မာတိကာသို့ ခုန်သွားရန်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
 မြန်မာအစိုးရအဖွဲ့အစည်း
Union Election Commission
ကော်မရှင် အကျဉ်းချုပ်
ဖွဲ့စည်းခြင်းမတ် ၈၊ ၂၀၁၀; ၁၅ နှစ် အကြာက (၂၀၁၀-၀၃-08)
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများဦးသန်းစိုး၊ ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ
ဝက်ဘ်ဆိုက်uec.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (အင်္ဂလိပ်: Union Election Commission၊ အတိုကောက် UEC) သည် မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲကော်မရှင် တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ ရွေးကောက်ပွဲများကို ကြီးမှူးကျင်းပရန် တာဝန်ရှိသည့် အဖွဲ့အစည်း ဖြစ်သည်။ ကော်မရှင်သည် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများ စိစစ်မှတ်ပုံတင်ခြင်းကိုလည်း ဆောင်ရွက်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်

[ပြင်ဆင်ရန်]

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး မတ်လ ၁၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၁၀) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လုပ်ပိုင်ခွင့် အပ်နှင်းခဲ့သည်။[]

ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်

[ပြင်ဆင်ရန်]

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်ခြင်း

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် နစကက ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို တစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ ဥပဒေသစ်တွင် အခန်း ၅ ခန်းနှင့် ပုဒ်မ ၂၇ ခု ပါဝင်ပြီး ပါတီများဖွဲ့စည်းမှတ်ပုံတင်ရန် စံနှုန်းများကို သိသိသာသာ တိုးမြှင့်သတ်မှတ်ထားသောကြောင့် နိုင်ငံရေးပါတီများအကြား ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဓိကအားဖြင့် အခန်း (၂)၊ ပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ပုဒ်မများကို ဝေဖန်ခဲ့ကြခြင်း ဖြစ်ပါသည်။

ဥပဒေသစ်အရ ပါတီတည်ထောင်လိုပါက အနည်းဆုံး လူ ၁၅ ဦး ရှိရမည်ဖြစ်ပြီး တည်ထောင်သူများသည် အသက် ၂၅ နှစ် ပြည့်ရမည်။ ထို့ပြင် သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထောင်ကျနေသူ၊ သောင်းကျန်းသူ/အကြမ်းဖက်/မတရားအသင်းအဖွဲ့ဝင်၊ မူးယစ်ဆေးပြစ်မှုနှင့် ငြိစွန်းသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ရဟု သတ်မှတ်ထားသည်။[]

ပါတီဝင်ဦးရေ၊ ရန်ပုံငွေနှင့် ရုံးခန်းဆိုင်ရာ သတ်မှတ်ချက်များ

[ပြင်ဆင်ရန်]

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်၏ ပုဒ်မ ၅ (စ) အရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ (တစ်သိန်း) စည်းရုံးရမည်ဖြစ်သည်။ ယခင်ဥပဒေတွင် ၁၀၀၀ သာ လိုအပ်ခဲ့ရာ အဆ ၁၀၀ တိုးမြှင့်ထားသည်ကို တွေ့ရသည်။ တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမည်ဟု ပြဋ္ဌာန်းထားရာ ယခင် ၅၀၀ မှ နှစ်ဆ တိုးမြှင့်ထားသည်။

ပုဒ်မ ၅ (ဆ) တွင် ပါတီရန်ပုံငွေနှင့်ပတ်သက်၍ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဆိုလျှင် ကျပ်သိန်း ၁၀၀၀ နှင့် တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခု၌ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမည်ဟု ပြဋ္ဌာန်းထားသည်။ ဤပြဋ္ဌာန်းချက်သည် ဥပဒေဟောင်းတွင် မပါဝင်ဘဲ အသစ်ထည့်သွင်းထားခြင်း ဖြစ်သည်။

ပါတီရုံးခန်း ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ပုဒ်မ ၅ (ဇ) တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ ၏ အနည်းဆုံးထက်ဝက်ဖြစ်သော မြို့နယ် ၁၆၀ ကျော် (၁၆၅ မြို့နယ်) တွင် ရုံးခန်းများ ဖွင့်လှစ်ရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။ တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် အဆိုပါ တိုင်းနှင့် ပြည်နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့နယ် တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည် ဖြစ်သည်။ ဤပြဋ္ဌာန်းချက်သည်လည်း ယခင်ဥပဒေဟောင်းတွင် ပါဝင်ခြင်းမရှိသည့် အချက်ဖြစ်သည်။

