မာတိကာသို့ ခုန်သွားရန်

မင်္ဂလာတောင်ညွန့်မြို့နယ်

ဝီကီပီးဒီးယား မှ
မင်္ဂလာ‌တောင်ညွန့်မြို့နယ်
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်အတွင်း တည်နေရာ (၂၀၁၉ မြေပုံ)
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်အတွင်း တည်နေရာ (၂၀၁၉ မြေပုံ)
မင်္ဂလာ‌တောင်ညွန့်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မင်္ဂလာ‌တောင်ညွန့်မြို့နယ်
မင်္ဂလာ‌တောင်ညွန့်မြို့နယ်
မင်္ဂလာ‌တောင်ညွန့်မြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°47′0″N 96°10′0″E / 16.78333°N 96.16667°E / 16.78333; 96.16667ကိုဩဒိနိတ်: 16°47′0″N 96°10′0″E / 16.78333°N 96.16667°E / 16.78333; 96.16667
နိုင်ငံ မြန်မာ
တိုင်း​ဒေသကြီး ရန်ကုန်
ခရိုင်ဗိုလ်တထောင်
စာပို့သင်္ကေတ၁၁၂၂၁၊ ၁၁၂၂၂

မင်္ဂလာ‌တောင်ညွန့်မြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ မင်္ဂလာ‌တောင်ညွန့်မြို့နယ်၏ အနောက်ဘက်တွင် ဒဂုံမြို့နယ်၊ မြောက်ဘက်တွင် ဗဟန်းမြို့နယ်၊ တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ အနောက်တောင်ဘက်တွင် ကျောက်တံတားမြို့နယ်နှင့် အရှေ့ဘက်တွင် ပုစွန်တောင်ချောင်းနှင့် ဒေါပုံမြို့နယ်တို့ တည်ရှိသည်။

မင်္ဂလာ‌တောင်ညွန့်မြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်တွင် နေထိုင်သူလူဦးရေပေါင်း တစ်သိန်းနီးပါးရှိသဖြင့် ရန်ကုန်မြို့ရှိ လူနေထူထပ်သော မြို့နယ်တစ်ခုဖြစ်သည်။ အစိုးရ မူလတန်းကျောင်း (၂၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်း (၆) ကျောင်းရှိသည်။

ထင်ရှားသော အဆောက်အဦးများ

[ပြင်ဆင်ရန်]

ရန်ကုန် ဘူတာကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်းတို့သည် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၏ အနောက်ပိုင်းတွင် တည်ရှိသည်။

မင်္ဂလာ‌တောင်ညွန့်မြို့နယ်သည် ဗြိတိသျှများ ရေးဆွဲခဲ့သည့် မြို့တည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မင်္ဂလာ‌တောင်ညွန့်မြို့နယ်ရှိ အချို့အဆောက်အဦးများကို ဗိသုကာအရအထင်ကရရှိသော အဆောက်အဦးများအဖြစ် သတ်မှတ်ထားသည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
ဘီသယ်ဟမ်လူသာလန် ခရစ်ယာန်ဘုရားရှိခိုးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၁၈၁-၁၈၃၊ သိမ်ဖြူလမ်း
ကန်တော်ကလေးဗလီဗလီ၁၀၆၊ အထက်ပန်းဆိုးတန်းလမ်း
မက်သဒစ်အဖွဲ့အစည်းဌာနချုပ်ခရစ်ယာန်ဘုရားရှိခိုးကျောင်း၂၀-၂၂၊ အလံပြဘုရားလမ်း
စိန့်အန်ထော်နီ ခရစ်ယာန်ဘုရားရှိခိုးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၂၄၊ အထက်ပန်းဆိုးတန်းလမ်း
စလီ ဟာနုမာန်ဘုရားကျောင်းဟိန္ဒူဘုရားကျောင်း၂၁၊ ကန်ရိပ်သာလမ်းသွယ်
ရှရီမာရီယမ္မန်မယ်တော်ကြီးဘုရားကျောင်းဟိန္ဒူဘုရားကျောင်းဒေါ်သိန်းတင်လမ်းသွယ်နှင့် ၉၄လမ်းထောင့်
စလီ နဂါသန် စူလမဏိ ဟိန္ဒူဘုရားကျောင်းဟိန္ဒူဘုရားကျောင်း၅၇၊ စက်ရုံလမ်းသွယ်
သုံးထောင့်ဗလီဗလီ၃၅၊ အထက်ပန်းဆိုးတန်းလမ်း
ရန်ကုန်ဘူတာကြီးဘူတာရုံကွမ်းခြံလမ်းသွယ်

ကိုးကား

[ပြင်ဆင်ရန်]