အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
![]() | |
---|---|
National Defence and Security Council | |
![]() | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းခြင်း | ၃၁ မတ် ၂၀၁၁ |
အဖွဲ့အစည်းအမျိုးအစား | ကောင်စီ |
ဌာနချုပ် | နေပြည်တော် |
ဌာနအကြီးအမှူးများ | မင်းအောင်လှိုင်၊ ယာယီသမ္မတ (တာဝန်) |
မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) |
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (အတိုကောက်: ကာလုံ) (အင်္ဂလိပ်: National Defence and Security Council အတိုကောက် NDSC) သည် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားအဆင့် လုံခြုံရေးကောင်စီ တစ်ခုဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ရှိအဖွဲ့အစည်း ဖြစ်သည်။[၁] ကောင်စီကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[၂][၃] အဖွဲ့ဝင် ၁၁ ဦးအနက် ၅ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည်။[၃][၄] တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အစီရင်ခံရသည်။[၅] ကောင်စီကို မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၂၀၁ အရ ဖွဲ့စည်းခြင်း ဖြစ်သည်။[၆]
အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။
- နိုင်ငံတော်သမ္မတ
- ဒုတိယသမ္မတ
- ဒုတိယသမ္မတ
- ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
- အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
- ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
- ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး
- နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး
- ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး
- နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ
တစိတ်တဒေသ ဖြစ်သည်- ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
- အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
- အမှုဆောင်ချုပ်: အောင်လင်းဒွေး
- တွဲဖက်အမှုဆောင်ချုပ်:ရဲဝင်းဦး
- သမ္မတ (စာရင်း)
- မင်းအောင်လှိုင် (ယာယီ)
- ဒုတိယ သမ္မတများ
- ဒုသမ္မတ-၁ ရာထူးလစ်လပ်
- ဒုသမ္မတ-၂- ရာထူးလစ်လပ်
- နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
တရားစီရင်ရေး- တရားလွှတ်တော်ချုပ်
- ပြည်ထောင်စုတရားသူကြီးချုပ်: ဦးသာဌေး
- တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ
- ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
- ဥက္ကဋ္ဌ: အောင်ဇော်သိန်း
- အခွန်အယူခံခုံအဖွဲ့
စစ်ပြိုင်အစိုးရအဖွဲ့- ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
- အမျိုးသားညီညွတ်ရေးအစိုးရ
- သမ္မတ: ဒူဝါလရှီးလ (ယာယီ)
- ဝန်ကြီးချုပ်: မန်းဝင်းခိုင်သန်း
- ဒုသမ္မတ: ဒူဝါလရှီးလ
အခြားအကြောင်းအရာများမြန်မာနိုင်ငံ မုခ်ဝ
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၃/၂၀၂၅) ကို ကျင်းပခဲ့ပြီး၊ ယင်းအစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကောင်စီအဖွဲ့ဝင်များအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကဲ့သို့သော အထူးဖိတ်ကြားခံရသူများလည်း တက်ရောက်ခဲ့ကြသည်။[၇]
အစည်းအဝေးတွင် ပုဒ်မ ၄၂၆ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အာဏာလွှဲအပ်သည့်အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာပြီးနောက်၊ ပုဒ်မ ၄၂၇ (က) အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကာလုံမှ ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပုဒ်မ ၄၂၇ (ခ) အရ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးနောက် အဖွဲ့အစည်းများ ဖွဲ့စည်းသည်အထိ အာဏာကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကိုမူ သင့်လျော်သည့် အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို လွှဲအပ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ ပုဒ်မ ၄၂၉ အရ ကာလုံသည် အမိန့်ကို ပယ်ဖျက်သည့်နေ့မှစ၍ ၆ လအတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ထို့ကြောင့် ကာလုံသည် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်နှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ ဆက်လက်လည်ပတ်နိုင်ရန် အစိုးရအဖွဲ့၊ တရားစီရင်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အုပ်ချုပ်မှုဆိုင်ရာ ပြင်ဆင်ဖွဲ့စည်းမှုများ
