တီမောလက်စ်တေ-မြန်မာ ဆက်ဆံရေး
![]() | |
![]() အရှေ့တီမော |
![]() မြန်မာ |
---|
တီမောလက်စ်တေ-မြန်မာ ဆက်ဆံရေး သည် မြန်မာနိုင်ငံ နှင့် အရှေ့တီမော (ခ) တီမောလက်စ်တေနိုင်ငံ အကြား နှစ်နိုင်ငံ နိုင်ငံခြားရေးဆက်ဆံရေးဖြစ်သည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် တီမောလက်စ်တေနိုင်ငံ သံရုံး ထားရှိပြီး၊သံအမတ်ကြီးအဆင့်ဖြင့် သံတမန်လုပ်ငန်းများ ဆောင်ရွက်သည်။[၁][၂]မြန်မာနိုင်ငံကမူ အင်ဒိုနီးရှားနိုင်ငံ ရှိ မြန်မာသံရုံး၌ ပူးတွဲရုံးထိုင်၍ သံတမန်လုပ်ငန်းဆောင်ရွက်သည်။ နှစ်နိုင်ငံကြားသံတမန်ထူထောင်မှုကို ၂၀၀၆ ခုနှစ်၊စက်တင်ဘာ ၂၆ ရက် တွင် ပြုလုပ်ခဲ့ကြသည်။[၃]
သံတမန်ဆက်ဆံရေး
[ပြင်ဆင်ရန်]တီမောလက်စ်တေနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံငယ် တစ်ခုဖြစ်ပြီး၊ အင်ဒိုနီးရှား ကျွန်းစုများ၏ အရှေ့ဖျား နှင့် ဩစတြေးလျနိုင်ငံ၏ အနောက်မြောက်ဘက်ကီလိုမီတာ ၆၄၀ အကွာတွင် တည်ရှိသည့်နိုင်ငံတစ်ခု ဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးသည် ၂၀ရာစုနောက်ပိုင်းမှ စတင်ခဲ့သော်လည်း သံတမန်ဆက်ဆံရေး စတင်ချိန်မှစ၍ ၂၀၂၁ ခုနှစ် အထိ နွေးထွေးတည်ငြိမ်ခဲ့သည်။နှစ်နိုင်ငံအပြန်အလှန် ခရီးစဥ်များလည်း အသီးသီး ရှိခဲ့ကြသည်။
၂၀၂၁ နောက်ပိုင်းအခြေအနေ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းနောက် နှစ်နိုင်ငံဆက်ဆံရေးသည် သိသိသာသာယိုယွင်းလာခဲ့သည်။
၂၀၂၃
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ်၊ဇူလိုင် ၁ ရက် တွင် အရှေ့တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကျင်းပသည့် ၉ ကြိမ်မြောက် အစိုးရအဖွဲ့သစ်ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို အရှေ့တီမောသမ္မတ၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Jose Ramos-Horta က တရားဝင်ဖိတ်ကြားခဲ့သည်။ဒီလီမြို့တော် ရှိ သမ္မတနန်းတော်တွင်း၊ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့် တို့ တက်ရောက်ခဲ့ကြသည်။[၄]
တီမောအစိုးရ၏ ထိုလုပ်ဆောင်ချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ပြင်းထန်စွာကန့်ကွက်ခြင်းဖြင့် လည်းကောင်း၊ ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံကို ဇူလိုင် ၅ ရက် တွင် နေပြည်တော်သို့ ဆင့်ခေါ်ကာ သတိပေးခဲ့ခြင်းဖြင့်လည်းကောင်း တုန့်ပြန်ခဲ့ပြီး၊ထိုနောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေးသည် တင်းမာသွားခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ဩဂုတ် ၇ ရက် တွင် အရှေ့တီမောဝန်ကြီးချုပ် Xanana Gusmao သည် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အာဆီယံအသင်း အနေဖြင့် မဖြေရှင်းနိုင်သေးသ၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မည် မဟုတ်သည့် အကြောင်း ပြောဆိုခဲ့သည်။[၅]
“အာဆီယံ အဖွဲ့ဝင်အဖြစ် ဘယ်အချိန်မှာ ပါဝင်နိုင်မလဲဆိုတာ ကျနော်တို့ ကြည့်နေပါတယ်။ ဒါပေမဲ့ အရှေ့တီမောနိုင်ငံရဲ့ ဝန်ကြီးချုပ်တယောက်အနေနဲ့ ကျနော် ကြေညာချင်တာက မြန်မာစစ်ကောင်စီကို လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်အောင် အာဆီယံဘက်က တွန်းတွန်းတိုက်တိုက် မဖြစ်မနေ တိုက်တွန်း တာမျိုး မလုပ်နိုင်ဘဲနဲ့ အာဆီယံအဖွဲ့ကို အရှေ့တီမော အနေနဲ့ မယုံကြည်ဘူး ဆိုတာပါပဲ”
