မာတိကာသို့ ခုန်သွားရန်

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
Ministry of Electric Power
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ယခင်အဖွဲ့အစည်းလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်နေပြည်တော်
ဝန်ကြီးများဦးဉာဏ်ထွန်း
ဒုတိယဝန်ကြီးများဦး​​အေး​ကျော်
ဝက်ဘ်ဆိုက်moep.gov.mm

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Electric Power; အတိုကောက် MOEP) သည် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားရေးရာ မူဝါဒများကို ကိုင်တွယ်ရသော ဝန်ကြီးဌာနဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဦးသိန်းစိန်အစိုးရ

[ပြင်ဆင်ရန်]

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ကို နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၁၂ ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[]

ဦးထင်ကျော်အစိုးရ

[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

နစကအစိုးရ

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ၂၀၂၂ ခုနှစ် မေလ ၂ ရက်စွဲပါ အမိန့်အမှတ်(၃၃/၂၀၂၂) ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် စွမ်းအင်ဝန်ကြီးဌာန အဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[]

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂)၏ သဘောတူခွင့်ပြုချက်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်  ဦးစီးဌာန(၃)ခု၊ လုပ်ငန်း(၂)ခု နှင့် ကော်ပိုရေးရှင်း(၂)ခုတို့ ပါဝင်ပါသည်။

ဌာနများ

[ပြင်ဆင်ရန်]

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်တွင်

  1. လျှပ်စစ်စွမ်းအား ဦးစီးဌာန၊
  2. ရေအားလျှပ်စစ်စီမံရေး ဦးစီးဌာန၊
  3. ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊
  4. ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊
  5. မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊
  6. လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊
  7. ရန်ကုန် လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်းနှင့်
  8. မန္တလေးမြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပါဝင်သည်။

ဝန်ကြီးဌာန အကြီးအကဲများ

[ပြင်ဆင်ရန်]

ပြည်ထောင်စုဝန်ကြီးများ

[ပြင်ဆင်ရန်]
ပြည်​ထောင်စုဝန်ကြီးများ (၂၀၁၂ - ယနေ့အထိ)
စဉ် ပုံ အမည် တာဝန်သက်တမ်း ဒုတိယဝန်ကြီး သမ္မတ ဝန်ကြီးချုပ် အစိုးရ ရင်းမြစ်
၁။ ဦးခင်မောင်စိုး ၅ စက်တင်ဘာ ၂၀၁၂ ၃၀ မတ် ၂၀၁၆  နှစ်၊ ၂၀၇ ရက် သိန်းစိန် ရာထူးမရှိ။ ဦးသိန်းစိန်အစိုးရ []
ဝန်ကြီးဌာနဖျက်သိမ်းခဲ့။
စဉ် ပုံ အမည် တာဝန်သက်တမ်း ဒုတိယဝန်ကြီး သမ္မတ ဝန်ကြီးချုပ် အစိုးရ ရင်းမြစ်
၂။ ဦးသောင်းဟန် ၂ ​မေ ၂၀၂၂ ၂ ဩဂုတ် ၂၀၂၃  နှစ်၊ ၉၂ ရက် ဒေါက်တာအောင်ဇေယျ မြင့်ဆွေ (ယာယီ) မင်းအောင်လှိုင် မင်းအောင်လှိုင်အစိုးရ [][]
စွမ်းအင်ဝန်ကြီး အဖြစ် ပူးတွဲထမ်းဆောင်။
၃။ ဦးဉာဏ်ထွန်း ၃ ဩဂုတ် ၂၀၂၃ - လက်ရှိ ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၄၈ ရက် ဦးအေးကျော်
  • မြင့်ဆွေ (ယာယီ)
  • မင်းအောင်လှိုင် (ယာယီ)
မင်းအောင်လှိုင် မင်းအောင်လှိုင်အစိုးရ []
၃၁ ဇူလိုင် ၂၀၂၅ ယနေ့အထိ ၅၁ ရက် မင်းအောင်လှိုင် (ယာယီ) ညိုစော ဦးညိုစောအစိုးရ []

ဒုတိယဝန်ကြီးများ

[ပြင်ဆင်ရန်]
ဒုတိယဝန်ကြီးများ (၂၀၁၂ - ယနေ့အထိ)
စဥ် ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခြင်း ပြည်ထောင်စုဝန်ကြီး အစိုးရ ရင်းမြစ်
ဝန်ကြီးဌာနဖျက်သိမ်းခဲ့။
စဥ် ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခြင်း ပြည်ထောင်စုဝန်ကြီး အစိုးရ ရင်းမြစ်
၁။ ဒေါက်တာ အောင်ဇေယျ ၂ ​မေ ၂၀၂၂[မှတ်စု ၁] ဧပြီ ၂၀၂၃ ဦးသောင်းဟန် မင်းအောင်လှိုင်အစိုးရ
၂။ ဦးအေးကျော် ၂၀၂၃ ၃၁ ဇူလိုင် ၂၀၂၅ ဦးဉာဏ်ထွန်း
၃၁ ဇူလိုင် ၂၀၂၅ ယနေ့အထိ ၅၁ ရက် ဦးညိုစောအစိုးရ

အခြားဖတ်ရှုရန်

[ပြင်ဆင်ရန်]

မှတ်စု

[ပြင်ဆင်ရန်]
  1. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စိ အမိန့်အမှတ် ၃၉/၂၀၂၂

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 မြန်မာ့အလင်းသတင်းစာ ၆ စက်တင်ဘာ ၂၀၁၂ Online Burma Library။ ၁၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. "ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း"။
  3. "ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း"။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၉ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်) တာဝန်မှအနားယူခွင့်ပြုခြင်း MOI Myanmar (၂ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]