ပုဏ္ဏားကျွန်းမြို့
ပုဏ္ဏားကျွန်းမြို့ ရေ စစ်တွေခရိုင်အလယ်ပိုင်းဟိ ပုဏ္ဏားကျွန်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်ရေ။ ပုဏ္ဏားကျွန်းမြို့နယ်ရေ ကုလားတန်မြစ်နန့် မယူမြစ်ရို့အကြား ကျဉ်းမြောင်း ရှည်လျားရေ မြို့နယ်ဖြစ်၍ ၇၀၄ စတုရန်းမိုင် ကျယ်ဝန်းရေ။ ပုဏ္ဏားကျွန်းမြို့နယ်၏ တောင်ပိုင်းတွင် ဖြားတက်ဖြားကျဟိရေ ချောင်းငယ်တိ ပိုက်ကွန်သဖွယ် ယှက်သန်းနီရေ။ မြောက်ပိုင်းတွင်ကား တောင်ကုန်းထူထပ်ရေ။ ချောင်းမြောင်းတိ ယှက်သန်းရာ မြီနိမ့်ဒေသဟိ ကုလားတန်မြစ်ဝ၏ လက်ျာဘက်ကမ်းတွင် ပုဏ္ဏားကျွန်းမြို့တည်ဟိရေ။ စစ်တွေမြို့မှ ရေကြောင်းခရီးဖြင့် ၁၆ မိုင်ကွာဝီးရေ။
၁၉၀၅-ခုနှစ်တွင် မြို့ဖြစ်လာရေ။ မြို့၏ အကျယ်အဝန်းမှာ ဝ.၀၇-စတုရန်းမိုင် ဖြစ်ရေ။ ၁၈၆၈-ခုနှစ်၊ လေမုန်တိုင်းကြီးကြောင့် မူလရုံးစိုက်ရာ တန်ခိုးရွာကြီးမှ ပြောင်းရွေ့လာကာ တည်ထောင်ခြင်း ဖြစ်တေ။ မြို့ရေ ပင်လယ်ရေမျက်နှာပြင် အမြင့် ၈' ဟိရေ။ မြို့အရပ်တွင် ရှီးအခါက ပုဏ္ဏားတိ နီထိုင်ခ၍ ပုဏ္ဏားကျွန်းမြို့ဟု အမည်တွင်ရေ။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇၈၀ ယောက် ဟိရေ။ မြို့ပေါ်နီ လူဦးရေမှာ ၁၀၆၆၆ ဦးဟိရေ။ မြို့နယ်တစ်ခုလုံး၏ လူဦးရေမှာ ၁.၃၃-သိန်းကျော်ဟိရေ။ [၁]
မြို့သောက်သုံးရီအတွက် ဂူဝဆည်ကို တည်ထားရေ။ ပုဏ္ဏားကျွန်းမြို့၏ ပတ်ဝန်းကျင်ရေ မြေဩဇာ ကောင်းရေ မြေပြန့်ဒေသဖြစ်သဖြင့် ဆန်စပါးစိုက်ပျိုးလုပ်ကိုင်ကတ်တေ။ ယင်းမြို့၏ အဓိက ထွက်ကုန်ရေ ဆန်စပါး ဖြစ်ရေ။ စပါးစိုက် ဧရိယာ ၉၃.၅၈-စတုရန်းမိုင် ဟိကာ ပုဇွန်ကန်ပေါင်း ၄၅၃-ကန်၊ မွေးမြူရီးဧရိယာ ၇၄၈၀-ဧက ဟိရေ။ တောင်ဖျားချောင်းဆိုသည့် ဒေသမှ ငရုတ်ကောင်း အများဆုံး ထွက်တေ။
ပုဏ္ဏားကျွန်းမြို့၏ တန်ခိုးကြီးဘုရားမှာ ဦးရာဇ်တော်ဓာတ်စာတီ ဖြစ်တေ။ ယင်းဘုရားကို အစွဲပြု၍ ပုဏ္ဏားကျွန်းမြို့ကို ဦးရာဇ်တောင်မြို့ ဟုလည်း ခေါ်ဆိုကတ်တေ။ ဂူဝဘုရား၊ စမြုံတော်ဓာတ်စေတီနန့် ဘဲငါးရာတောင်ရို့ ဟိရေ။ [၂]