မာတိကာသို့ ခုန်သွားရန်

ထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်)

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ် (ငြိမ်း)၊ ဦး

ထွန်းထွန်းဦး
ပြည်ထောင်စုရှေ့နေချုပ်
တာဝန်သက်တမ်း
၅ ဧပြီ ၂၀၁၆  ၂ ​ဖေ​ဖော်ဝါရီ ၂၀၂၁
သမ္မတထင်ကျော်
မြင့်​ဆွေ (ယာယီ)
ဝင်းမြင့်
လက်ထောက်ဝင်းမြင့်
ယခင်လူထွန်းရှင်
ဆက်ခံသူသီတာဦး
ဒုတိယရှေ့နေချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၅ ဧပြီ ၂၀၁၆
ခန့်အပ်သူသိန်းစိန်
ရှေ့နေ့ချုပ်ထွန်းရှင်
ယခင်လူမြင့်နိုင်
ဆက်ခံသူဝင်းမြင့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1957-10-19) ၁၉ အောက်တိုဘာ၊ ၁၉၅၇ (အသက် ၆၇)
မြောင်းမြမြို့
လူမျိုးမြန်မာ
ကြင်ဖော်ဒေါ်တင်တင်ဝင်း
သားသမီး
အလုပ်အကိုင်ပြည်​ထောင်စု​ရှေ့​နေချုပ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ရာထူးဗိုလ်ချုပ်

ဦးထွန်းထွန်းဦးသည် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[]ယခင်က ဒုတိယရှေ့နေချုပ်ဖြစ်သည်။[]တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ကာ စစ်ဥပဒေချုပ်လည်း ဖြစ်ခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင်လည်း ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့သည်။[]

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ဦးထွန်းထွန်းဦးကို မြောင်းမြမြို့တွင် ၁၉၅၇ခုနှစ် အောက်တိုဘာ ၁၉ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (ဥပဒေ)၊ ဥပဒေဘွဲ့များ ရရှိခဲ့သည်။ ထို့နောက် စစ်တက္ကသိုလ်မှ မဟာဝိဇ္ဇာ (ကာကွယ်ရေး)ဘွဲ့ ရရှိခဲ့သည်။

အလုပ်အကိုင်

[ပြင်ဆင်ရန်]

ဦးထွန်းထွန်းဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထောင်စုဒုတိယရှေ့နေချုပ် ဖြစ်လာခဲ့သည်။၂၀၁၆ခုနှစ် ဧပြီလတွင် သမ္မတအသစ်ဖြစ်သူ ဦးထင်ကျော်မှ ၎င်း၏အစိုးရအဖွဲ့တွင် ရှေ့နေချုပ်အသစ်အဖြစ် တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က လက်ခံသဖြင့် ပြည်ထောင်စုရှေ့နေချုပ် ဖြစ်လာခဲ့သည်။၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်တွင် ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်တို့အား တာဝန်မှ ရပ်စဲလိုက်သည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဦးထွန်းထွန်းဦးသည် ဒေါ်တင်တင်ဝင်းနှင့် လက်ထပ်ခဲ့ကာ ဇနီးဖြစ်သူမှာ ကျောင်းဆရာမတစ်ဦးဖြစ်သည်။၎င်းတို့တွင် ဗိုလ်ကြီးဉာဏ်စွမ်းဦး၊ ဒေါက်တာ စွမ်းဆောင်ဦး၊ ဒေါက်တာ မြတ်နိုးဦးဟူသော သားသမီး (၃)ဦးရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "ပြည်ထောင်စုဝန်ကြီးသစ် ၃ ဦး ခန့်အပ်"။
  2. "ရန်ကုန် ဟိုက်ကုတ် ဆက်သုံးဖို့ တောင်းဆို"။
  3. "ငြိမ်းချမ်းရေးအတွက် သဘောတူညီချက် ၁၃ ချက်ရရှိထားဟု NRPC ပြောကြား"။