၂၀၂၃ ခုနှစ်၊ဩဂုတ် ၂၅ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တီမောနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရပ်တန့်ပစ်ခဲ့ပြီး၊တီမော သံအရာရှိကို မြန်မာနိုင်ငံမှ စက်တင်ဘာ ၁ ရက် နောက်ဆုံးထား ထွက်ခွာခိုင်းခဲ့သည်။
၂၀၂၃ ခုနှစ်၊ဩဂုတ် ၂၇ ရက် တွင် ထိုသို့တီမောသံအရာရှိအား မြန်မာနိုင်ငံမှ ထွက်ခွာရန် မြန်မာစစ်ကောင်စီ၏ဆုံးဖြတ်ချက်ကို တီမောအစိုးရက ရှုတ်ချခဲ့သည်။
စစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း [၆]က အောက်ပါအတိုင်း တုန့်ပြန်သည်။
“အဓိကကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာရှိတယ်။ သူ့ရဲ့ဂုဏ်သိက္ခာ ရှိတယ်။ အရှေ့တီမောနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာရော၊ အာဆီယံအသိုင်းအဝိုင်းမှာရော မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မဟုတ်မမှန် သတင်းတွေ၊ တစ်ဖက်သတ် စွပ်စွဲချက်တွေ စွပ်စွဲပြောဆိုနေတာမျိုးလည်း ရှိတယ်။ အဲ့တာကြောင့်မလို့ လိုအပ်တဲ့ သံတမန်ရေးအရ တုံ့ပြန်မှုဆောင်ရွက်ပြီးဖြစ်တယ်။ အရှေ့တီမောနိုင်ငံအနေနဲ့လည်း မြန်မာပြည်သူ ပြည်သားတွေ ထင်ယောင်ထင်မှားဖြစ်အောင်လည်း ဆောင်ရွက်လျက်ရှိတယ်။ ပြည်သူပြည်သားတွေ၊ နိုင်ငံတကာ ထင်ယောင်ထင်မှားဖြစ်အောင်ဆိုတာ ဘာလဲဆိုတော့ သူတို့နိုင်ငံကို မြန်မာနိုင်ငံရဲ့အရေးကို အာဆီယံက ဖြေရှင်းမပေးနိုင်ရင် သူတို့နိုင်ငံအနေနဲ့ကတော့ အာဆီယံထဲကို မဝင်ဘူးဆိုတဲ့ဟာမျိုးပေါ့။ သူတို့နိုင်ငံက အာဆီယံနိုင်ငံ အဖွဲ့ဝင်နိုင်ငံသစ် ဖြစ်ရေး၊ မဖြစ်ရေးဆိုတာ အာဆီယံ ၁၀ နိုင်ငံလုံးက သဘောတူညီချက် ဆုံးဖြတ်ရမှာပဲ ဖြစ်တယ်။ အာဆီယံမှာ ဆုံးဖြတ်ချက်တစ်ခု ရှိပြီး ဆုံးဖြတ်ရင် ၁၀ နိုင်ငံလုံး သဘောတူချက်မရဘဲနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်မရတဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေကနေပြီးတော့ သူတို့ အဖွဲ့ဝင်သစ်အဖြစ် ဘယ်လိုလုပ်ဆုံးဖြတ်လို့ ရမှာလဲ။ ဒါကို သူတို့ သိပါတယ်။ သိရဲ့သားနဲ့ ဒါကို အကုန်လုံး ထင်ယောင်ထင်မှားဖြစ်အောင် ပြောဆိုနေခြင်းပဲ ဖြစ်တယ်။ ဒီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရော၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာကို ဒါ ထိပါးလာတာဖြစ်တဲ့အတွက် ဒီလို ဆောင်ရွက်ရခြင်းပဲဖြစ်တယ်”
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟောတာ ၏ မြန်မာစစ်တပ် အရာရှိစစ်သည်များ ပြည်သူနှင့်ပူးပေါင်း အလင်းဝင်ရန် တိုက်တွန်းပြောကြားချက် ရုပ်သံအား ထုတ်လွှင့်ခဲ့သည်။
ထိုရုပ်သံကြောင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် မြန်မာစစ်တပ် ထောက်ခံသူများသည် ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမ နှင့် ဆူးလေပန်းခြံအရှေ့၌ အရှေ့တီမောသမ္မတ ကို ပြည်တွင်းရေးမစွက်ဖက်ရန် ဆန္ဒပြခဲ့ကြသည်။[၇] ယင်းအပြင် နိုင်ငံပိုင်သတင်းစာများမှတဆင့်လည်း ဝေဖန်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။[၈] [၉]
၂၀၂၅
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ဇူလိုင်တွင် မြန်မာနိုင်ငံ စစ်ကောင်စီ သည် တီမောလက်စ်တီ၏ အာဆီယံအဖွဲ့ဝင်ဖြစ်မှုကို တရားဝင် ကန့်ကွက်သည်။[၁၀]
