ချင်းပြည်နယ် အစိုးရအဖွဲ့
![]() | |
---|---|
Chin State Government | |
![]() | |
ပြည်နယ်အစိုးရအဖွဲ့ အကျဉ်းချုပ် | |
ဖွဲ့စည်းခြင်း | ၃၀ မတ် ၂၀၁၁ |
ဌာနချုပ် | ဟားခါးမြို့၊ ချင်းပြည်နယ် |
ဌာနအကြီးအမှူးများ | ဒေါက်တာ ဝုန်ဆွန်းထန်၊ ဝန်ကြီးချုပ် |
မိခင်ဌာန | ပြည်ထောင်စုအစိုးရအဖွဲ့ |
ဝက်ဘ်ဆိုက် | https://www.chinstate.gov.mm/ |
ချင်းပြည်နယ် အစိုးရအဖွဲ့ (အင်္ဂလိပ်: Chin State Government) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၏ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်က ဦးဆောင်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အခန်းကဏ္ဍ
[ပြင်ဆင်ရန်]၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ဖွဲ့စည်းထားရှိပြီး ဒေသန္တရအုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်သည်။ ၎င်းတို့၏ ဖွဲ့စည်းပုံ၊ အုပ်ချုပ်မှုအခွင့်အာဏာ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဖွဲ့စည်းပုံနှင့် ခေါင်းဆောင်မှု
[ပြင်ဆင်ရန်]တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးအကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်သည်။ အစိုးရအဖွဲ့ဝင်များကိုမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဟု သတ်မှတ်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်
နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် တိုးခြင်း၊ လျှော့ခြင်းတို့ကို ပြုလုပ်နိုင်သည်။
အုပ်ချုပ်မှုအခွင့်အာဏာနှင့် တာဝန်များ
[ပြင်ဆင်ရန်]တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ သက်ဆိုင်ရာလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့် ပြည်ထောင်စုဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့ သက်ရောက်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများသည် အောက်ပါတာဝန်များကို ထမ်းဆောင်ရမည်-
- နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပြည်ထောင်စုအစိုးရကို ကူညီရန် တာဝန်ရှိသည်။
- ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့် ပြည်ထောင်စုဥပဒေများနှင့် မဆန့်ကျင်ဘဲ ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်။
- ပြည်ထောင်စု၏ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းအပေါ် အခြေပြုလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းရမည်။ အကယ်၍ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ဥပဒေကြမ်းကို ပြဋ္ဌာန်းခြင်းမပြုနိုင်လျှင် နောက်ဆုံးပြဋ္ဌာန်းထားသည့် ဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
- ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဇယား ၂ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းနိုင်သည်။
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ၎င်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။
- မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်။
- နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီ၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ မိမိတာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ပြီး လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။
- သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ မိမိ၏အရေးယူဆောင်ရွက်ချက်များကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်။
- မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။
- ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။
အခွန်အခ ကောက်ခံခွင့်နှင့် ဘဏ္ဍာရန်ပုံငွေ သုံးစွဲခွင့်