အကျိုးဆက်များ

[ပြင်ဆင်ရန်]

နစက အသစ်ပြဋ္ဌာန်းလိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မများကြောင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ရန် နိုင်ငံရေးပါတီအချို့ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ ရလဒ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၅၀ (ရှိရင်းစွဲ) နှင့် ပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၁၅ ပါတီ (စုစုပေါင်း ၆၅ ပါတီ) ရှိခဲ့သော်လည်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီမှာ ၁၂ ပါတီသာ ရှိခဲ့ပါသည်။

တာဝန်၊ လုပ်ပိုင်ခွင့်နှင့် အပြီးအပြတ်ဖြစ်ခြင်း

[ပြင်ဆင်ရန်]

ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

(၁) လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပြခြင်း၊
(၂) လွှတ်တော် ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊
(၃) ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းစေခြင်း၊ ကြီးကြပ်ခြင်း နှင့် ကြီးကြပ်စေခြင်း၊
(၄) မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊
(၅) မဲစာရင်းများ ပြုစုခြင်း၊ ပြုစုစေခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြင်ဆင်စေခြင်း၊
(၆) သဘာဝ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေ လုံခြုံရေး အခြေအနေ အရ သော်လည်းကောင်း၊ လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်း နှင့် ပယ်ဖျက်ခြင်း၊
(၇) လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသိအမှတ် ပြုလွှာ ထုတ်ပေးခြင်း၊
(၈) ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေး နိုင်ရေးအတွက် ဥပဒေ နှင့်အညီ ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊
(၉) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၇၆၊ ပုဒ်မခွဲ ( ဇ ) အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့တွင် အဖွဲ့ဝင် အဖြစ် ရွေးချယ် ခန့်ထားရာ၌ ယင်းသို့ ရွေးချယ်ထားသည့် ပုဂ္ဂိုလ်နှင့် ပတ်သက်၍ ကန့်ကွက်ချက် များရှိပါက ယင်းကန့်ကွက် ချက်များကို စစ်ဆေး ဆုံးဖြတ် ပေးနိုင်ရေး အတွက် ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊
(၁၀) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆၊ ပုဒ်မခွဲ (က) နှင့် (ခ)တို့အရ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုကြောင်း သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင် များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်း တို့က ကော်မရှင်သို့ တင်ပြလာလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆၊ ပုဒ်မခွဲ (ဂ)၊ (ဃ)၊ (င) တို့နှင့်အညီ စစ်ဆေး ဆောင်ရွက်ခြင်း၊
(၁၁) ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရန်ပုံငွေ ခွဲဝေချထားခြင်း၊ အသုံးစရိတ် များကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊
(၁၂) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊
(၁၃) ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း၊

အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည် -

(၁) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊
(၂) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှု များနှင့် ပြင်ဆင်မှုများ၊
(၃) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စရပ်များ။

အဖွဲ့ဝင်အရည်အချင်း

[ပြင်ဆင်ရန်]

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကို အစိုးရမှ အောက်ပါသတ်မှတ်ချက်များဖြင့် ရွေးချယ်ခန့်အပ်သည်။[]

  • အသက် ၅၀ နှင့် အထက်ရှိသူ
  • ကောင်းမွန်သည့် ဂုဏ်သတင်းရှိသူဟု အစိုးရမှ သတ်မှတ်ခံထားရသူ
  • ဂုဏ်သိက္ခာ၊ သမာဓိနှင့် အတွေ့အကြုံရင့်ကျက်သူ
  • နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိသူ
  • မည်သည့် နိုင်ငံရေးပါတီများနှင့် ပါဝင်ပတ်သက်ခြင်း မရှိသူ
  • မည်သည့် ရုံးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိသူ

