မင်းမြတ်မှာသိလိုက်လျှင်ချက်ချင်းလွန်စွာစိတ်မကောင်းဖြစ်ရခြင်းကြောင့်ကျိုင်းစင်စော်ဘွားကို အပြစ်ပေးဆုံးမပြီး မိုင်းမော ဟောနန်းပြန်ရအောင်ကူညီမည်ဖြစ်ကြောင်း ဂတိစကားဆိုလေတော့သည်။

ပေါက္ကံပြည့်ရှင် မှာမူ နှမတော်ဖြစ်သော စဝ်မယ်ယာ ၏ ကောင်းခြင်းငါးဖြာနှင့်စုံလင်သော ဟောနန်းပျိုဖြူစင်စစ် ဖြစ်သည်ကို နှစ်သက်သဘောကျ၍ မိဘုရား အရိုက်ရာမြှောက်စားလေသည်။ ယောက်ဖတော်ဖြစ်လာသော စဝ်ဖသာ အားလည်း မိမိဖောင်စကြာဖြင့်လှည့်လည်သွားလာစဥ် အနီးနား၌ နေရာယူကာ မင်းတာဝန်ထမ်းဆောင်နိုင်သောထီးတော်မိုးအဖြစ် ခန့်အပ်လေသည်။

တစ်ရက်သောလမ်းခရီးတွင် ဘုရင့်ဖောင်တော်အား မိချောင်းများ၏ နှောက်ယှက်မှုကို ခံရချိန် အစွမ်းပြလိုသော စဝ်ဖသာက ရေထဲသို့ဆငဓားမြှောင်တစ်လက်ထဲဖြင့် ဆင်း၍မိချောင်းတို့ကိုရှင်းလင်းသုတ်သင် ပြခဲ့၏။ထူးခြားလှသော စဝ်ဖသာ၏အစွမ်းကို မြင်တွေ့ရသောအခါ အလောင်းစည်သူမင်းကြီးက နှစ်သက်သဘောကျ တော်မူသဖြင့် လိုရာဆုကိုတောင်းခိုင်းစေ၏။

ထိုအခွင့်အရေးကို မျှော်လင့်​နေသော စဝ်ဖသာက “အရှင်မင်းကြီးဘုရား ကျွန်တော်မျိုးသည် အရှင့်ရဲ့ သစ္စာတော်ခံတစ်ယောက်ဖြစ်သလို ယောက်ဖတော်လည်းဖြစ်သည့် အတွက် မောဝ်ကိုးပြည်ထောင်စော်ဘွားအဖြစ် အုပ်ချုပ်လိုကြောင်းကို လျောက်လေ၏။ မင်းကြီးလည်းပေါက္ကံပြည်ပြန်ရောက်လျှင်စိတ်တိုင်းကျ စီမံဆောင်ရွက် ပေးတော်မူမည်ဖြစ်ကြောင်းဆိုလေတော့သည်။

ဤအချင်းအရာကို သိရသည်နှင့် မင်းရှင်စော၏နောင်တော် ၊ အလောင်းစည်သူမင်း၏သားတော် နရသူ သည် မိမိအားထိုမောင်နှမလောက်ပင်အရေးမပေးရကောင်းလားဟု မကျေမနပ်ဖြစ်ကာ အကောက်ကျန်လေတော့၏။ များမကြာမီပင်မင်းကြီးက ဖောင်တော်ပေါ်၌ မှူးကြီးမတ်ရာသေနာပတိစုံညီစွာ တိုင်းရေးပြည်ရေး၊ သာသနာရေးကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နေချိန်ဖောင်တော်က သောင်ကို ဝင်တိုက်မိ၍ ပြင်းထန်စွာ ရိုက်ခတ်မူ့ဖြစ်သောကြောင့် သတိမထားမိချိန်၌ပင်စဝ်ဖသာတစ်ယောက်လည်း အမှုမဲ့ဖြစ်ကာ ထီးဖြူတော်ကိုရုတ်တရက်လွတ်ကျသွားခဲ့လေသည်။