[ပြင်ဆင်ရန်]တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီ ကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ ၎င်းဘဏ္ဍာရန်ပုံငွေများကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။
အစိုးရအဖွဲ့ရုံး
[ပြင်ဆင်ရန်]တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်း ဖြစ်သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ်များ
[ပြင်ဆင်ရန်]ချင်းပြည်နယ် အစိုးရအဖွဲ့ | ||||||
---|---|---|---|---|---|---|
စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ပါတီ | ရာထူး | |
၁။ | ![]() |
ဦးဟုန်းငိုင်း | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ပြည်ခိုင်ဖြိုးပါတီ | ချင်းပြည်နယ်ဝန်ကြီးချုပ် |
၂။ | ![]() |
ဆလိုင်းလျန်လွယ် | ၃၀ မတ် ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | ချင်းပြည်နယ်ဝန်ကြီးချုပ် |
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ | ||||||
၁။ | ![]() |
ဦးတဲရင့်စ်စမွိုင်းနီခွဲ | ၂ ဖေဖော်ဝါရီ ၂၀၂၁ | ၁၂ ဖေဖော်ဝါရီ ၂၀၂၁ | တစ်သီးပုဂ္ဂလ | ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ |
၂။ | ![]() |
ဦးငွန်ဆန်းအောင် | ၁၆ ဖေဖော်ဝါရီ ၂၀၂၁[၁] | ၁ ဩဂုတ် ၂၀၂၁ | တစ်သီးပုဂ္ဂလ | ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ |
ချင်းပြည်နယ် အစိုးရအဖွဲ့ | ||||||
၃။ | ![]() |
ဦးငွန်ဆန်းအောင် | ၁ ဩဂုတ် ၂၀၂၁ | ၁၉ ဩဂုတ် ၂၀၂၂ | တစ်သီးပုဂ္ဂလ | ချင်းပြည်နယ်ဝန်ကြီးချုပ် |
၄။ | ![]() |
ဒေါက်တာ ဝုန်ဆွန်းထန် | ၁၉ ဩဂုတ် ၂၀၂၂ | ယနေ့အထိ | တစ်သီးပုဂ္ဂလ | ချင်းပြည်နယ်ဝန်ကြီးချုပ် |
အစိုးရအဖွဲ့များ
[ပြင်ဆင်ရန်]ပထမအကြိမ် ချင်းပြည်နယ်လွှတ်တော်ကာလ (၂၀၁၁-၂၀၁၆)
[ပြင်ဆင်ရန်]စဉ် | အမည် | တာဝန်သက်တမ်း | ဝန်ကြီးဌာန | ဝန်ကြီးဌာန |
---|---|---|---|---|
၁ | ဦးဟုန်းငိုင်း | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ဝန်ကြီးချုပ် |
၂ | ဗိုလ်မှူးကြီး ဇော်မင်းဦး | လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန | ||
၃ | ဦးရမ်မန်း | စီးပွားရေးရာ ဝန်ကြီးဌာန | ||
၄ | ဦးနန်ဇမုန် | ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန | ||
၅ | ဦးဗန်ထောင်း | စိုက်ပျိုးရေးဝန်ကြီးဌာန | ||
၆ | ဦးကျော်ငြိမ်း | စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောဝန်ကြီးဌာန | ||
၇ | ဦးကျင့်လျန်ပေါင် | ၂၂ စက်တင်ဘာ ၂၀၁၁ | ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန | |
၈ | ဒေါက်တာဘမောင် | ၃၀ မတ် ၂၀၁၆ | လူမှုရေးဝန်ကြီးဌာန | |
၉ | ဦးနိန်နိုင်း | စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် စက်မှုလက်မှုဝန်ကြီးဌာန | ||
၁၀ | ဦးကပ္ပတီအယ်လ် | ပြည်နယ်ဥပဒေချုပ် | ||
၁၁ | ဦးကျော်ဇံ | ပြည်နယ်စာရင်းစစ်ချုပ် | ||
၁၂ | ဦးငွန်ဆန်းဆောင် | ၂၂ စက်တင်ဘာ ၂၀၁၁ | လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန[၂] | |
၁၃ | ဦးကျင့်လျန်းပေါင် | ၂၂ စက်တင်ဘာ ၂၀၁၁ | လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန |
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ကာလ (၂၀၁၆-၂၀၂၁)
[ပြင်ဆင်ရန်]စဉ် | အမည် | တာဝန်ထမ်းဆောင်ခြင်း | ဝန်ကြီးဌာန | ||
---|---|---|---|---|---|
စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||
(၁) | ဆလိုင်းလျန်လွယ် | ၃၀ မတ် ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၉ | ဝန်ကြီးချုပ် |
(၂) | ဗိုလ်မှူးကြီးကျော်ကျော် | ၇ ဧပြီ ၂၀၁၆ | ၁၃ ဇွန်လိုင် ၂၀၁၇ | ၄၆၂ | လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန |
ဗိုလ်မှူးကြီးဟန်ဝင်းအောင် | ၁၄ ဇူလိုင် ၂၀၁၇ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၂၉၈ | ||