ကော်မရှင်ဥက္ကဋ္ဌများ

[ပြင်ဆင်ရန်]
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌများ
စဉ် ကော်မရှင်ဥက္ကဋ္ဌ တာဝန်ကာလ တာဝန်သက်တမ်း
၁။ ဦးသိန်းစိုး ၈ မတ် ၂၀၁၀ - ၃၀ မတ် ၂၀၁၁  နှစ်၊ ၂၂ ရက်
၂။ ဦးတင်အေး ၃၀ မတ် ၂၀၁၁ - ၃၀ မတ် ၂၀၁၆  နှစ်၊  ရက်
၃။ ဦးလှသိန်း ၃၀ မတ် ၂၀၁၆ - ၃၁ ဇန်နဝါရီ ၂၀၂၁  နှစ်၊ ၃၀၇ ရက်
၄။ ဦးသိန်းစိုး ၂ ဖေဖော်ဝါရီ ၂၀၂၁ - ၃၁ ဇန်နဝါရီ ၂၀၂၄  နှစ်၊ ၃၆၃ ရက်
၅။ ဦးကိုကို [] ၃၁ ဇန်နဝါရီ ၂၀၂၄ - လက်ရှိ  နှစ်၊ ၂၄၉ ရက်
၆။ ဦးသန်းစိုး [] ၃၁ ဇူလိုင် ၂၀၂၅ - လက်ရှိ ၆၈ ရက်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီလက်ထက်

[ပြင်ဆင်ရန်]

ဦးသန်းစိုး ဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ကော်မရှင်အဖွဲ့ဝင်များ
စဉ် အမည် တာဝန်ထမ်းဆောင်သည့်ကာလ ရက်ပေါင်း
၁။ ဦးသန်းစိုး ဥက္ကဋ္ဌ ၃၁ ဇူလိုင် ၂၀၂၅ - ယနေ့ထိ ၆၈ ရက်
၂။ ဦးအောင်မိုးမြင့် အဖွဲ့ဝင် ၃၁ ဇူလိုင် ၂၀၂၅ - ယနေ့ထိ ၆၈ ရက်
၃။ ဦးအောင်လွင်ဦး
၄။ ဦးအောင်စောဝင်း
၅။ ဦးမြင့်ဦး
၆။ ဦးခင်မောင်ဦး
၇။ ဦးမြင့်သိန်း
၈။ ဦးကိုကိုလွင်
၉။ ဦးသန်းအောင်ကျော်
၁၀။ ဦးခင်ဇော်
၁၁။ ဦးမျိုးလှိုင်
၁၂။ ဦးသန်းထွတ်သိန်း
၁၃။ ဦးတင်ဆွေဝင်း
၁၄။ ဦးအောင်မြင့်လွင်
၁၅။ ဦးခင်မောင်ကြီး အဖွဲ့ဝင် ၉ စက်တင်ဘာ ၂၀၂၅ - ယနေ့ထိ ၂၈ ရက်
၁၆။ ဦးမျိုးမောင်
၁၇။ ဦးကြည်သိန်း
၁၈။ ဒေါ်ခင်သင်းဝေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်

[ပြင်ဆင်ရန်]

ဦးကိုကို ဦးဆောင်သည့် ကောင်မရှင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များ
စဉ် အမည် တာဝန်ထမ်းဆောင်သည့်ကာလ ရက်ပေါင်း
၁။ ဦးကိုကို ဥက္ကဋ္ဌ ၃၁ ဇန်နဝါရီ ၂၀၂၄ ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၁၈၁ ရက်
၂။ ဦးသန်းစိုး ဒုတိယဥက္ကဋ္ဌ ၂၆ ဖေဖော်ဝါရီ ၂၀၂၁  နှစ်၊ ၁၅၅ ရက်
၃။ ဦးသန်းထွန်း အဖွဲ့ဝင် ၂ ဖေဖော်ဝါရီ ၂၀၂၁  နှစ်၊ ၁၇၉ ရက်
၄။ ဦးအောင်စောဝင်း
၅။ ဦးစိုးဦး ၉ ဖေဖော်ဝါရီ ၂၀၂၁  နှစ်၊ ၁၇၂ ရက်
၆။ ဦးအောင်မိုးမြင့် ၂၃ ဖေဖော်ဝါရီ ၂၀၂၁  နှစ်၊ ၁၅၈ ရက်
၇။ ဦးအောင်လွင်ဦး
၈။ ဦးမြင့်ဦး ၂၆ ဖေဖော်ဝါရီ ၂၀၂၁  နှစ်၊ ၁၅၅ ရက်
၉။ ဦးခင်မောင်ဦး
၁၀။ ဦးမြင့်သိန်း
၁၁။ ဦးကိုကိုလွင် ၁ ဧပြီ ၂၀၂၂  နှစ်၊ ၁၂၁ ရက်
၁၂။ ဦးသန်းအောင်ကျော် ၁၀ ဩဂုတ် ၂၀၂၂  နှစ်၊ ၃၅၅ ရက်
၁၃။ ဦးခင်ဇော် ၂၅ စက်တင်ဘာ ၂၀၂၃  နှစ်၊ ၃၀၉ ရက်
၁၄။ ဦးမျိုးလှိုင်[] ၃၁ ဇန်နဝါရီ ၂၀၂၄  နှစ်၊ ၁၈၁ ရက်
  • ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၈/၂၀၂၅ အားဖြင့် ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ဝင် ဦးသန်းစိုး အား ကော်မရှင် ဒုတိယဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့သည်။ []

