မာတိကာသို့ ခုန်သွားရန်

သန်းစိုး (ရွေးကောက်ပွဲကော်မရှင်)

ဝီကီပီးဒီးယား မှ
ဦး

သန်းစိုး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ယခင်လူကိုကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ဒုတိယဥက္ကဋ္ဌ
တာဝန်သက်တမ်း
၈ ဧပြီ ၂၀၂၅  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ကော်မရှင်ဥက္ကဋ္ဌကိုကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အဖွဲ့ဝင်
တာဝန်သက်တမ်း
၂၆ ဖေဖော်ဝါရီ ၂၀၂၁  ၈ ဧပြီ ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ကော်မရှင်ဥက္ကဋ္ဌသိန်းစိုး
ကိုကို
တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၄ ဇန်နဝါရီ ၂၀၂၆  ၃၁ ဇန်နဝါရီ ၂၀၂၁
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ယခင်လူဗိုလ်မှူးကြီး လှထွန်း[]
ကိုယ်ရေး အချက်အလက်များ
မိခင်ကျောင်းစစ်တက္ကသိုလ်
ဆုတံဆိပ်များ
  • မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ် (၂၀၁၆)[]
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ရာထူးဗိုလ်ချုပ်

ဦးသန်းစိုးသည် အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသည်။ ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပြီး ခန့်အပ်ခံထားရသည့် တတိယမြောက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပြီး၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ခန့်အပ်ခံရသည့် ဆဋ္ဌမမြောက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ လည်း ဖြစ်သည်။

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဦးသန်းစိုးသည် တပ်မတော်သား စစ်မှုထမ်းတစ်ဦးဖြစ်သည်။သူ၏ ပြန်တမ်းဝင်အမှတ်မှာ ကြည်း ၁၆၇၃၅ ဖြစ်သည်။တပ်မတော်တွင် နှစ်ပေါင်း ၂၀ ကျော်ဖြတ်သန်းလာခဲ့သူ၎င်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်တွင် ထားဝယ်မြို့ အခြေစိုက် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စကခ(၈) ၏ ဌာနချုပ်မှူး ဖြစ်ခဲ့သည်။ထိုစဥ်က ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဖြစ်သည်။[]

၂၀၁၀ ပြည့်နှစ်၊နောက်ပိုင်းတွင် သူသည် လက်ထောက်စစ်ရေးချုပ် အဖြစ် ခန့်အပ်ခံရသည်။ထိုတာဝန်ကို ၂၀၁၆ ခုနှစ်၊နှစ်ကုန်ပိုင်းအထိ ထမ်းဆောင်ခဲ့သည်။[]

၂၀၁၆ ခုနှစ်၊ဇန်နဝါရီ ၁၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၎င်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အဆိုပြုချက်အရ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ကြေညာခဲ့သည်။[]

ထိုသို့ကြေညာခံရသည့်နေ့မှစ၍ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက် အထိ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[]

ထိုကာလတွင် ဗိုလ်ချုပ်သန်းစိုးသည် (၅၆)ဦးပါ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။[]ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အတွင်း ဆောင်ရွက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် သဘောထားတင်းမာသူတစ်ဦး အဖြစ် ကျော်ကြားခဲ့သည်။[]

ရွေးကောက်ပွဲကော်မရှင်ဝင်

[ပြင်ဆင်ရန်]

ဦးသန်းစိုးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် စတင်ခန့်အပ်ခဲ့သည်။ []ထို့နောက် ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်နေ့တွင် ဒုတိယဥက္ကဋ္ဌရာထူးသို့ တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။[၁၀]

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အမြင့်ဆုံးအုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ [၁၁]ထိုပြင်ဆင်ဖွဲ့စည်းမှုတွင် ဦးသန်းစိုးအား ဥက္ကဋ္ဌရာထူး ပေးအပ်ခဲ့ပြီး၊ ယခင်ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုမှာမူ တာဝန်မှ အနားပေးခံခဲ့ရသည်။

နိုင်ငံတကာ ပိတ်ဆို့ခံရခြင်း

[ပြင်ဆင်ရန်]

