မာတိကာသို့ ခုန်သွားရန်

၂၀၂၂ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
(၂၀) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ
ကျင်းပရာမြို့ထိုင်းနိုင်ငံအူဘွန်ရချာဌာနီမြို့
ပါဝင်သော နိုင်ငံများ၁၁
ကစားပွဲအမျိုးအစား၂၃၆ (၂၃မျိုး)
ဖွင့်ပွဲအခမ်းအနား၂၆ ဇူလိုင်
ပိတ်ပွဲအခမ်းအနား၆ ဩဂုတ်
Torch Lighter
အခမ်းအနားကျင်းပရာ အားကစားကွင်းUbon Ratchathani Rajabhat တက္ကသိုလ်
<  ၂၀၁၈ ၂၀၂၄  >

၂၀၂၂ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 ASEAN University Games) သည် ထိုင်းနိုင်ငံ၊ အူဘွန်ရချာဌာနီမြို့ (Ubon Ratchathani)တွင် ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဖြစ်သည်။[] ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့မှ ဩဂုတ်လ (၆)အထိ ကျင်းပမည်ဖြစ်သည်။ မူလက ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ (၁၃)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပရန် လျာထားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို ၂၀၂၁ခုနှစ် ဇွန်လ (၁၈) ရက်မှ (၂၇)ရက်အထိလည်းကောင်း၊ ၂၀၂၂ခုနှစ် ဇွန်လ (၂၂)ရက်နေ့မှ (၃၀)ရက်နေ့အထိလည်းကောင်း ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့ကြသည်။[] နောက်ဆုံးတွင်မှ ၂၀၂၂ခုနှစ် ဇူလိုင်လတွင်ကျင်းပရန် အတည်ပြုခဲ့ကြသည်။

လက်ခံကျင်းပခြင်း

[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံသည် အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂၀၂၀ပြည့်နှစ်တွင် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၁ခုနှစ်သို့ ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ၂၀၂၂ခုနှစ်တွင်မှ လက်ခံကျင်းပမည်ဖြစ်သည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ နေပြည်တော်ပွဲတော် ကျင်းပအပြီး လေးနှစ်အကြာမှသာ လက်ခံကျင်းပနိုင်ခြင်းဖြစ်သည်။[]

အားကစားကွင်းများ

[ပြင်ဆင်ရန်]

၂၀၂၂အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို ​နေရာ (၁၃)​နေရာ၌ ကျင်းပခဲ့သည်။[]

အားကစားကွင်း အားကစားနည်း
Ubon Rachathani Rajabhat တက္ကသိုလ်ဖွင့်ပွဲ၊ ပိတ်ပွဲ
Ban Yang Noi Campus​ရေကူး၊ ကရာ​တေး၊ ​​ပြေးခုန်ပစ်၊ ​ဘော်လီ​ဘော၊ ​တောင်တက်၊ တိုက်ကွမ်ဒို
Badminton Stadium, UBRU Main Campusကြက်​တောင်
Faculty of Nursing, UBRU Main Campusစားပွဲတင်တင်းနစ်
UBRU Main Campus
UMT Stadium
​ဘောလုံး
Main Stadium, Provincial Administrative Organization (PAO)မြားပစ်
Sisaket Cityတင်းနစ်၊ ​လှေ​လှော်
Sunee Towerဓားသိုင်း၊ ပန်ကြပ်ဆီလတ်၊ ဝူရှူး
Faculty of Public Health, UBRU Main Campusစစ်တုရင်
Boxing Gym, UBRU Main Campus​မွေထိုင်း
Indoor Stadium, UBRU Main Campusဖူဆယ်
Petanque Suannok, UBRU Main Campusပီတန်း
Gymnasium, UBRU Main Campusဘတ်စကက်​ဘော
Faculty of Computer Science, UBRU Main Campusအီလက်ထ​ရောနစ်အားကစား
Stadium, UBRU Main Campusကမ်း​ခြေ​ဘောလီ​ဘော
Benjamamaharaj Schoolပိုက်​ကျော်ခြင်း

ပွဲများနှင့်အားကစား

[ပြင်ဆင်ရန်]

ပါဝင်သောအားကစားနည်းများ

[ပြင်ဆင်ရန်]

အားကစားနည်း ၂၃မျိုး လက်ခံကျင်းပခဲ့သည်။

  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်
  • ဘက်စကတ်ဘော
  • စစ်တုရင်
  • အီလက်ထ​ရောနစ်အားကစား
  • ဓားသိုင်း
  • ​ဘောလုံး
    • ဘောလုံး
    • ဖူဆယ်
  • ကရာတေးဒို
  • ​မွေထိုင်း
  • ပန်ကြပ်ဆီလတ်
  • ပီတန်း
  • လှေလှော်
  • ပိုက်ကျော်ခြင်း/ခြင်းလုံး
  • ​​တောင်တက်
  • ရေကူး
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ဘော်လီဘော
    • ကမ်း​ခြေ
    • ရုံတွင်း
  • ဝူရှုး

ပါဝင်​သောနိုင်ငံများ

[ပြင်ဆင်ရန်]

ဆုတံဆိပ်ဇယား

[ပြင်ဆင်ရန်]
Key

  *   အိမ်ရှင်နိုင်ငံ

၂၀၂၂ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
 ထိုင်း*၁၀၉၆၁၄၂၂၁၂
 မလေးရှား၄၉၈၃၅၀၁၈၂
 အင်ဒိုနီးရှား၄၃၃၈၃၈၁၁၃
 ဗီယက်နမ်၁၃၂၈
 စင်ကာပူ၁၉၂၆၅၃
 လာအို၂၀၃၃
 ဖိလစ်ပိုင်၁၃
 ကမ္ဘောဒီးယား၁၇
 မြန်မာ
၁၀ အရှေ့တီမော
၁၁ ဘရူနိုင်း
Total (၁၁သင်း)၂၃၆၂၂၉၂၀၂၆၆၇

ရင်းမြစ်:[]

ကိုးကား

[ပြင်ဆင်ရန်]