မာတိကာသို့ ခုန်သွားရန်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
Ministry of Social Welfare, Relief and Resettlement
 မြန်မာအစိုးရအဖွဲ့အစည်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် (၂၃)၊ နေပြည်တော်
ဝန်ကြီးများဒေါက်တာ စိုးဝင်း
ဝက်ဘ်ဆိုက်moswrr.gov.mm

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လူမှုဝန်ထမ်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထားရှိသည်။ လက်ရှိဝန်ကြီးမှာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အစိုးရမှ ခန့်အပ်ထားသော ဒေါက်တာ စိုးဝင်းဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၄၅ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး မရမီအချိန်က လူမှုရေးနှင့်ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးမှူးရုံး ဖွင့်လှစ်ကာ သဘာဝဘေးကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူမှုရေးရာလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ်တွင် ပညာရေး၊ လူမှုရေးနှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ပညာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အဖြစ်သို့ လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် လူနည်းစုရေးရာ ဝန်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အဖြစ် သို့လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ သဘာဝ ဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် နိုင်ငံရေးအခြေအနေအရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းရုံးညီညွတ်ရေး ဝန်ကြီးဌာနဟူ၍ ပြင်ဆင်ခဲ့သည်။ ၁၉၇၂ ခုနှစ် စနစ်သစ်အုပ်ချုပ်ရေး ပေါ်ပေါက် လာသည့်အခါ အဆိုပါဝန်ကြီးဌာနအား ဖျက်သိမ်းပြီး လူမှုဝန်ထမ်းဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်ကဝန်ကြီးဌာနလက်အောက်တွင် လူမှုဝန်ထမ်း ဦးစီးဌာန နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနဟူ၍ ဌာန(၂) ခုသာရှိသည်။ ၁၉၉၂ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ၁၉.၂.၉၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၁၄/၉၂)ဖြင့် လူမှုဝန်ထမ်းဝန်ကြီးဌာနအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအဖြစ် ပြင်ဆင်၍ မီးသတ်ဦးစီးဌာနအပါအဝင် ဌာန(၃)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် မီးသတ်ဦးစီးဌာနအား လုပ်ငန်းသဘောသဘာဝနှင့် လက်ရှိခြေအနေများအရ ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]
အရာထမ်းအမှုထမ်းစုစုပေါင်း
ပြည်ထောင်စုဝန်ကြီးရုံး၁၆၁၉၃၅
လူမှုဝန်ထမ်းဦးစီးဌာန၁၅၁၂၃၆၄၂၅၁၅
​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၉၈၄၉၃၅၉၁
ပြန်လည်ထူထောင်ရေး ဦးစီးဌာန၅၄၂၆၄၃၁၈

မူဝါဒများ

[ပြင်ဆင်ရန်]
  • ပြည်ထောင်စုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ခြင်း၊
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊
  • လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ ပြန်လည်ပြင်ဆင်အတည်ပြု ခြင်းများ ဆောင်ရွက်ခြင်း၊
  • ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ (NGOs)၊ ပြည်ပလူမှုရေး အဖွဲ့အစည်းများ (INGOs)၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ (UN Agencies)၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
  • ဌာနအခြေပြု (Center Based) လူမှုရေးစောင့်ရှောက်မှု ခံယူနေသူများအပြင် ကျန်ရှိနေသည့် လူမှုရေး စောင့်ရှောက်မှုပြုရန် လိုအပ်သောသူများကိုလည်း ရပ်ရွာအခြေပြု (Community Based) လုပ်ငန်းစဉ်များ ချမှတ်၍ စောင့်ရှောက်ခြင်း၊
  • အဆင့်ဆင့်သော သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊
  • ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊
  • လုပ်ငန်းများကို ဖော်ဆောင်ရာတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၊ သဘာဝဘေး စီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ် အကောင် အထည်ဖော်ရေးလုပ်ငန်းအစီအစဉ် (၂၀၁၀-၂၀၁၅) (AADMER Work Programme 2010-2015) နှင့် မြန်မာနိုင်ငံ သဘာဝဘေး လျော့ပါးရေး လုပ်ငန်း စီမံချက် (MAPDRR) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊၊

ဝန်ဆောင်မှုများ

[ပြင်ဆင်ရန်]

ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများမှာ

  • လူမှုရေးချို့တဲ့နေသော ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကို ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ပြန်လည် ထူထောင်ခြင်း၊ လူ့ဘောင် အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ နေထိုင်နိုင်အောင်များ ဆောင်ရွက်ပေးခြင်း၊
  • မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများ၊ HIV ရောဂါပိုးတွေ့ရှိသူများအား အသက် မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဖြင့် ပြန်လည် ထူထောင်ပေးခြင်း။
  • တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးတွင် လူမှုရေးချို့တဲ့သူများ ပါဝင် စွမ်းဆောင်နိုင်စေရန် ဆောင်ရွက်ပေးခြင်း။
  • သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊အိုးအိမ်ပစ္စည်းများဆုံးရှုံးမှုလျော့ နည်းအောင် ကြိုတင် စီမံဆောင်ရွက်ပေးခြင်း။
  • သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဘေးသင့်ပြည်သူများအား လတ်တလော သက်သာချောင်ချိမှုရရှိစေရေးအတွက် အထောက်အပံ့ပေးခြင်း။
  • သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဘေးသင့်ပြည်သူများအား ကောင်းမွန်သည့် လူနေမှုဘဝပြန်လည် ရရှိစေရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခြင်း။