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသောကြောင့် ဦးသန်းစိုး အပါအဝင် နစကနှင့် စစ်အစိုးရအဖွဲ့ဝင်များစွာသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။

အရေးယူသည့် နိုင်ငံများ ပိတ်ဆို့အရေးယူသည့် ရက်စွဲ ရင်းမြစ်
၁။  ဥရောပသမဂ္ဂ ၂၀၂၂ ဖေဖော်ဝါရီ ၂၁ [၁၂]
၂။  ပြင်သစ်
၃။  ဘယ်လ်ဂျီယမ်
၄။  မိုနာကိုနိုင်ငံ
၅။   ဆွစ်ဇာလန် ၂၀၂၂ မတ် ၇ [၁၃]
၆။  ကနေဒါ ၂၀၂၂ ဒီဇင်ဘာ ၇ [၁၄]

ကိုးကား

[ပြင်ဆင်ရန်]
  1. You must specify title = and url = when using {{cite web}}.။ ၂၀၁၁ ခုနှစ်၊ဇန်နဝါရီ ၂၁ရက်ထုတ်၊မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ(၈) (၂၀ ဇန်နဝါရီ ၂၀၁၁)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်သမ္မတရုံးအမိန့်ကြေညာစာ ၃/၂၀၁၆ မြန်မာနိုင်ငံတော်ပြန်တမ်း (၄ ဇန်နဝါရီ ၂၀၁၆)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ Mizzima Burmese (၁၂ ဒီဇင်ဘာ ၂၀၀၈)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ကလေးစစ်သား ၉၆ ဦးကို တပ်မတော်က ပြန်လွှတ်ပေး BBC (၁၈ ဇန်နဝါရီ ၂၀၁၄)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာ ၂၀၁၆ ခုနှစ်၊ဇန်နဝါ၇ီ ၁၉ ရက် ထုတ်၊မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ(၈) (၁၈ ဇန်နဝါရီ ၂၀၁၆)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. စစ်တပ်ကတင်မြှောက်တဲ့ ဒုသမ္မတကို မကန့်ကွက်ဘဲ ထောက်ခံတဲ့ပေါ် နားလည်ဖို့ ဒေါ်စု ပြော DVB (၁၄ မတ် ၂၀၁၆)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. တပ်မတော်ကတင်သွင်းမည့် ဒုသမ္မတအမည်စာ ရင်းကို ယနေ့ထုတ်ပြန်ကြေညာမည် ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်ကွန်ယက်စနစ် (၃ မတ် ၂၀၁၆)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ပူးပေါင်းကော်မတီဖွဲ့ရေး တိုက်တွန်းတဲ့ အဆိုကို လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြရ BBC (၅ ဖေဖော်ဝါရီ ၂၀၁၉)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး Ministry of Information။ 13 August 2025 တွင် ပြန်စစ်ပြီး။
  10. ပြည်​ထောင်စုရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးအား ​​ကော်မရှင်ဒုတိယဥက္ကဋ္ဌအဖြစ် ​ပြောင်းလဲတာဝန်ပေးအပ် Eleven Media။ 15 August 2025 တွင် ပြန်စစ်ပြီး။
  11. ပြင်ဆင်ဖွဲ့စည်းလိုက်သည့် UEC တွင် ဥက္ကဋ္ဌ အဖြစ် ဦးသန်းစိုး အား တာဝန်ပေးအပ်ထား Eleven Media။ 14 August 2025 တွင် ပြန်စစ်ပြီး။
  12. COUNCIL IMPLEMENTING REGULATION (EU) 2022/239 (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ 2022-02-212025-07-01 တွင် ပြန်စစ်ပြီး
  13. Massnahmen gegenüber Myanmar (Burma) State Secretariat for Economic Affairs။ 2025-7-1 တွင် ပြန်စစ်ပြီး။
  14. Branch၊ Legislative Services (2025-03-06)။ Consolidated federal laws of Canada, Special Economic Measures (Myanmar) Regulations 2025-07-01 တွင် ပြန်စစ်ပြီး။