မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ

ဝီကီပီးဒီးယား မှ
နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ ၏ ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စံအိမ်နေပြည်တော်
ဖွဲ့စည်းခြင်း၂ ဖေဖော်ဝါရီ ၂၀၂၁
ပထမဆုံး ထမ်းဆောင်သူမင်းအောင်လှိုင်
ဖျက်သိမ်းခြင်း၃၁ ဇူလိုင် ၂၀၂၅
ဆက်ခံခြင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ
လက်ထောက်ဒုတိယဥက္ကဋ္ဌ

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခေါင်းဆောင်ဖြစ်သည်။ အာဏာသိမ်းစစ်အစိုးရမှ ဖွဲ့စည်းထားသော စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အိမ်စောင့်အစိုးရဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ကောင်စီဥက္ကဋ္ဌမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှာ ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[][]အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီးနောက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုဖွဲ့စည်းကာ ၎င်းက ဥက္ကဋ္ဌ လုပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် တတိယအကြိမ်လွှတ်တော်များကို စတင်ရန် စီစဉ်ထားသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်တွင် တပ်မတော်မှ အာဏာကိုသိမ်းယူမှုပြုလုပ်ခဲ့သည်။ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေမှအပ ကျန်ရှိသော နိုင်ငံတော်၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဗဟို/ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားထင်ရှားသူအချို့ကို မတရားဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထိုနေ့ နေ့လယ်ပိုင်းတွင် တပ်မတော်ပိုင် မြဝတီ ရုပ်သံမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှုင်ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေကို ယာယီသမ္မတခန့်အပ်ကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် (၁)နှစ်ကြေညာကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်ကြောင်း ကြေညာခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။

အခွင့်အာဏာ

[ပြင်ဆင်ရန်]

အာဏာသိမ်း စစ်ခေါင်းဆောင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်သဖြင့် နိုင်ငံတော်၏ အာဏာ ၃ ရပ်လုံး ၎င်းထံတွင် ရှိလေသည်။[]ရှိသည်ဆိုသော်ငြားလည်း ၎င်း၏ စစ်အစိုးရ အုပ်ချုပ်သည် ကို မခံချင်၍ ပြန်လည်တိုက်ခိုက်နေသူအများအပြား ရှိသောကြောင့် အသုံးချရာတွင် အခက်အခဲ ရှိသည်။

ဥက္ကဋ္ဌများစာရင်း

[ပြင်ဆင်ရန်]
စဉ် ပုံ အမည် တာဝန်ထမ်းဆောင်ခြင်း ဒုတိယ ဥက္ကဋ္ဌ
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
မင်းအောင်လှိုင် ၂ ​ဖေ​ဖော်ဝါရီ ၂၀၂၁ လက်ရှိ  နှစ်၊ ၂၂၃ ရက် စိုးဝင်း

ဒုတိယ ဥက္ကဋ္ဌ

[ပြင်ဆင်ရန်]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဒုတိယဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

၂ ဖေဖော်ဝါရီ ၂၀၂၁ မှစ၍
အစီရင်ခံရသူဥက္ကဋ္ဌ
ဖွဲ့စည်းခြင်း၂ ဖေဖော်ဝါရီ ၂၀၂၁
ပထမဆုံး ထမ်းဆောင်သူစိုးဝင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည်။

စာရင်း

[ပြင်ဆင်ရန်]
စဉ် ပုံ အမည် တာဝန်ထမ်းဆောင်ခြင်း
ဥက္ကဋ္ဌ
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
စိုးဝင်း ၂ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ  နှစ်၊ ၂၂၃ ရက် မင်းအောင်လှိုင်

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. "စစ်ကောင်စီက အိမ်စောင့်အစိုးရ ဖွဲ့"။
  2. "Myanmar forms caretaker government: State Administration Council" 1 August 2021 တွင် ပြန်စစ်ပြီး Archived from the original on 19 February 2023။
  3. Myanmar military announces new State Administration Council (2021-02-02)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2021 တွင် ပြန်စစ်ပြီး။