ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ | |
---|---|
အင်္ဂလိပ် အမည် | United Nationalities Democracy Party - UNDP |
ဥက္ကဋ္ဌ | ဦးဒေးဗစ်လှမြင့် |
တည်ထောင်ခြင်း | နိုဝင်ဘာ ၇၊ ၂၀၂၃ |
မှတ်ပုံတင်အမှတ် | ၃၈ |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (အင်္ဂလိပ်: United Nationalities Democracy Party, အတိုကောက် UNDP) သည် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။ ပါတီဥက္ကဋ္ဌသည် ဦးဒေးဗစ်လှမြင့် ဖြစ်သည်။
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်၍ တည်ထောင်ထားသည့် ပါတီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးများ၌ အဓိကထား ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။[၁]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၃၈) ဖြင့် ခွင့်ပြုခဲ့သည်။[၂]
ပါတီရုံးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ မနောဟရလမ်း၊ ပထမထပ်၊ အမှတ် (၈) တွင် ဖွင့်လှစ်ထားသည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]အမျိုးသားလွှတ်တော်
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
---|---|---|---|---|---|
၂၀၂၀ | ၀ / ၂၂၄ |
9,554 | 0.04% | ပယ်ဖျက်ခဲ့။ | ဦးဒေးဗစ်လှမြင့် |
၂၀၂၅ | ၀ / ၂၂၄ |
ဦးဒေးဗစ်လှမြင့် |
ပြည်သူ့လွှတ်တော်
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
---|---|---|---|---|---|
၂၀၂၀ | ၀ / ၄၄၀ |
8,905 | 0.03% | ပယ်ဖျက်ခဲ့။ | ဦးဒေးဗစ်လှမြင့် |
၂၀၂၅ | ၀ / ၄၄၀ |
ဦးဒေးဗစ်လှမြင့် |
ပြည်နယ်လွှတ်တော်
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
---|---|---|---|---|---|
၂၀၂၀ | ၀ / ၄၄၀ |
- | - | ပယ်ဖျက်ခဲ့။ | ဦးဒေးဗစ်လှမြင့် |
၂၀၂၅ | ၀ / ၄၄၀ |
ဦးဒေးဗစ်လှမြင့် |
တိုင်းရင်းသားရေးရာ ဝန်ကြီးများ
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
---|---|---|---|---|---|
၂၀၂၀ | ၀ / ၂၉ |
- | - | ပယ်ဖျက်ခဲ့။ | ဦးဒေးဗစ်လှမြင့် |
၂၀၂၅ | ၀ / ၂၉ |
ဦးဒေးဗစ်လှမြင့် |
ပြင်ပလင့်ခ်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ၉၀ ရွေးကောက်ပွဲနိုင် အမတ်များ ဦးဆောင်သည့်ပါတီ တိုင်းဒေသကြီးများတွင် အဓိကထား ယှဉ်ပြိုင်မည်။ Myanmar Now။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (United Nationalities Democracy Party)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း။ Ministry of Information။ 9 August 2025 တွင် ပြန်စစ်ပြီး။