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ဖြင့် ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရရှိသော ကာလုံတွင် ယခင်က ရုံးအဖွဲ့မရှိခဲ့သော်လည်း ယခုအခါ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ဟူသော ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် ကြေညာခဲ့ပါသည်။ ထို့အပြင် ကာလုံရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်အား ခန့်အပ်ခဲ့ပါသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကိုလည်း ယခင်စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများအပါအဝင် ၁၅ ဦးဖြင့် ပြန်လည်ခန့်အပ်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဦးသန်းစိုး ဦးဆောင်ကာ ၁၄ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အုပ်ချုပ်ရေးအာဏာ သုံးရပ်လုံးကို ကာလုံကနေ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရဖွဲ့စည်းခြင်း၊ တရားသူကြီးများ ခန့်အပ်ခြင်း၊ ပြည်နယ်နှင့် တိုင်းဦးစီးမှူးများ ခန့်အပ်ခြင်း စသည်တို့ကို ကာလုံရုံး၏ အမိန့်များအဖြစ် ကြေညာခဲ့သည်။
အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲများ
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လသက်တမ်း ဇူလိုင် ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးနောက်၊ အဆိုပါကောင်စီကို ထပ်မံသက်တမ်းတိုးမပေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဖွဲ့အစည်းအသစ်များ ဖွဲ့စည်းခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၃/၂၀၂၅ ဖြင့် "ပြည်ထောင်စုအစိုးရအဖွဲ့" အသစ်ကို ဖွဲ့စည်းပြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစောကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။[၈]
အမိန့်အမှတ် ၄/၂၀၂၅ ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။[၉]
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကာလုံတွင် ယခင်က ရုံးအဖွဲ့မရှိခဲ့သော်လည်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကာလုံရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်အား ခန့်အပ်ခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကိုလည်း ယခင် စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများအပါအဝင် ၁၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့အတူ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဦးသန်းစိုး ဦးဆောင်ကာ ၁၄ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
အရေးပေါ်နှင့် စစ်အုပ်ချုပ်ရေး ကြေညာချက်များ
[ပြင်ဆင်ရန်]တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေညာထားသည့် အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင်မူ အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးတို့ကို ပြန်လည်ကြေညာခဲ့သည်။
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၅) ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များတွင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၂/၂၀၂၅) ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်အရ အဆိုပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်းလိုက်ပါသည်။ ထိုလုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကာကွယ်ရေးဦးစီးချုပ်က မိမိကိုယ်တိုင် သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်ကြောင်းလည်း ဖော်ပြထားသည်။ ဤအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်မည်ဖြစ်သည်။
ယာယီသမ္မတ (တာဝန်) မင်းအောင်လှိုင်၏ အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် ပေါ်ပေါက်လာသော အဖွဲ့ဖြစ်သည်။ အရေးပေါ်အခြေအနေကာလအား (၆) လ သက်တမ်းထပ်မံတိုးပေးခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးကြောင့် ယာယီသမ္မတ (တာဝန်) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံ လွှဲပြောင်းရာမှတဆင့် ပေါ်ပေါက်လာသော အဖွဲ့လည်းဖြစ်သည်။
ရာထူး | အမည် |
---|---|
နိုင်ငံတော် သမ္မတ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ-(တာဝန်))[၁၀] |
ဒုတိယသမ္မတ ၁ | လစ်လပ် |
ဒုတိယသမ္မတ ၂ | လစ်လပ် |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | ဦးတီခွန်မြတ် |
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | လစ်လပ် |
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
