မာတိကာသို့ ခုန်သွားရန်

မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ထုတ်ပြန်ချက်များ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ် ပိုမိုပြင်းထန်လာခဲ့ရာ မြန်မာ့တပ်မတော်နှင့် ပြည်တွင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ သို့သော်လည်း အချို့သော ကာလများတွင် စစ်ကောင်စီ သို့မဟုတ် တော်လှန်ရေးအဖွဲ့အစည်းများဘက်မှ တစ်ဖက်သတ် သို့မဟုတ် နှစ်ဖက်ညှိနှိုင်းမှုဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာချက်များ ထွက်ပေါ်ခဲ့သည်။

၂၀၂၁ ခုနှစ်

[ပြင်ဆင်ရန်]

စက်တင်ဘာလ

[ပြင်ဆင်ရန်]

မြန်မာ့တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို  အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်  ရပ်စဲလိုက် ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ []

၂၀၂၅ ခုနှစ်

[ပြင်ဆင်ရန်]

ဇန်နဝါရီလ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် MNDAA တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်သော သတ္တမအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်ကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အာရက္ခတပ်တော် (AA)၊ TNLA နှင့် MNDAA တို့ပါဝင်သော ညီနောင်မဟာမိတ်သုံးဖွဲ့သည် လျင်မြန်ထိရောက်သော ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ တစ်လကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။[]

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မြန်မာ့တပ်မတော်သည် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။[]

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။[]

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် လက်ရှိဆောင်ရွက်နေသော ကယ်ဆယ်ရေးလုပ်ငန်းများကို လွယ်ကူချောမွေ့စေရန် ယာယီအပစ်အခတ်ရပ်စဲရေးကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိကာလသက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။[]

၂ဝ၂၅ ခုနှစ် ၊ မေ ၆ ရက်တွင် တော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် သည်၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်မှ ၃၁ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့် ထုတ်ပြန်လိုက်သည်။[]

၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နှင့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။[]

၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရန်အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ာရက္ခတပ်တော် (AA)၊ TNLA နှင့် MNDAA တို့က အပစ်အခတ်ရပ်စဲရေးကာလကို ဇွန် ၂ ရက်မှ ၃၀ ရက်အထိ (၃) ကြိမ်မြောက်အဖြစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် NPE။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
  2. "ညီနောင်မဟာမိတ်သုံးဖွဲ့ က တစ်လ တဖက်သတ်အပစ်အခတ်ရပ်စဲ"၊ Narinjara News 30 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 30 May 2025။
  3. "စစ်ကောင်စီက နိုင်ငံတစ်ဝန်း ယာယီ အပစ်ရပ်ကြောင်း ကြေညာ"၊ RFA Burmese 30 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 30 May 2025။
  4. "ယာယီအပစ်ရပ်မယ်လို့ KIO ကြေညာ"၊ RFA Burmese၊ 2025.04.02 30 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 30 May 2025။
  5. "ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်"၊ Ministry of Information၊ 04/23/2025 30 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 30 May 2025။
  6. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်"၊ ပြန်ကြားရေးဝန်ကြီးဌာန၊ 05/06/2025 30 may 2025 တွင် ပြန်စစ်ပြီး Archived from the original on 30 may 2025။
  7. "မြန်မာနိုင်ငံ၌ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဇွန် ၃၀ ရက်ထိ ထပ်မံတိုးမြှင့်"၊ Xinhua Myanmar၊ 2025-6-1 2025-6-2 တွင် ပြန်စစ်ပြီး Archived from the original on 2025-6-2။
  8. သဉ္ဇာနွယ်။ "ငလျင် ကြောင့် အပစ်ရပ်ကာလနောက်ထပ် (၁)လတိုးကြောင်း (၃) ကြိမ်မြောက်အဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်"၊ Narinjara News၊ 2025-6-2 2025-6-3 တွင် ပြန်စစ်ပြီး Archived from the original on 2025-6-3။