(၃) | ဦးဝီကော | ၇ ဧပြီ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၁ | စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန |
(၄) | ဦးမန်ဟင်းဒါလ်း | ၇ ဧပြီ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၁ | စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီးဌာန |
(၅) | ဦးရွှေထီးအိုး | ၇ ဧပြီ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၁ | လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန |
(၆) | ဆလိုင်းအိုက်ဇက်ခင် | ၇ ဧပြီ ၂၀၁၆ | ၁၇ မေ ၂၀၁၈ | ၇၇၀ | စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန |
ဦးစိုးထက် | ၂၅ မေ ၂၀၁၈ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၉၈၃ | ||
(၇) | ဦးပေါင်လွန်းမင်ထန် | ၇ ဧပြီ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၁ | လူမှုရေးဝန်ကြီးဌာန |
(၈) | ဦးထန်ကျုံး(ခ)ဦးဆနီဇာဟိုး | ၇ ဧပြီ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၁ | ပြည်နယ်ဥပဒေချုပ် |
(၉) | ဦးလာလ်တင်မန်း (ခ) ဦးဒေးဗစ်လာလ်တင်မောင် | ၇ ဧပြီ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၁ | ပြည်နယ်စာရင်းစစ်ချုပ် |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် (၂၀၂၁-၂၀၂၅)
[ပြင်ဆင်ရန်]ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကာလ
[ပြင်ဆင်ရန်]ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်အမှတ် (၁၆/၂၀၂၁) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ဤအမိန့်အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား အပ်နှင်းခဲ့သည်။
၁) | စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ | ဥက္ကဋ္ဌ |
(၂) | တပ်မတော်အရာရှိကြီး (၁) ဦး | အဖွဲ့ဝင် |
(၃) | ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး | အဖွဲ့ဝင် |
(၄) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဦးစီးမှူး |
အဖွဲ့ဝင် |
(၅) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး | အဖွဲ့ဝင် |
(၆) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး | အတွင်းရေးမှူး |
ဥက္ကဋ္ဌများ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၀/၂၀၂၁) ဖြင့် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပကစ) ဥက္ကဋ္ဌအဖြစ် ဦးတဲရင့်စ်စမွိုင်းနီခွဲအား ခန့်အပ်တာဝန်ပေးလိုက်သည်။[၄]
စဉ် | အမည် | ရာထူး | တာဝန်သက်တမ်း | မှတ်ချက် | ရင်းမြစ် |
---|---|---|---|---|---|
၁။ | ဦးတဲရင့်စ်စမွိုင်းနီခွဲ | ဥက္ကဋ္ဌ | ဖေဖော်ဝါရီ ၂–၁၂, ၂၀၂၁ | ကွယ်လွန် | |
၂။ | ဦးငွန်ဆန်းအောင် | ဥက္ကဋ္ဌ | ၁၆ ဖေဖော်ဝါရီ - ၁ ဩဂုတ် ၂၀၂၁ |
ချင်းပြည်နယ်အစိုးရအဖွဲ့ကာလ (၁ ဩဂုတ် ၂၀၂၁ - ၃၁ ဇူလိုင် ၂၀၂၅)
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အိမ်စောင့်အစိုးရကို ပြင်ဆင်ဖွဲ့စည်းလိုက်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုကို "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့" များအဖြစ် အမိန်အမှတ် ၁၅၃/၂၀၂၁ အားဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၅]
- ဝန်ကြီးချုပ်
- ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊
- ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးဌာန၊
- ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးဌာန၊
- ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာ၊
- ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊
- ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊
- ဥပဒေချုပ်
- ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးဌာန (ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများတွင် ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ပြီး၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) များသည် စည်ပင်သာယာရေးဝန်ကြီးများ အဖြစ်သတ်မှတ်လိုက်သည်။
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။
စဉ် | အမည် | တာဝန်ထမ်းဆောင်ခြင်း | ဝန်ကြီးဌာန | ကိုးကား | ||
---|---|---|---|---|---|---|
စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | ||||
၁ | ဦးငွန်ဆန်းအောင် | ၁ ဩဂုတ် ၂၀၂၁ | ၁၉ ဩဂုတ် ၂၀၂၂ | ၃၈၃ | ဝန်ကြီးချုပ် | |
ဒေါက်တာဝုန်ဆွန်းထန် | ၁၉ ဩဂုတ် ၂၀၂၂ | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀၇၇ | |||
၂ | ဗိုလ်မှူးကြီး ဟန်ဝင်းအောင် | ၁ ဩဂုတ် ၂၀၂၁ | ၁၄၆၀ | လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန | ||
၃ | ဦးဟန်ကျင့်ဇမ်း | ၁ ဩဂုတ် ၂၀၂၁ | စီးပွားရေးရာ ဝန်ကြီးဌာန | |||
၄ | ဦးကျော်ငြိမ်း | ၁ ဩဂုတ် ၂၀၂၁ | သယံဇာတရေးရာ ဝန်ကြီးဌာန | |||
၅ | ဦးနေလင်း | ၁ ဩဂုတ် ၂၀၂၁ | လူမှုရေးရာ ဝန်ကြီးဌာန | |||
၆ | ရဲမှူးကြီး စိုးလွင်မိုး | ၁ ဩဂုတ် ၂၀၂၁ | လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန | |||
၇ | ဦးစိန်ထွန်းလှ | ၁ ဩဂုတ် ၂၀၂၁ | တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန | |||
၈ | ဦးခွထီးယိုး | ၃ မတ် ၂၀၂၁[၆] | ၂၄ မတ် ၂၀၂၁ | ဥပဒေချုပ် |
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီလက်ထက်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ်၊ ၁၃ /၂၀၂၅ အားဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်သည်။[၇]
စဉ် | အမည် | ရာထူးတာဝန် | တာဝန်ထမ်းဆောင်ခြင်း | ကိုးကား | ||
---|---|---|---|---|---|---|
စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | ||||
၁။ | ဒေါက်တာ ဝုန်ဆွန်းထန် | ဝန်ကြီးချုပ် | ၃၁ ဇူလိုင် ၂၀၂၅ | ၆၈ ရက် | ||
၂။ | ကြည်း ၃၀၁၈၄ ဗိုလ်မှူးကြီး ခင်မောင်ထွေး | လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး | ||||
၃။ | ဦးဝင်းဇော်ဦး | လူမှုရေးရာ ဝန်ကြီး | ||||
၄။ | ဦးနေလင်းအောင် | လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး | ||||
၅။ | ဦးစိန်ထွန်းလှ | တိုင်းရင်းသားရေးရာ ဝန်ကြီး | ||||
၆။ | ဦးဆွန်ဒုတ်ကျင့် | ပြည်နယ်ဥပဒေချုပ် | ||||
၇။ | ဦးဇော်ဝင်းဌေး | ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး | ||||
၈။ | ဒေါက်တာ လျန်ဇခုပ် | စီးပွားရေးရာ ဝန်ကြီးဌာန | ၇ ဩဂုတ် ၂၀၂၅ | ၆၁ ရက် | ||
၉။ | ဦးကောလ်လျန်ထန်း | သယံဇာတရေးရာ ဝန်ကြီးဌာန |
ဆက်လက် ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခန့်အပ်ခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 15 August 2025 တွင် ပြန်စစ်ပြီး။
- ↑ 2011-09-22 – ချင်းပြည်နယ်တွင် ဝန်ကြီးဌာန ဖြည့်စွက်သတ်မှတ်ခြင်း၊ ဝန်ကြီးပြောင်းလဲ တာဝန်ပေးအပ်ခြင်းနှင့် ဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း။ Shwe Net။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ "ချင်းပြည်နယ်အစိုးရအဖွဲ့"၊ နိုင်ငံတော်သမ္မတရုံး။ Archived from the original on 1 February 2021။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း။ Wikisource။ 2025-6-1 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၃ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်း။ CINDS။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ ခန့်အပ်တာဝန်ပေးခြင်း။ CINCDS။ 2025-7-31 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။ Myawaddy။ 2 August 2025 တွင် ပြန်စစ်ပြီး။