၂၀၁၆ အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတက ခန့်အပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှာ [၁၀]

  1. ဦးလှသိန်း (ဥက္ကဋ္ဌ)
  2. ဦးအောင်မြင့် (အဖွဲ့ဝင်)
  3. ဦးစိုးရယ် (အဖွဲ့ဝင်)
  4. ဦးထွန်းခင် (အဖွဲ့ဝင်)
  5. ဦးလှတင့် (အဖွဲ့ဝင်)
  6. ဦးမြင့်နိုင် (အဖွဲ့ဝင်)
  7. ဦးသန်းဌေး (အဖွဲ့ဝင်)
  8. ဦးညွန့်စိန် (အဖွဲ့ဝင်)
  9. ဦးသက်ထွန်း (အဖွဲ့ဝင်)
  10. ဦးမြင့်အောင့် (အဖွဲ့ဝင်)
  11. ဦးစောဒယ်နီရယ်ကြည် (အဖွဲ့ဝင်)
  12. ဦးအောင်စိုးဝင်း (အဖွဲ့ဝင်)
  13. ဦးသန်းအောင် (အဖွဲ့ဝင်)
  14. ဦးမင်းဆွေ (အဖွဲ့ဝင်)
  15. ဦးဆွေတင့်လွင် (အဖွဲ့ဝင်)

၂၀၁၁ အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

၂၀၁၁ မတ်လ ၃၀ရက်နေ့တွင် နိုင်ငံတော်သမ္မတက ခန့်အပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှာ -

  1. ဦးတင်အေး (အဖွဲ့ဝင်)
  2. ဦးမြင့်နိုင် (အဖွဲ့ဝင်)
  3. ဦးအောင်မြင့် (အဖွဲ့ဝင်)
  4. ဦးသာဦး (အဖွဲ့ဝင်)
  5. ဒေါက်တာ ဒေါ်မြင့်ကြည် (အဖွဲ့ဝင်)
  6. ဦးဝင်းကြည် (အဖွဲ့ဝင်)
  7. ဦးညွှန့်တင် (အဖွဲ့ဝင်)
  8. ဦးဝင်းကို (အတွင်းရေးမှူး)

၂၀၁၀ အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

ကော်မရှင်၏ အဖွဲ့ဝင် ၁၈ ဦးကို ၂၀၁၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။[]၂၀၁၀ ခုနှစ် မတ်လ ၀၈ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ခန့်အပ်တာဝန်ပေးထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များမှာ - [][၁၁]