တာဝန်ထမ်းဆောင်ခဲ့သောဝန်ကြီးများ

[ပြင်ဆင်ရန်]

ဝန်ကြီးဌာန စတင်ပေါ်ပေါက်ခဲ့သည်မှစ၍ ယနေ့ထိ တာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ကြီးများနှင့် တာဝန်ထမ်းဆောင်သည့်ကာလမှာ အောက်ပါအတိုင်းဖြစ်သည်။[]

စဉ်အမည်ထမ်းဆောင်သည့် ကာလ
ဦးဘစောရ.၉.၁၉၅၃ မှ ၂၇.၂.၁၉၅၉
ဦးလွန်းဘော်၂၇.၂.၁၉၅၉ မှ ၄.၄.၁၉၆၀
ဦးဘစော၄.၄.၁၉၆၀ မှ ၂.၃.၁၉၆၂
ဗိုလ်မှူးကြီးစောမြင့်၅.၃.၁၉၆၂ မှ ၃.၁၂.၁၉၆၃
ဗိုလ်မှူးကြီးမောင်လွင်၃.၁၂.၁၉၆၃ မှ ၂၄.၃.၁၉၇၀
ဗိုလ်မှူးချုပ်တင်ဖေ၂၄.၃.၁၉၇၀ မှ ၁၄.၁၁.၁၉၇၀
ဗိုလ်မှူးချုပ်သောင်းဒန်၁၄.၁၁.၁၉၇၀ မှ ၄.၃.၁၉၇၄
ဦးဗန်ကူးလ်၄.၃.၁၉၇၄ မှ ၃.၃.၁၉၇၈
ဦးမန်းစံမြတ်ရွှေ၃.၃.၁၉၇၈ မှ ၂၀.၃.၁၉၇၉
၁၀ဦးမြမောင်၂၀.၃.၁၉၇၉ မှ ၂၁.၈.၁၉၈၀
၁၁ဗိုလ်မှူးချုပ်ခင်အုန်း၂၈.၁.၁၉၈၀ မှ ၁၆.၁၀.၁၉၈၀
၁၂ဗိုလ်ချုပ်ချစ်လှိုင်၁၆.၁၀.၁၉၈၀ မှ ၉.၁၁.၁၉၈၁
၁၃ဦးအုန်းကျော်၉.၁၁.၁၉၈၁ မှ ၁၈.၉.၁၉၈၈
၁၄ဒုတိယဗိုလ်ချုပ်ကြီးအောင်ရဲကျော်၂၀.၉.၁၉၈၈ မှ ၉.၂.၁၉၈၉
၁၅ဒုတိယဗိုလ်ချုပ်ကြီးတင်ထွန်း၉.၂.၁၉၈၉ မှ ၁၉.၂.၁၉၉၂
၁၆ဗိုလ်မှူးချုပ်သောင်းမြင့်၁၉.၂.၁၉၉၂ မှ ၁၅.၆.၁၉၉၅
၁၇ဗိုလ်ချုပ်စိုးမြင့်၁၅.၆.၁၉၉၅ မှ ၁၅.၁.၁၉၉၇
၁၈ဗိုလ်မှူးချုပ်ပြည့်စုံ၁၅.၁.၁၉၉ရ မှ ၂၉.၁၀.၁၉၉၉
၁၉ဗိုလ်ချုပ်စိန်ထွား၂၉.၁၀.၁၉၉၉ မှ ၁၄.၅.၂၀၀၆
၂၀ဗိုလ်ချုပ်မောင်မောင်ဆွေ၁၅.၅.၂၀၀၆ မှ ၃၁.၃.၂၀၁၁
၂၁ဦးအောင်ကြည်၃၁.၃.၂၀၁၁ မှ ၂၇.၈.၂၀၁၂
၂၂ဒေါက်တာ မြတ်မြတ်အုန်းခင်၇.၉.၂၀၁၂ မှ ၃၀.၃.၂၀၁၆
၂၃​ဒေါက်တာ ဝင်းမြတ်​အေး၃၀.၃.၂၀၁၆ မှ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
၂၄​ဒေါက်တာသက်သက်ခိုင်၄ ​ဖေ​ဖော်ဝါရီ ၂၀၂၁ မှ ၃ ဩဂုတ် ၂၀၂၃
၂၅။​ဒေါက်တာစိုးဝင်း[]၃ ဩဂုတ် ၂၀၂၃ မှ လက်ရှိ

ဒုတိယဝန်ကြီးများ

[ပြင်ဆင်ရန်]
စဉ် ပုံ အမည် တာဝန်သက်တမ်း ပြည်ထောင်စုဝန်ကြီး အစိုးရအဖွဲ့ ရင်းမြစ်
ဦးအောင်ထွန်းခိုင် ၁ မတ် ၂၀၂၁ ဒေါက်တာသက်သက်ခိုင်
ဦးစိုးကြည်
ဒေါက်တာသန်းစိုး ၃၁ ဇူလိုင် ၂၀၂၅ ယနေ့အထိ ၆၈ ရက် ဒေါက်တာစိုးဝင်း[] ဦးညိုစောအစိုးရ []


ကိုးကား

[ပြင်ဆင်ရန်]

ပြင်ပအဆက်အသွယ်

[ပြင်ဆင်ရန်]