၂၀၂၅ ခုနှစ်၊ဇူလိုင် ၂၄ ရက် တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံခြားရေး၊ဒုတိယဝန်ကြီးဦးကိုကိုကျော် ထံ တီမောလက်စ်တေသံရုံးမှ တာဝန်ခံ Mr Olandino Ruide Andrade သည် လာရောက်တွေ့ဆုံခဲ့ပြီး၊အာဆီယံအရေးဆွေးနွေးခဲ့ကြခြင်းဖြင့် တင်းမာနေသည့် နှစ်နိုင်ငံဆက်ဆံရေးအား ပြန်လည်တည်ဆောက်ကြသည်။ [၁၁] ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ တွင် တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အလုပ်သဘောခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၁၈ ရက် တွင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့်တွေ့ဆုံပြီး၊တီမောလက်စ်တေနိုင်ငံသည် မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ် ခြင်း၊ တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းခွင့်ပြုမည်မဟုတ်ကြောင်းနှင့် မြန်မာ နိုင်ငံအစိုးရအား တီမောလက်စ်တေနိုင်ငံ မြို့တော်ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန် ဆွေးနွေး ကမ်းလှမ်းခဲ့သည်။[၁၂] [၁၃]
မြန်မာနှင့် အရှေ့တီမော (Timor-Leste) အဆင့်မြင့်ခရီးများ (၂၀၁၃–၂၀၂၅)
[ပြင်ဆင်ရန်]တီမောနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဥ်များ
[ပြင်ဆင်ရန်]ခုနှစ် | ခရီးသူများ | တာဝန် | ခရီးအမျိုးအစား | ရည်ရွယ်ချက် / အစည်းအဝေး |
---|---|---|---|---|
၂၀၁၃ (၁၁–၁၅ စက်တင်ဘာ) | Mr. Kay Rala Xanana Gusmão | ဝန်ကြီးချုပ် | တရားဝင်ချစ်ကြည်ရေးခရီးစဥ် [၁၄] | နှစ်နိုင်ငံဆက်ဆံရေး တိုးချဲ့ခြင်း |
၂၀၁၄ (၆ –၁၀ ဩဂုတ်) | Mr. José Luis Guterres | နိုင်ငံခြားရေးဝန်ကြီး | Multilateral meeting (ASEAN Regional Forum) | ARF အစည်းအဝေး တက်ရောက်ခြင်း (နေပြည်တော်၊ မြန်မာ)[၁၅] |
၂၀၁၉ (၁၁ ဇွန်) | Mr. Dionisio da Costa Babo Soares | နိုင်ငံခြားရေးဝန်ကြီး | တရားဝင်ခရီးစဉ်[၁၆] | နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ |
၂၀၂၅ (၁၇ –၁၉ စက်တင်ဘာ) | Mr. Bendito dos Santos Freitas | နိုင်ငံခြားရေးဝန်ကြီး | အလုပ်သဘောခရီးစဥ် [၁၇] | နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ |
မြန်မာ → Timor-Leste
[ပြင်ဆင်ရန်]ခုနှစ် | ခရီးသူများ | တာဝန် | ခရီးအမျိုးအစား | ရည်ရွယ်ချက် / အစည်းအဝေး |
---|---|---|---|---|
၂၀၁၃ (သြဂုတ်) | မြန်မာအဖွဲ့ | အစိုးရကိုယ်စားလှယ်အဖွဲ့ | လေ့လာရေးခရီးစဥ် | သဘာဝဓာတ်ငွေ့၊ ဓာတ်ဆီနှင့် ရင်းမြစ်စီမံခန့်ခွဲမှု သင်ယူရန်[၁၈] |
၂၀၁၉ (ဩဂုတ် ၃၀) | ဒေါက်တာ ဖေမြင့် | ပြန်ကြားရေးဝန်ကြီး | နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးသံတမန်အဖြစ်[၁၉] | တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနား |
မှတ်ချက် - သမ္မတအဆင့် မှ မြန်မာသို့ / Timor-Leste သို့ တရားဝင် ချစ်ကြည်ရေးခရီးစဥ် မရှိသေးပါ။
References
[ပြင်ဆင်ရန်]- ↑ သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက သံအမတ် ခန့်အပ်လွှာ ပေးအပ်။ Eleven Media Group (၂၇ ဧပြီ ၂၀၁၆)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ အန်တိုနီတို ဒဲ အာရာဝီဂျူး အားခန့်အပ်ရန် သဘောတူ။ MOI Myanmar (၁၅ နိုဝင်ဘာ ၂၀၂၁)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Diplomatic Relations Between Timor-Leste and Myanmar as of 26 Sept. 2006 (in en) (2006-09-26)။ 2024-04-01 တွင် ပြန်စစ်ပြီး။