  1. ဦးသိန်းစိုး (ဥက္ကဋ္ဌ)
  2. ဦးအင်ဇော်နော် (အဖွဲ့ဝင်)
  3. ဦးခင်မောင်နု (အဖွဲ့ဝင်)
  4. ဦးစောဘလှိုင် (အဖွဲ့ဝင်)
  5. ဒေါက်တာဘမောင် (အဖွဲ့ဝင်)
  6. ဦးညွန့်တင် (အဖွဲ့ဝင်)
  7. ဦးမောင်သာလှ (အဖွဲ့ဝင်)
  8. ဒေါက်တာစိုင်းခမ်းလှိုင် (အဖွဲ့ဝင်)
  9. ဦးအောင်မြင့် (အဖွဲ့ဝင်)
  10. ဦးမြင့်နိုင် (အဖွဲ့ဝင်)
  11. ဒေါက်တာတင်အောင်အေး (အဖွဲ့ဝင်)
  12. ဒေါ်ခင်လှမြင့် (အဖွဲ့ဝင်)
  13. ဒေါက်တာဒေါ်မြင့်ကြည် (အဖွဲ့ဝင်)
  14. ဦးသာဦး (အဖွဲ့ဝင်)
  15. ဒေါက်တာမောင်ထူး (အဖွဲ့ဝင်)
  16. ဦးသာဌေး (အဖွဲ့ဝင်)
  17. ဦးဝင်းကြည်
  18. ဦးဝင်းကို (အတွင်းရေးမှူး) [၁၂]

အဓိကဖြစ်ရပ်များ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို ထိန်းချုပ်ပြီးနောက်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၎င်းဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည် - [၁၃]

  1. ဦးသိန်းစိုး (ဥက္ကဋ္ဌ)
  2. ဦးသောင်းတင် (အဖွဲ့ဝင်)[မှတ်စု ၁] [၁၅]
  3. ဦးသန်းထွန်း (အဖွဲ့ဝင်)
  4. ဦးကျောက် (အဖွဲ့ဝင်)
  5. ဦးအောင်စောဝင်း (အဖွဲ့ဝင်)
  6. ဦးသန်းဝင်း (အဖွဲ့ဝင်)[၁၆]

ကနဦးဖွဲ့စည်းပြီးနောက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဖွဲ့ဝင်များ အပြောင်းအလဲများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်-

  • ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်: ဦးစောဘလှိုင်နှင့် ဦးစိုးဦးတို့အား အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်။[၁၇]
  • ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်: ဦးသောင်းတင်အား ဦးအောင်မိုးမြင့်ဖြင့်လည်းကောင်း၊ ဦးကျောက်အား ဦးအောင်လွင်ဦးဖြင့်လည်းကောင်း အစားထိုးခန့်အပ်ခဲ့သည်။[၁၈]
  • ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်: ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဒေါ်နုမြစံ၊ ဦးမြင့်သိန်းနှင့် ဒေါက်တာဘမောင်တို့အား ထပ်မံ၍ ကော်မရှင်အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်။
  • ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်: ဦးတင်မောင်ဆွေအား အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။[၁၉]
  • ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်: ဦးကိုကိုလွင်အား အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။[၂၀]
  • ၂၀၂၂ ခုနှစ် မေ ၂ ရက်: သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးမင်းမင်းဦးအား ကော်မရှင်အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း “မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်” စာအုပ်ကို ထုတ်ဝေခဲ့သည်။ [၂၁]

၂၀၂၃-၂၀၂၄

[ပြင်ဆင်ရန်]
  • ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်: ဦးစောဘလှိုင်၊ ဒေါက်တာဘမောင်နှင့် ဦးမင်းမင်းဦးတို့အား တာဝန်မှ အနားယူခွင့်ပေးခဲ့သည်။ [၂၃]ထို့ပြင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ ပြောင်းရွှေ့ခဲ့သည်။[၂၄]
  • ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်: ကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြစံအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့သည်။[၂၅]
  • ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်: အဖွဲ့ဝင် ဦးဘရန်ရှောင်အား အနားပေးကာ ဦးခင်ဇော်အား အဖွဲ့ဝင်အသစ်အဖြစ် ခန့်အပ်ခဲ့သည်။[၂၆][၂၇]
  • ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်: ကော်မရှင်ဥက္ကဋ္ဌအား အသစ်လဲလှယ်ခြင်းနှင့် ကော်မရှင်အဖွဲ့ဝင်အသစ်များ ခန့်အပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မှတ်စု