ကာကွယ်ရေးဝန်ကြီး | • ဗိုလ်ချုပ်ကြီး တင်အောင်စန်း(၃.၈.၂၀၂၃ - ၁၈.၁၂.၂၀၂၄)
• ဗိုလ်ချုပ်ကြီး မောင်မောင်အေး (၁၈.၁၂.၂၀၂၄ - လက်ရှိ) |
ပြည်ထဲရေးဝန်ကြီး |
|
နိုင်ငံခြားရေးဝန်ကြီး | ဦးသန်းဆွေ |
နယ်စပ်ရေးရာဝန်ကြီး |
|
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး
[ပြင်ဆင်ရန်]- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ရှိသော ကာလုံတွင် ယခင်က ရုံးအဖွဲ့ မရှိခဲ့သော်လည်း ယခုအခါ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ဟူသော ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် ကြေညာခဲ့သည်။
စဉ် | အမည် | ရာထူး | တာဝန်သက်တမ်း | ရင်းမြစ် |
---|---|---|---|---|
၁။ | ဦးအောင်လင်ဒွေး | အမှုဆောင်ချုပ် | ၃၁ ဇူလိုင် ၂၀၂၅ | [၁၁] |
၂။ | ဗိုလ်ချုပ်ကြီး ရဲဝင်ဦး | တွဲဖက်အမှုဆောင်ချုပ် |
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်ကို နစက ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် ခေါင်းဆောင်မှုဖြင့် ဖွဲ့စည်းလိုက်သည်။ [၁၂]
စဉ် | အမည် | ရာထူး | တာဝန်သက်တမ်း |
---|---|---|---|
၁။ | ဦးစောထွန်းအောင်မြင့် | အဖွဲ့ခေါင်းဆောင် | ၃၁ ဇူလိုင် ၂၀၂၅ |
၂။ | ဦးသိန်းညွန့် | အဖွဲ့ဝင် | |
၃။ | ဦးခင်မောင်ဆွေ | ||
၄။ | အေးနုစိန် | ||
၅။ | စောဒန်နီယယ် | ||
၆။ | ဒေါက်တာ ဗညားအောင်မိုး | ||
၇။ | ဒေါက်တာ မောင်မောင်နိုင် | ||
၈။ | ဦးရွှေကြိမ်း | ||
၉။ | ဦးရန်ကျော် | ||
၁၀။ | ဦးဝဏ္ဏမောင်လွင် | ||
၁၁။ | မန်းငြိမ်းမောင် | ||
၁၂။ | ဒေါ်ဒွဲဘူ | ||
၁၃။ | ပိုးရယ်အောင်သိန်း | ||
၁၄။ | ဒေါက်တာမှုထန် | ||
၁၅။ | ဒေါက်တာဘရွှေ | ||
၁၆။ | ခွန်စံလွင် |
ထုတ်ပြန်သည့် အမိန့်များ
[ပြင်ဆင်ရန်]နိုင်ငံတော် အခြေအနေ ကြေညာချက် (၃၁ ဇူလိုင် ၂၀၂၅)
[ပြင်ဆင်ရန်]အောက်ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်များကို ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
စဉ် | ခေါင်းစဉ် | ရင်းမြစ် |
---|---|---|
၁။ | ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၅ - အရေးပေါ်အခြေအနေ ကြေညာခြင်း | [၁၃] |
၂။ | ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၅ - စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း | [၁၄] |
စဉ် | စစ်အုပ်ချုပ်ရေးအမိန့်များ | ရင်းမြစ် |
၁။ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁ /၂၀၂၅ | [၁၅] |
၂။ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၅ | [၁၆] |
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်များ
[ပြင်ဆင်ရန်]အောက်ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်များကို ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
စဉ် | အမိန့်အမှတ် | ခေါင်းစဉ် | ရင်းမြစ် |
---|---|---|---|
၁။ | ၁/၂၀၂၅ | နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်အား ပယ်ဖျက်ခြင်း | [၁၇] |
၂။ | ၂/၂၀၂၅ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်း | [၁၈] |
၃။ | ၃/၂၀၂၅ | ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း | [၁၉] |
၄။ | ၄/၂၀၂၅ | နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း | [၂၀] |
၅။ | ၅/၂၀၂၅ | ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း | [၂၁] |
၆။ | ၆/၂၀၂၅[မှတ်စု ၁] | အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း | [၂၂] |
၇။ | ၇/၂၀၂၅ | လွတ်ငြိမ်းချမ်းသာခွင့်အမိန့် | [၂၃] |
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်များ
[ပြင်ဆင်ရန်]အောက်ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်များကို အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
အမိန့်အမှတ် | ခေါင်းစဉ် | ရင်းမြစ် | |
---|---|---|---|
၁။ | ၁/၂၀၂၅ | ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း | [၂၄] |
၂။ | ၂/၂၀၂၅ | နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း | [၂၅] |
၃။ | ၃/၂၀၂၅ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း | [၂၆] |
၄။ | ၄/၂၀၂၅ | ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | [၂၇] |
၅။ | ၅/၂၀၂၅ | ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း | [၂၈] |
၆။ | ၆/၂၀၂၅ | ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း | [၂၉] |