- ↑ အရှေ့တီမော အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ၊ NUG မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်။ RFA (၁ ဇူလိုင် ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့အရေး မဖြေရှင်းနိုင်သေးဘဲ အာဆီယံအသင်း ဝင်မည်မဟုတ် (အရှေ့တီမောဝန်ကြီးချုပ်)။ VOA (၈ ဩဂုတ် ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နစက,က တီမောနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရပ်တန့်ပြီး သံအရာရှိကို မြန်မာနိုင်ငံမှ ထွက်ခွာခိုင်း။ Eleven Media Group (၂၇ ဩဂုတ် ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဆူးလေမြို့တော်ခန်းမရှေ့ ၌ တပ်ထောက်ခံသူများက အရှေ့တီမောသမ္မတကို ဆန္ဒပြ။ DVB (၁၃ ဒီဇင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဂျိုဆေးရာမို့စ်ဟော်တာဆိုသူ တီမောလက်စတေသမ္မတကြီးအား သိစေချင်ပါသည်။ MWD Webportal (၁၅ ဒီဇင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်။ Myanmar Digital News (၁၇ ဒီဇင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar opposes Timor Leste’s ASEAN membership (in en)။ 2025-07-02 တွင် ပြန်စစ်ပြီး။
- ↑ Deputy Minister for Foreign Affairs U Ko Ko Kyaw received Mr Olandino Ruide Andrade, Chargé d’Affaires of the Embassy of Timor-Leste, yesterday at the Ministry of Foreign Affairs.။ MOI Myanmar (25 July 2025)။ 20 Sep 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကော်မရှင် ဆန့်ကျင်သည့်အဖွဲ့များကို ရုံးဖွင့် ခွင့်မပြုဟု တီမောပြော။ Mizzima Burmese (၁၉ စက်တင်ဘာ ၂၀၂၅)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တီမောလက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့ ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ။ MOI Myanmar (၁၉ စက်တင်ဘာ ၂၀၂၅)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Prime Minister ends his 15 day tour of 4 ASEAN States with a successful visit to Myanmar။ တီမောလက်စ်တေအစိုးရရုံး (၁၇ စက်တင်ဘာ ၂၀၁၃)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Timor-Leste chairs the 12th Southwest Pacific Dialogue Meeting, at Myanmar။ တီမောလက်စ်တေအစိုးရရုံး (၁၂ ဩဂုတ် ၂၀၁၄)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နေပြည်တော်သို့ ရောက်ရှိ။ Myanmar Digital News (၁၁ ဇွန် ၂၀၁၉)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar and Timor-Leste hold bilateral talks to promote relations။ Ministry of Foreign Affairs,Myanmar (19 Sep 2025)။ 20 Sep 2025 တွင် ပြန်စစ်ပြီး။
- ↑ Myanmar delegation visits Timor-Leste။ တီမောလက်စ်တေးအစိုးရရုံး (၁၂ ဩဂုတ် ၂၀၁၃)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တီမောလက်စ်တေနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်(၂၀)ပြည့်အထိမ်းအမှတ် အခမ်းအနား တက်ရောက်။ Myanmar Digital News (၃၀ ဩဂုတ် ၂၀၁၉)။ ၂၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။