[ပြင်ဆင်ရန်]
  1. ဦးသောင်းတင်မှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သစ်တွင် ပါဝင်ရန် ငြင်းဆန်ခဲ့သည်။၂၀၂၁ ဖေဖော်ဝါရီ ၂၃ရက်တွင် ၎င်းအစား ဦးအောင်မိုးမြင့်နှင့် အစားထိုးခန့်အပ်ကြောင်း စစ်ကောင်စီက စာထုတ်ပြန်သည်။[၁၄]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 "Election Commission"၊ Mizzima Election 2010၊ Mizzima 27 March 2012 တွင် ပြန်စစ်ပြီး Archived from the original on 9 April 2012။
  2. 1 2 "Situation of human rights in Myanmar" (14 September 2010). Report of the Secretary-General. United Nations General Assembly. 23 November 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . မော်ကွန်းတင်ပြီးမိတ္တူ 23 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။ မော်ကွန်းတင်ပြီးမိတ္တူ 23 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။
  3. နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဘယ်အချက်တွေကို ပြင်ဆင်လိုက်သလဲ Eleven Media။ 2025-6-11 တွင် ပြန်စစ်ပြီး။
  4. Union Election Commission Law New Light of Myanmar (8 March 2010)။ 3 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2012 တွင် ပြန်စစ်ပြီး။
  5. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၁၀ စက်တင်ဘာ ၂၀၂၅)။ ၉ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌတာဝန် ပေးအပ် One News Myanmar။ 3 August 2025 တွင် ပြန်စစ်ပြီး။
  10. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း နိုင်ငံတော်သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ 1 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  11. "Profiles of Union Election Commission Members"၊ Burma Election 2010၊ The Irrawaddy၊ 23 March 2010 27 March 2012 တွင် ပြန်စစ်ပြီး Archived from the original on 21 July 2015။
  12. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း (၂၀၁၀) UEC Myanmar 3 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. "ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သစ် စစ်ကောင်စီ ခန့်အပ်"၊ DVB news၊ ၂ ဖေဖော်ဝါရီ ၂၀၂၁။
  14. "Public Backlash, Sanctions Threat Put Myanmar Junta Appointees in Tight Spot"၊ The Irrawaddy၊ 8 February 2021။
  15. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၈၆ /၂၀၂၁ ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ အစားထိုးခန့်အပ်ခြင်း
  16. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်(၇/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း CINCDS Myanmar (၂ ဖေဖော်ဝါရီ၂၀၂၁)။ ၂၅ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  17. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခြင်း မြန်မာ့ဥပဒေသတင်းအချက်အလက်စနစ် (၉ ဖေဖော်ဝါရီ၂၀၂၁)။ 17 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  18. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၈၆ /၂၀၂၁ ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ အစားထိုးခန့်အပ်ခြင်း CINCDS Myanmar (၂၃ ဖေဖော်ဝါရီ၂၀၂၁)။ ၂၅ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  19. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ခန့်အပ်တာဝန်ပေးခြင်း CINCDS Myanmar (၃ ဖေဖော်ဝါရီ၂၀၂၂)။ ၂၅ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  20. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း MWD Webportal (၁ ဧပြီ၂၀၂၂)။ ၂၅ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  21. ဝယ်ယူဖတ်ရှုနိုင်သည့်စာအုပ်များ UEC။ 2025-6-21 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-21 တွင် ပြန်စစ်ပြီး။
  22. ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တို့ကို ခန့်အပ် Eleven (၁၀ ဩဂုတ် ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  23. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၂ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) တာဝန်မှအနားယူခွင့်ပြုခြင်း CINCDS (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  24. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၁ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း CINCDS (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  25. ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း MOI (၂ ဖေဖော်ဝါရီ ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  26. တာဝန်မှ အနားယူခွင့်ပြုခြင်း MOI Myanmar (၂၅ စက်တင်ဘာ ၂၀၂၃)။ ၂၅ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  27. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၂၅ စက်တင်ဘာ ၂၀၂၃)။ ၂၅ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  28. ရွေးကောက်ပွဲ ဥပဒေ တတိယအကြိမ် ပြင်ဆင် ပြဋ္ဌာန်း BBC Burmese (2025-6-20)။ 2025-6-21 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-21 တွင် ပြန်စစ်ပြီး။
  29. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ တွေ့ဆုံဆွေးနွေး Ministry of Information။ 2025-6-27 တွင် ပြန်စစ်ပြီး။