၇။ | ၇/၂၀၂၅ | ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း | [၃၀] |
၈။ | ၈/၂၀၂၅ | အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း | [၃၁] |
၉။ | ၉/၂၀၂၅ | မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း | [၃၂] |
၁၀။ | ၁၀/၂၀၂၅ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း | [၃၃] |
၁၁။ | ၁၁/၂၀၂၅ | မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း | [၃၄] |
၁၂။ | ၁၂/၂၀၂၅ | နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဦးစီးအဖွဲ့များ ဖွဲ့စည်းခြင်း | [၃၅] |
၁၃။ | ၁၃/၂၀၂၅ | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း | [၃၆] |
၁၄။ | ၁၄/၂၀၂၅ | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်း | [၃၇] |
၁၅။ | ၁၅/၂၀၂၅ | စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း | [၃၈] |
၁၆။ | ၁၆/၂၀၂၅ | ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း | [၃၉] |
အမိန့်အမှတ် ၁၇-၂၂ ကို မထုတ်ပြန်ထား။ | |||
၁၇။ | ၂၃/၂၀၂၅ | ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း | [၄၀] |
၁၈။ | ၂၄/၂၀၂၅ | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | [၄၁] |
၁၉။ | ၃၆/၂၀၂၅ | မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း | [၄၂] |
၂၀။ | ၃၇/၂၀၂၅ | မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း | [၄၃] |
ပြဋ္ဌာန်းသည့် ဥပဒေများ
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးပြီး အောက်ပါ ဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်သည်။
ဥပဒေအမည် | ဥပဒေအမှတ် | နေ့စွဲ | ရင်းမြစ် |
---|---|---|---|
၂၀၂၅ ခုနှစ်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ | ဥပဒေအမှတ် ၁/၂၀၂၅ | ၂၀၂၅-၈-၁ | [၄၄] |
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ | ဥပဒေအမှတ် ၂/၂၀၂၅ | ၂၀၂၅-၈-၁၁ | [၄၅] |
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ | ဥပဒေအမှတ် ၃/၂၀၂၅ | ၂၀၂၅-၉-၂၁ | [၄၆] |
ယာယီသမ္မတ ဦးမြင့်ဆွေ၏ အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]၂၀၂၁ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေမှ ဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ကျင်းပသော ပထမဆုံး အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာ (၃)ရပ်ကို လွှဲပြောင်းပေးခဲ့သည်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျင်းပသော ဒုတိယမြောက် အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်အခြေအနေကာလအား (၆)လ သက်တမ်းထပ်မံတိုးပေးခဲ့သည်။[၄၇]ထို့နောက် အရေးပေါ်ကာလသက်တမ်းကို (၆)လ တစ်ကြိမ်စီသက်တမ်း တိုးမြှင့်ခဲ့သည်။၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအကြောင်းပြချက်ဖြင့် တာဝန်မှ အနားပေးခဲ့သည်။ထို့အတွက်ကြောင့် ယာယီသမ္မတ ဦးမြင့်ဆွေဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင် ဒုတိယသမ္မတ (၂) နေရာ လစ်လပ်သွားသည်။
ရာထူး | အမည် |
---|---|
နိုင်ငံတော် သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ဒုတိယသမ္မတ ၁ | — |
ဒုတိယသမ္မတ ၂ | ဦးဟင်နရီဗန်ထီးယူ (၁.၂.၂၀၂၁ - ၂၂.၄.၂၀၂၄) [၄၈] [၄၇] |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | ဦးတီခွန်မြတ်[၄၇] |
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | လစ်လပ် |
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
ကာကွယ်ရေးဝန်ကြီး |
|
ပြည်ထဲရေး ဝန်ကြီး | |
နိုင်ငံခြားရေး ဝန်ကြီး |
|
နယ်စပ်ရေးရာဝန်ကြီး | ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် |
သမ္မတ ဦးဝင်းမြင့်လက်ထက် အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]ရာထူး | အမည် |
---|---|
နိုင်ငံတော် သမ္မတ | ဦးဝင်းမြင့် |
ဒုတိယသမ္မတ | ဦးမြင့်ဆွေ |
ဒုတိယသမ္မတ | ဦးဟင်နရီဗန်ထီးယူ |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | ဦးတီခွန်မြတ် |
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | ဦးမန်းဝင်းခိုင်သန်း |
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး |
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး) |
ကာကွယ်ရေးဝန်ကြီး | စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး |
ပြည်ထဲရေး ဝန်ကြီး | |
နိုင်ငံခြားရေး ဝန်ကြီး | ဒေါ်အောင်ဆန်းစုကြည် |
