မာတိကာသို့ ခုန်သွားရန်

ထွန်းထွန်းဦး (တရားသူကြီးချုပ်)

ဝီကီပီးဒီးယား မှ
စည်သူ၊ ဦး

ထွန်းထွန်းဦး
ပြည်​ထောင်စုတရားသူကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ်လ ၂၀၁၁  ၂ ဩဂုတ် ၂၀၂၃
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ယခင်လူဦးအောင်တိုး
ဆက်ခံသူဦးသာဌေး
ဒုတိယပြည်​ထောင်စုတရားသူကြီးချုပ်
တာဝန်သက်တမ်း
၁၂ မတ် ၂၀၀၇  ၃၀ မတ်လ ၂၀၁၁
ခန့်အပ်သူနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၆-0၇-၂၈) ၂၈ ဇူလိုင်၊ ၁၉၅၆ (အသက် ၆၉)
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ကြင်ဖော်​အေး​အေးသိန်း
ပညာရေးB.A. (Law), LL.B (၁၉၇၉)
ရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်​ရှေ့​နေ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော်
Commandsအ​နောက်​တောင်တိုင်း (၁၉၈၁-၁၉၈၉)
Major, Military Advocate General Office (1990-1994)

ဦးထွန်းထွန်းဦး (၂၈ ဇူလိုင်၊ ၁၉၅၆ မွေးဖွား) သည် မြန်မာနိုင်ငံ၏ ပြည်​ထောင်စုတရားသူကြီးချုပ် အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပြည်ထောင်စုတရားသူကြီးချုပ်ကို နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်၂၀၁၁ မတ်လ ၃၀ ကစပြီး ခန့်အပ်ခြင်းဖြစ်သည်။[]၎င်းသည်  ၂၀၂၃  ဩဂုတ် ၂ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ပညာသင် ဘ၀

[ပြင်ဆင်ရန်]

၁၉၇၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A(Law) နှင့် LL.B ဥပဒေဘွဲ့များကို ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

ဥပဒေဘွဲ့ရရှိပြီးနောက် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်သည်။ ၁၉၉၄ ခုနှစ်အထိ စစ်ဥပဒေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၇ ခုနှစ်တွင် ဒုတိယပြည်ထောင်စုတရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှ စတင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၃ ဩဂုတ်လ ၂ရက်နေ့အထိ ပြည်​ထောင်စုတရားသူကြီးချုပ်တာဝန် ထမ်း​ဆောင်​ခဲ့သူဖြစ်သည်။[] []

အရေးယူပိတ်ဆို့ ခံရမှု

[ပြင်ဆင်ရန်]

နိုင်ငံတွင်းတရားဥပဒေစိုးမိုးရေး ယုတ်လျော့စေရန် နှင့်  ဒီမိုကရေစီအဖွဲ့အစည်းများ ချိနဲ့ ဆုတ်ယုတ်စေရန် ဆောင်ရွက်ပေးသည်ဆိုသော စွပ်စွဲချက်ဖြင့်  အမေရိကန်က ဦးထွန်းထွန်းဦးကို ၂၀၂၂ ဇန်နဝါရီ ၃၁ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်သည်။ အလားတူ ဥရောပသမဂ္ဂကလည်း    ရွေးကောက်ခံနိုင်ငံ့ခေါင်းဆောင်များအား  ဖမ်းဆီးခြင်းအပါအဝင်  စွပ်စွဲချက်ပုဒ်မများတပ် အရေးယူထောင်ချခဲ့မှုနှင့် စပ်လျဉ်းပြီး တာဝန်ရှိသည်ဆိုကာ  ၂၀၂၂ နိုဝင်ဘာ ၈ရက်တွင် ဒဏ်ခတ်ပိတ်ဆို့ အရေးယူသည်။[] []

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် ၊ မတ်လ  ၂၇  ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၂ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. https://7day.news/ပြည်ထောင်စုတရားသူကြီးချုပ်နှင့်-ရှေ့နေချုပ်ခန့်အပ်ခြင်းကိစ္စ-သမ္မတပြောရေးဆိုခွင့်ရှိသူရှင်း-----2118
  2. https://www.burmalibrary.org/sites/burmalibrary.org/files/obl/2007-03-12-SPDC-Order-No.2-bu-tu.pdf
  3. ပြည်ထောင်စုတရားသူကြီးချုပ် ကို စစ်ကောင်စီ ဖြုတ်ပစ် New Day Myanmar (၂ ဩဂုတ် ၂၀၂၃)။ 2 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. Treasury Sanctions Regime Officials and Military Affiliated Cronies in Burma on One-Year Anniversary of Military Coup U.S. DEPARTMENT OF THE TREASURY (31 January 2022)။ 2 August 2023 တွင် ပြန်စစ်ပြီး။
  5. စစ်ကောင်စီအဖွဲ့နဲ့ ပုဂ္ဂိုလ် ၁၉ ဦးကို ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူ RFA Burmese (၈ နိုဝင်ဘာ ၂၀၂၂)။ ၂ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း NPE။ 2 August 2025 တွင် ပြန်စစ်ပြီး။