မာတိကာသို့ ခုန်သွားရန်

သရက်တပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

ဝီကီပီးဒီးယား မှ
သရက်တပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ် ၏ တစ်စိတ်တစ်ပိုင်း
သရက်တပင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သရက်တပင်
သရက်တပင်
သရက်တပင် (မြန်မာနိုင်ငံ)
နေရာရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်သရက်တပင်ရွာ
ရက်စွဲ၁၂ စက်တင်ဘာ ၂၀၂၅
သေဆုံးသူဦးရေ၁၈ ဦး
ဒဏ်ရာရဦးရေ
၂၀ ကျော်
ပြစ်မှုကျူးလွန်သူများ တပ်မတော် (လေ)
ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုပြီးလျှင် ကျောင်းသားများ အထိအခိုက်၊အသေအပျောက်အများဆုံး တိုက်ခိုက်မှု အဖြစ် မှတ်သားခံထားရသည်

သရက်တပင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်သရက်တပင်ရွာ တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ တွင် တပ်မတော် (လေ)မှ အရပ်သားများအား အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်သည်။ ဤဖြစ်ရပ်တွင် ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်း‌ပေါ် ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းသားများ အများဆုံး သေဆုံးခဲ့ရသည်။ ၂၀၂၁ စစ်အာဏာသိမ်း ပြီးနောက်ပိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာတွင် ဖြစ်ပွားခဲ့သည့် လေကြောင်းကြောင့် ကျောင်းသား/သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရမှုပြီးလျှင်[]၊ယခုဖြစ်ရပ်သည် ကျောင်းသားများ အထိအခိုက်၊အသေအပျောက်ဒုတိယ အများဆုံး တိုက်ခိုက်ခံရမှု အဖြစ် မှတ်သားခံထားရသည်။

နောက်ခံအကြောင်းအရင်းများ

[ပြင်ဆင်ရန်]

၂၀၂၃ အောက်တိုဘာ ၂၇ ရက် တွင် ရှမ်းပြည်နယ် မြောက်ပိုင်း ၌ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး နှင့် တစ်ဆက်တစ်စပ်တည်း၊အာရက္ခတပ်တော် သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ် ၌ ရခိုင်တစ်ကျော့ပြန်စစ်ပွဲ အား ဖော်ဆောင်ခဲ့သည်။

ရခိုင်တစ်ကျော့ပြန် တိုက်ပွဲ တစ်နှစ်ခွဲကျော်တွင် ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ ခုထဲမှ ကျောက်ဖြူစစ်တွေ နှင့် မာန်အောင်ကျွန်း တို့မှလွဲ၍ မြို့ ၁၄ မြို့ အပြင်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့ကိုပါ အာရက္ခတပ်တော် သည် စစ်တပ် လက်ထဲမှ တိုက်ခိုက်ရယူနိုင်ခဲ့သည်။[] [] ထို့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။[]

ဖြစ်ရပ်

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်၊ နံနက် (၁) နာရီ (၀၅) မိနစ်ခန့်အချိန်တွင် စစ်ကော်မရှင် ၏ လေတပ် သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ အတွင်းအား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ပေါင် (၅၀၀) ဗုံး နှစ်လုံး ကြဲချခဲ့ရာတွင် ဗုံးသည် သရက်တပင်ရွာအတွင်းရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ ကျရောက်ထိမှန်ခဲ့သည်။[] []

အဆိုပါ ပေါင် (၅၀၀) ဗုံး နှစ်လုံးကြောင့် ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ရှိ ကျောင်းသူ/ ကျောင်းသားများနှင့် ၎င်းအနီးအနားမှ ကလေးငယ်တချို့အပါအဝင် စုစုပေါင်း (၁၈) ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒီပဲယင်း စာသင်ကျောင်းကို လေတပ် ဗုံးကြဲ၊ ကလေးများအပါအဝင် ၂၂ ဦး သေဆုံး Myanmar Now (၁၃ မေ ၂၀၂၅)။ ၁၂ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. “ကျန်တဲ့ ၃မြို့ကို တိုက်စစ်ဖွင့်ပြီး အနှေးနဲ့အမြန် AA သိမ်းပိုက်မယ်” Myanmar Now (၇ မေ ၂၀၂၅)။ ၁၂ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ရခိုင်စစ်ပွဲတစ်နှစ်ပြည့်ချိန် အေအေ သိမ်းထားတဲ့မြို့တွေ BBC (၁၃ နိုဝင်ဘာ ၂၀၂၄)။ ၁၂ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. အမ်း နပခ - စစ်ကောင်စီလက်လွှတ်လိုက်ရပြန်တဲ့ ရခိုင်စစ်တိုင်း BBC (၂၀ ဒီဇင်ဘာ ၂၀၂၄)။ ၁၂ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. Breaking News Arakan Army(သတင်းနှင့်ပြန်ကြားရေးအာရက္ခတပ်တော်) (၁၂ စက်တင်ဘာ ၂၀၂၅)။ ၁၂ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. ကျောက်တော်စာသင်ကျောင်း စစ်တပ်ဗုံးကြဲ၍ ၁၈ ဦးသေ ၊ ၂၀ ကျော်ဒဏ်ရာရ Myanmar Now (၁၂ စက်တင်ဘာ ၂၀၂၅)။ ၁၂ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။