ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ
ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ | |
---|---|
အင်္ဂလိပ် အမည် | Unity and Development Party (UDP) |
ဥက္ကဋ္ဌ | ဒေါက်တာ ခင်မောင်ဦး |
တည်ထောင်ခြင်း | ၂ ဒီဇင်ဘာ ၂၀၂၄ |
ဌာနချုပ် | ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ACE အိမ်ရာ၊ စိန်ပန်းလမ်း၊ ခြံအမှတ် (၂၆) |
မှတ်ပုံတင်အမှတ် | ၅၅ |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (အင်္ဂလိပ်: Unity and Development Party, UADP) သည် သည် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပေါ်ထွက်လာသော ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီတည်ထောင်သူနှင့် ဥက္ကဋ္ဌမှာ ဒေါက်တာခင်မောင်ဦး ဖြစ်သည်။
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန်အတွက် နစကအသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့သည်။ ပါတီ တည်ထောင်ခွင့်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၇ ရက်နေ့တွင် ရရှိခဲ့သည်။[၁]
ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းကို စတင်ခဲ့ပြီး ၂၀၂၄ ဒီဇင်ဘာ ၂ ရက်တွင် ရွေးကောက်ပွဲကော်မရှင် ကြေညာချက် အမှတ် ၈/၂၀၂၄ အရ ပါတီမှတ်တင်ပုံတင်ခြင်းကို ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။[၂]
ပါတီမှတ်ပုံတင်အမှတ်မှာ (၅၅) ဖြစ်သည်။
ပါတီရုံးချုပ်
[ပြင်ဆင်ရန်]ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ACE အိမ်ရာ၊ စိန်ပန်းလမ်း၊ ခြံအမှတ် (၂၆) တွင် ပါတီရုံးချုပ်ကို ဖွင့်လှစ်ထားသည်။
ပါတီ ဦးဆောင်သူများ
[ပြင်ဆင်ရန်]- ဥက္ကဋ္ဌ - ဒေါက်တာ ခင်မောင်ဦး
- ဒုဥက္ကဋ္ဌ - ဦးဇော်လွင်မြင့်
ပြင်ပလင့်ခ်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ပါတီနှစ်ခု တည်ထောင်ခွင့်ပြု။ RFA Burmese။ 2025-7-10 တွင် ပြန်စစ်ပြီး။
- ↑ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [ Unity and Development Party (UADP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း]။ Ministry of Information။ ၁၀ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။