မာတိကာသို့ ခုန်သွားရန်

သွေးသောက်အဖွဲ့

ဝီကီပီးဒီးယား မှ
သွေးသောက်အဖွဲ့
စတင်လှုပ်ရှားခြင်း၂၀၂၂-လက်ရှိ
ခွဲထွက်လာမှုပျူစောထီးပြည်သူ့စစ်အဖွဲ့ (အတည်မပြုနိုင်)
လှုပ်ရှားနယ်မြေမန္တလေးတိုင်းဒေသကြီး
ရန်ကုန်တိုင်းဒေသကြီး
တောင်ကြီးမြို့
နိုင်ငံရေးအယူဝါဒ
  • စစ်အာဏာသုံးဝါဒ
  • အစွန်းရောက် အမျိုးသားရေး
  • ဗုဒ္ဓဘာသာ အမျိုးသားရေး
နိုင်ငံရေး နေရာလက်ယာယိမ်း
မဟာမိတ်နိုင်ငံအဆင့် မဟာမိတ်များ
ပြိုင်ဘက်များနိုင်ငံအဆင့် ပြိုင်ဘက်များ

အခြားပြိုင်ဘက်များ

စစ်ပွဲနှင့် တိုက်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ

သွေးသောက်အဖွဲ့ သည် မြန်မာ့ပြည်တွင်းစစ်ကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် လှုပ်ရှားလျက်ရှိသော လူသတ်အဖွဲ့ဖြစ်သည်။[] ၂၀၂၂ ခုနှစ်တွင် စတင်ပေါ်ထွက်လာခဲ့ကာ တပ်မတော်အား ထောက်ခံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဆန့်ကျင်သည့် ထိုအဖွဲ့၏ ခံယူချက်သည် ရေရာခြင်းမရှိပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူများစွာကို သတ်ဖြတ်ခဲ့သည်ဟု သွေးသောက်အဖွဲ့က ဝန်ခံထားသည်။

လှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

သွေးသောက်အဖွဲ့သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် အဓိက လှုပ်ရှားသည်။ အဖွဲ့သည် ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံသော လူနှစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် မိသားစုဝင်များအား ပစ်မှတ်ထားသည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁၄ ဦးအား သတ်ဖြတ်ခဲ့ပြီး တယ်လီဂရမ် ချယ်နယ်များတွင် သတ်ဖြတ်ခဲ့သည့် ဓာတ်ပုံများ မျှဝေထားခဲ့သည်။[] ၂၀၂၃ မေလအထိ သတ်ဖြတ်ခဲ့သူ အနည်းဆုံး ၅၈ ဦးအထိ ရှိလာခဲ့သည်။[]

သွေးသောက်အဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ငြင်းဆိုထားသည်။[] သွေးသောက်အဖွဲ့သည် ရန်ကုန်နှင့် တောင်ကြီးမြို့များတွင်ပါ လှုပ်ရှားလျက်ရှိကြောင်း အေးရှားတိုင်းမ် က ၂၀၂၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် အစီရင်ခံခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Stroehlein၊ Andrew (7 November 2022)။ Outsourcing Atrocities in Myanmar 6 November 2023 တွင် ပြန်စစ်ပြီး။
  2. Nachemson၊ Andrew။ "Shadowy pro-military militias target Myanmar's anti-coup movement"၊ Al Jazeera English၊ 2 June 2022။
  3. 1 2 "Pro-junta 'Blood Comrades' resurface in Myanmar with April killings"၊ Radio Free Asia၊ 9 May 2023။
  4. Mathieson၊ David Scott။ "Myanmar raising bloodthirsty death squads"၊ Asia Times၊ 10 June 2022။