မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
လစ်လပ်

၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁ မှစ၍
ပုံစံကောင်းသောကျက်သရေရှိသော (နိုင်ငံအမည်) နိုင်ငံခြားရေးဝန်ကြီးမင်း
(formal)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
(informal)
စံအိမ်နေပြည်တော်
အဆိုပြုသူပြည်ထောင်စုလွှတ်တော်
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
စတင်ထမ်းဆောင်သူဒေါ်အောင်ဆန်းစုကြည်
ဖွဲ့စည်းခြင်း၆ ဧပြီ ၂၀၁၆
ဝက်ဘ်ဆိုဒ်statecounsellor.gov.mm
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သည် မြန်မာအစိုးရအဖွဲ့ရှိ ရာထူးနေရာတစ်ခု ဖြစ်သည်။ ဤရာထူးကို ၂၀၁၆ ဧပြီ ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား စတင်ခန့်ထားခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အများစုအနိုင်ရရှိခဲ့သော်လည်း သူမအား နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ရန် အခြေခံဥပဒေပြဋ္ဌာန်းချက်များက အတားအဆီးဖြစ်နေခဲ့သည်။[]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ၂၀၁၆ ဧပြီ ၁ ရက်နေ့တွင် လည်းကောင်း၊ ပြည်သူ့လွှတ်တော်က ၂၀၁၆ ဧပြီ ၅ ရက်နေ့တွင် လည်းကောင်း အသီးသီး အတည်ပြုခဲ့ပြီး သမ္မတဦးထင်ကျော်က ဧပြီ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။[][]

တာဝန်နှင့် လုပ်ပိုင်ခွင့်များ

[ပြင်ဆင်ရန်]

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးသည် အစိုးရအဖွဲ့အတွင်းရှိ လုပ်ငန်းများကို ချုပ်ကိုင်ထားနိုင်သော နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးနှင့်ဆင်တူပြီး[] ပြည်ထောင်စုအင်္ဂါစဉ်တွင် သမ္မတပြီးလျှင် နံပါတ် (၂) နေရာတွင်ရှိသည်။[] အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး နှစ်ခုအကြား အချိတ်အဆက်လည်းဖြစ်သည်။ ရာထူးသက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းပင် ဖြစ်သည်။[]

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ

[ပြင်ဆင်ရန်]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်​နေ့တွင် နိုင်ငံ​တော်သမ္မတ ဦးထင်​ကျော်က လက်မှတ်​ရေးထိုးကာ ပြည်​ထောင်စုလွှတ်​တော်က အတည်ပြုခဲ့သည်။[] ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည်လည်း ထိုဥပဒေကို ထပ်လောင်းရေးဆွဲခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်ထားရှိခဲ့သည်။[]


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်များ စာရင်း

[ပြင်ဆင်ရန်]
စဉ် ပုံ အမည်
(မွေးဖွား-ကွယ်လွန်)
ရာထူးသက်တမ်း နိုင်ငံရေးပါတီ အစိုးရအဖွဲ့ ပြည်ထောင်စုလွှတ်တော်
တာဝန်စတင် တာဝန်ပြီးဆုံး ရက်ပေါင်း
1 ဒေါ်အောင်ဆန်းစုကြည်
(၁၉၄၅–)
၆ ဧပြီ ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁ ၁၇၆၂ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် II NLDMil. ဒုတိယအကြိမ် (၂၀၁၅)
နိုင်ငံခြားရေး ဝန်ကြီး နှင့် သမ္မတရုံး ဝန်ကြီး အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Aung San Suu Kyi to become 'State Counsellor' of Myanmar ABC News
  2. "Aung San Suu Kyi becomes Myanmar state counselor: spokesman"၊ 6 April 2016 6 April 2016 တွင် ပြန်စစ်ပြီး
  3. Myanmar parliament approves Aung San Suu Kyi 'PM-like' role
  4. NLD lead government protocol list | LinkedIn
  5. Myanmar MPs approve Suu Kyi as ‘advisor to state' Anadolu Agency
  6. နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ မြန်မာဥပ​ဒေ သတင်းအချက်အလက်စနစ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး 18 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2019 တွင် ပြန်စစ်ပြီး။
  7. နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ၂၀၂၁ ကိုပြဋ္ဌာန်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (၂၁ ဖေဖော်ဝါရီ ၂၀၂၁)။ 3 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2022 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]