နယ်စပ်ရေးရာဝန်ကြီး | ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး) |
သမ္မတ ဦးထင်ကျော်လက်ထက် အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]ရာထူး | အမည် |
---|---|
နိုင်ငံတော် သမ္မတ | ဦးထင်ကျော် |
ဒုတိယသမ္မတ | ဦးမြင့်ဆွေ |
ဒုတိယသမ္မတ | ဦးဟင်နရီဗန်ထီးယူ |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | ဦးဝင်းမြင့် |
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | ဦးမန်းဝင်းခိုင်သန်း |
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး |
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး) |
ကာကွယ်ရေးဝန်ကြီး | စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး |
ပြည်ထဲရေး ဝန်ကြီး | ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး) |
နိုင်ငံခြားရေး ဝန်ကြီး | ဒေါ်အောင်ဆန်းစုကြည် |
နယ်စပ်ရေးရာဝန်ကြီး | ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး) |
သမ္မတ ဦးသိန်းစိန် လက်ထက် အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]၂၀၁၃ ဇူလိုင် ၉ ရက်နေ့အထိ ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။[၅၀][၅၁][၅၂]
ရာထူး | အမည် |
---|---|
နိုင်ငံတော်သမ္မတ | ဦးသိန်းစိန် |
ဒုတိယသမ္မတ | စိုင်းမောက်ခမ်း |
ဒုတိယသမ္မတ | သီဟသူရ ဦးတင်အောင်မြင့်ဦး |
ဦးဉာဏ်ထွန်း | |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | သူရဦးရွှေမန်း |
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | ဦးခင်အောင်မြင့် |
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး |
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး) |
ကာကွယ်ရေးဝန်ကြီး | ဝေလွင် (ဒုတိယဗိုလ်ချုပ်ကြီး) |
ပြည်ထဲရေး ဝန်ကြီး | ကိုကို (ဒုတိယဗိုလ်ချုပ်ကြီး) |
နိုင်ငံခြားရေး ဝန်ကြီး | ဦးဝဏ္ဏမောင်လွင် |
နယ်စပ်ရေးရာဝန်ကြီး | သက်နိုင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး) |
ဝေဖန်မှုများ
[ပြင်ဆင်ရန်]ကာလုံတွင် အဖွဲ့ဝင် (၁၁) ဦးရှိသည့်အနက် (၆) ဦးမှာ တပ်မတော်မှ ခန့်အပ်သူများဖြစ်သဖြင့် တပ်မတော်ဘက်က အသာစီးရနေသည်ဟု ဝေဖန်မှုများရှိသည်။[၅၃]
မှတ်စု
[ပြင်ဆင်ရန်]- ↑ ဤကာလုံအမိန့်ကို ကာလုံရုံးအမိန့်ဖြင့် မထုတ်ပြန်ဘဲ၊ ကောင်စီအမိန့်ဖြင့် ထုတ်ပြန်ခဲ့သည်။ ယခင်ကောင်စီအမိန့်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က လက်မှတ်ထိုးခဲ့သော်လည်း၊ ဤအမိန့်သည် ကာလုံရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ MacDonald၊ Adam P။ "The Tatmadaw’s new position in Myanmar politics"၊ East Asia Forum၊ 1 May 2013။ 27 June 2015 တွင် ပြန်စစ်ပြီး။
- ↑ "Myanmar forms national defense, security council"၊ People's Daily၊ 1 April 2011။ 27 June 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 29 June 2015။
- 1 2 Htun Aung Gyaw။ "Myanmar's constitutional crisis reaching boiling point"၊ The Nation၊ 21 February 2014။ 27 June 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ Sithu Aung Myint။ "Coalition government: just a fantasy?"၊ Myanmar Times၊ 20 May 2015။ 27 June 2015 တွင် ပြန်စစ်ပြီး။
- ↑ Weiss၊ Stanley A။ "Myanmar: A nation at war with itself"၊ Myanmar Times၊ 4 March 2013။ 27 June 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ Constitution of the Republic of the Union of Myanmar။ Ministry of Information (September 2008)။ 27 June 2015 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂ဝ၂၅) ကျင်းပ။ Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ Ministry of Information။ 31 July 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း။ Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၄)ကျင်းပ။ CINCDS Myanmar (၃၁ ဇူလိုင် ၂၀၂၄)။ ၃၁ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်း။ Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း။ CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
- ↑ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁ /၂၀၂၅။ MOI။ 31 July 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်။ Myawaddy Portal။ 2025 July 31 တွင် ပြန်စစ်ပြီး။
