အင်ဒိုနီးရှားနိုင်ငံရှိ ဗုဒ္ဓဘာသာ
အင်ဒိုနီးရှားနိုင်ငံ တွင် ဗုဒ္ဓဘာသာ သည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အစ္စလာမ်ဘာသာ ၊ ခရစ်ယာန်ဘာသာ ( ပရိုတက်စတင့် နှင့် ကက်သလစ်ဘာသာ )၊ ဟိန္ဒူဘာသာ နှင့် ကွန်ဖြူးရှပ်ဘာသာ တို့နှင့်အတူ နိုင်ငံအတွင်း အသိအမှတ်ပြုထားသော ဘာသာခြောက်ခုအနက် တစ်ခုဖြစ်သည်။ 2023 ခုနှစ် ခန့်မှန်းချက်အရ အင်ဒိုနီးရှားနိုင်ငံသား စုစုပေါင်း၏ 0.71% သည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး လူဦးရေ အားဖြင့် ၂ သန်းခန့် ရှိသည်။
အများစုမှာ ဂျာကာတာ ၊ ရိအော ၊ ဘန်ကာဘယ်လီတန် ၊ သုမာတြားမြောက်ပိုင်း နှင့် ကာလီမန်တန်အနောက်ပိုင်း တို့တွင် စုစည်းနေထိုင်ကြသည်။ သို့သော် တာအိုဘာသာ ၊ တြိဓမ္မ ၊ ယီကွမ်တောက် နှင့် အင်ဒိုနီးရှား၏တရားဝင်ဘာသာများအဖြစ် မသတ်မှတ်ထားသည့် အခြား တရုတ်ရိုးရာဘာသာဝင်များ က ဗုဒ္ဓဘာသာအဖြစ် ခံယူထားသောကြောင့် ဤပမာဏသည် ဖောင်းပွနေဖွယ်ရှိသည်။ [၁] ယနေ့အင်ဒိုနီးရှားရှိ ဗုဒ္ဓဘာသာဝင်အများစုသည် တရုတ် နှင့် အခြား အရှေ့အာရှလူမျိုးများ ဖြစ်ကြသော်လည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော(ဂျာဗားလူမျိုး ၊ တန်ဂရိလူမျိုး ၊ ဆာဆက်လူမျိုး ၊ ဘာလီလူမျိုး နှင့် အာလီဖုရုလူမျိုး ) တို့လည်း ရှိနေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Buddhism in Indonesia။ Buddha Dharma Education Association (2008)။ 2002-02-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-01-11 တွင် ပြန်စစ်ပြီး။