ထီးဖြူတော်မြေကျမှုမှာ ရှင်ဘုရင်၏ထီးနန်းတွက် အတိတ်နိမိတ် မကောင်းသဖြင့် သေဒဏ်စီရင်ထိုက်သော်လည်း ယောက်ဖတော်ဖြစ်သော စဝ်ဖသာကို မသတ်ရက်သောကြောင့်အလောင်းစည်သူ မင်းကြီးက သက်ညှာစွာစီရင်ရန် နရသူမင်းသားထံအပ်နှင်လေသည်။ နရသူမင်းသားက နှစ်ခါပြန်မတွေးနေတော့ဘဲ စဝ်ဖသာကို ကျွန်းတစ်ကျွန်းပေါ်သို့ ခေါ်ဆောင်ကာ လည်ပင်းကိုကြိုးကွင်းစွတ် ပါးကွက်သား နှစ်ယောက်ကို ဘယ်ညာနှစ်ဖက်ဆွဲညှစ်စေပြီး ကွပ်မျက်လေတော့သည်။ အခြေနေကိုအကဲခတ်မိလာသောမိဖုရားစဝ်မယ်ယာသည် အစ်ကိုတော်အတွက် စိုးရိမ်သောက ဗျာပါဒများသောကြောင့်ထိုကိစ္စအား မင်းကြီးထံအမြန် လျှောက်ချင်သော်လည်း မင်းကြီးမှာ ညီလာခံမပြီးဆုံးသေးသည့်အတွက် လျောက်ခွင့်မရ ဖြစ်နေရှာလေသည်။ ကြံစည်မရသည့်အဆုံး မင်းကြီးအာရုံစိုက်လာရန် ဖောင်တော်ဦးထိပ်တွင် ဆံနွယ်တို့အားဖြန့်၍ ခေါင်းလျှော်လေတော့သည်။စဝ်မယ်ယာခေါင်းလျှော်နေသည်ကိုမြင်သောနရသူက မိဖုရား၏အပြုအမူသည် အလွန်တရာ နိမိတ်ဆိုးသောအမှုကိစ္စဖြစ်ကြောင်းဘုရင့်ထံလျောက်ရာ ဘုရင်းမင်းမြတ်မှနယ်နှင်ဒဏ်ပေးခိုင်းသည်ကို နရသူ သည် အကိုတော် စဝ်ဖသာကဲ့ကို့ပင် နှမတော် စဝ်မယ်သာအား အဆုံးစီရင်ပြန်သည်။

ထို့နောက် အချိန်ကာလ ခေတ္တအပိုင်းခြားတွင်းပင် ရွှေ့လျားလျက်ရှိသော်ဖောင်စကြာမှာ အကြောင်းပြချက်မရှိ ရပ်တန့်သွားလေသောအခါ မင်းကြီးကပုဏ္ဏဖြူ ပုဏ္ဏညို တို့ကို မေးလေး၏ ယင်းတို့သည်လည်း အနှောင့်ပယောဂ တစ်ခုခုဖြစ်နိုင်သောကြောင့်ကြိမ်စကြာဖြင့်ခေါ်ယူ စစ်ဆေးကြည့်ရန် လျောက်တင်ရာ မင်းကြီးလည်း ရေပြင်အား ကြိမ်စကြာနဲ့ရိုက်၍ ဆင့်ခေါ်လေသောအခါ စဝ်ဖသာနဲ့စဝ်မယ်ယာ တို့ချက်ချင်းပင် မြင်ကွင်းရှေ့၌ ရောက်ရှိလာ၍ မင်းကြီးမှပြစ်ဒဏ်ကို လျော့ပေါ့စီရင်စေသော်လည်း အရှင့်သားတော်နရသူက မထောက်မညှာစီရင်တော်မူသည့်အတွက် ယခုကဲ့သို့နတ်စိမ်းဘဝသို့ ရောက်ရှိနေရကြောင်း လျောက်လေသည်။ နေထိုင်ရန် စံကွန်းပင် မရှိသောကြောင့်မင်းကြီး၏ အမိန့်တော်ဖြင့် နယ်မြေအပိုင်စားပေးရန် ဖောင်တော်အား ရပ်တန့်ရကြောင်းဆိုလေရာ ရေရှင်ဝိုင်းတဲ့လယ်ပြင်ကျွန်းမှန်သမျှကို ပြေလယ်ပြင်ဟူ‌သော ဘွဲ့အမည်နာမဖြင့်အပိုင်စားပေးတော်မူခဲ့ပေတော့သည်။ ပြေလယ်ပြင်နတ်မောင်နှမ နှစ်ပါးဟာ အတိတ်ဖြစ်ရပ်ဆိုးများရှိခဲ့သောအထက်အညာဒေသကို စိတ်နာသည့်အတွက် အောက်ပြည်အောက်ရွာသို့ စုန်ဆင်းကာ ရိုးရာနတ်များ အဖြစ် အပူဇော်ခံကြာလေရာ ယင်းလယ်ပြင်ကျွန်းတို့တွင် လုပ်ကိုင် စားသောက်ကြသော ပြည်သူပြည်သားမှန်သမျှတို့သည် အလောင်းစည်သူမင်းကြီး ထုတ်ပြန်ခဲ့သော အမိန့်တော်တိုင် ဗလိဒါနစုံလင်စွာဖြင့် ပူဇော်ပသကြလေတော့သည်။

  1. BurmeseMythology

KhuunMyat (ဆွေးနွေး) ၀၅:၀၄၊ ၂၇ ဇူလိုင် ၂၀၂၅ (UTC)အကြောင်းပြန်ရန်

ပြေလည်ပြင်မောင်နှမ(Pyelepyin Maunghnama)

[ပြင်ဆင်ရန်]

[./အသုံးပြုသူ:KhuunMyat KhuunMyat] ([./အသုံးပြုသူ_ဆွေးနွေးချက်:KhuunMyat ဆွေးနွေး]) ၀၅:၀၄၊ ၂၇ ဇူလိုင် ၂၀၂၅ KhuunMyat (ဆွေးနွေး) ၀၅:၃၈၊ ၂၇ ဇူလိုင် ၂၀၂၅ (UTC)အကြောင်းပြန်ရန်