- ↑ စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ /၂၀၂၅။ Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
- ↑ စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂၀၂၅။ MOI။ 31 July 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်အားပယ်ဖျက်ခြင်း။ MOI။ 31 July 2025 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်း။ Ministry of Information။ 1 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 1 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း။ Myanmar Digital News။ 2025 July 31 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း။ Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း။ MOI Myanmar (၅ ဩဂုတ် ၂၀၂၅)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်။ MOI။ 14 September 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း။ Ministry of Information။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း။ MOI။ 2025 August 4 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း။ MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း။ MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း။ MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း။ MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း။ MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး။ Eleven Media။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်။ Eleven Media။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်း။ Eleven Media။ 6 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး။ Myawaddy Webportal။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဦးစီးအဖွဲ့များ ဖွဲ့စည်းခြင်း။ Myawaddy Webportal။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်။ Myawaddy Webportal။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေး။ မြဝတီသတင်း။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေး။ Myawaddy news။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။ MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်း အစိုးရအဖွဲ့တို့တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ထပ်မံခန့်အပ်။ Eleven Media။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 14 September 2025 တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း။ MOI။ 14 September 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၂၀၂၅ ခုနှစ်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ။ MOI။ 2025-8-1 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ။ MOI။ 2025-8-12 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ။ ပြန်ကြားရေးဝန်ကြီးဌာန။ 22 September 2025 တွင် ပြန်စစ်ပြီး။
- 1 2 3 "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပ"။
- ↑ ORDER NO (33/2024): VP PERMITTED TO RETIRE။ mitv (22 April 2024)။ 22 April 2024 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးချုပ်လေးဦး ထပ်မံခန့်အပ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနလေးခုမှ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခန့်အပ်။ Eleven Media Group (၁ဖေဖော်ဝါရီ ၂၀၂၃)။ ၂၁ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ National Defense and Security Council (NDSC)။ Alternative Asean Network on Burma (9 July 2013)။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 June 2015 တွင် ပြန်စစ်ပြီး။
- ↑ "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၉/၂ဝ၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၆ ဧပြီ ၂၀၁၁။ Archived from the original on 4 February 2019။
- ↑ "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၃/၂၀၁၂)"၊ နိုင်ငံတော်သမ္မတရုံး၊ ၁၆ ဩဂုတ် ၂၀၁၂။ Archived from the original on 4 February 2019။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 19 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2020 တွင် ပြန်စစ်ပြီး။