မာတိကာသို့ ခုန်သွားရန်

အင်ဒို-အာရိယန် လူမျိုးများ

ဝီကီပီးဒီးယား မှ
အင်ဒို-အာရိယန် လူမျိုးများ
1978 မြေပုံသည် အင်ဒို-အာရိယန်ဘာသာစကားကြီးများ၏ ပထဝီဝင်အနေအထားကို ဖြန့်ဖြူးပြသထားသည်။
လူဦးရေ စုစုပေါင်း
သန်းပေါင်း~၁၄၀၀[ကိုးကားချက်လိုသည်]
အများစု နေထိုင်သည့် နေရာ
 အိန္ဒိယ၉၁၁သန်းကျော်[]
 ပါကစ္စတန်၁၈၀သန်းကျော်[]
 ဘင်္ဂလားဒေ့ရှ်၁၇၀သန်းကျော်[]
 နီပေါ၂၈သန်းကျော်
 သီရိလင်္ကာ၁၄သန်းကျော်
 အာဖဂန်နစ္စတန်၂သန်းကျော်
 မောရစ်ရှ၇၂၅၄၀၀ကျော်
 မော်လဒိုက်၃၀၀၀၀၀ကျော်[]
 ဘူတန်၂၄၀၀၀၀ကျော်
ဘာသာစကား
အင်ဒို-ဥရောပနွယ် ဘာသာစကားများ
ကိုးကွယ်မှု
အိန္ဒိယ (အဓိကအားဖြင့် ဟိန္ဒူဘာသာ; နှင့် အနည်းငယ်သောဗုဒ္ဓဘာသာ, ဆစ်ခ်ဘာသာ and ဂျိန်းဘာသာ) နှင့် အစ္စလာမ်ဘာသာ, ခရစ်ယာန် နှင့်ဘာသာမဲ့များ

အင်ဒို-အာရိယန် လူမျိုးများသည် တောင်အာရှဒေသတွင် လူမျိုးစုများကွဲပြားစွာဖြင့်တည်ရှိနေသော အင်ဒို-အာရိယန်ဘာသာစကားပြောသူများဖြစ်သည်။ သမိုင်းအရ ဗဟိုအာရှရှိ အင်ဒို-အီရန် ရွေ့ပြောင်းသူများသည် တောင်အာရှဒေသသို့ အင်ဒို-အာရိယန် တို့၏ ရှေ့ပြေး အုပ်စုအဖြစ် ရွေ့ပြောင်းရောက်ရှိလာသည်ဟု ယူဆရသည်။[][][] အင်ဒူမြစ်ဝှမ်းဒေသ၏ မြောက်ပိုင်းဒေသများတွင် အခြေချနေထိုင်ခဲ့သော အစောပိုင်း အင်ဒို-အာရိယန် လူမျိုးများသည် အင်ဒို-အီရန်အုပ်စုနှင့် ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းကြောင်းများ သိသာထင်ရှားစွာဆက်စပ်နေသည်။ ယနေ့ခေတ် ဘင်္ဂလာဒေ့ရှ်နီပေါနိုင်ငံတောင်ပိုင်း၊ သီရိလင်္ကာမော်လ်ဒိုက်ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းဒေသများနှင့် အိန္ဒိယ နိုင်ငံမြောက်ပိုင်းဒေသ များတွင့် ပြန့်နှံ့စွာနေထိုင်လျက်ရှိသည်။[]

မျိုးရိုးဗီဇ

[ပြင်ဆင်ရန်]

အင်ဒို–အာရိယန် လူမျိုးများ၏ မျိုးရိုးဗီဇ သုတေသနများအရ အဓိက Y-DNA Haplogroup များတွင်R1a-Z93 သည် အင်ဒို–အာရိယန် မျိုးရိုးအတွက် အထင်အရှားဆုံးအမှတ်အသား ဖြစ်ပြီး၊ အိန္ဒိယမြောက်ပိုင်း၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်တွင် အများဆုံး တွေ့ရသည်။ J2-M172 သည် အနောက်အာရှနှင့် မြေထဲပင်လယ်ဒေသများမှ အင်ဒို–အာရိယန် မျိုးရိုးထဲသို့ ဝင်ရောက်ထားပြီး၊ တောင်အာရှတွင်လည်း အများအပြား တွေ့ရသည်။L-M20သည် အိန္ဒိယထူးခြားသော Haplogroup တစ်ခုဖြစ်ပြီး၊ ဒေသတွင်းအရင်းအမြစ်များကို သက်သေပြနေသည်။ H-M69 ဒေသဆိုင်ရာ ဗီဇ အမှတ်အသား ဖြစ်ပြီး အိန္ဒိယများထဲတွင် တွေ့ရသည်။R2-M124,G-M201, Q-M242 စသဖြင့် အနည်းဆုံး %-များတွင် တွေ့ရသည်။

ဤ Haplogroup များသည် အိန္ဒိယခေတ်ရှေး အစောပိုင်း လူမျိုးဗီဇ ပေါင်းစပ်မှုများကို ထင်ဟပ်ပြထားပြီး၊ အင်ဒို-ဥရောပ လူမျိုးများ၏ ဆက်နွယ်မှုနှင့် တောင်အာရှ ဒေသ၏ ဒေသဆိုင်ရာ ဗီဇပေါင်းစပ်မှုကို တပြိုင်နက် ဖော်ပြနေသည်။

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

အင်ဒို–အာရိယန် လူမျိုးများသည် ဝေဒယဉ်ကျေးမှု ကို အခြေခံထားပြီး၊ နောက်ပိုင်းတွင် ဟိန္ဒူဘာသာဗုဒ္ဓဘာသာဂျိန်းဘာသာ တို့ကို အဓိက ဖွံ့ဖြိုးစေခဲ့ကြသည်။ ဂီတ၊ အနုပညာ၊ စာပေ၊ သီချင်း၊ အစဉ်အလာပေါင်းစုံတို့သည် အိန္ဒိယအရှေ့ပိုင်းနှင့် တောင်အာရှဒေသ အကျိုးသက်ရောက်မှု အလွန်ကြီးမားစွာ ရှိခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. India The World Factbook (16 November 2021)။
  2. Pakistan The World Factbook (4 February 2022)။
  3. Bangladesh The World Factbook (4 February 2022)။
  4. Population of Lhotshampas in Bhutan UNHCR (2004)။ 16 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2016 တွင် ပြန်စစ်ပြီး။
  5. "How ancient DNA may rewrite prehistory in India"၊ bbc၊ 23 December 2018။
  6. "New reports clearly confirm 'Arya' migration into India"၊ thehindu၊ 13 September 2019။
  7. "Aryans or Harappans—Who drove the creation of caste system? DNA holds a clue"၊ theprint၊ 29 June 2021။
  8. Danesh Jain, George Cardona (2007)။ The Indo-Aryan Languages။ Routledge။ p. 2။