မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း
![]() | |
အတိုကောက် | MRCS |
---|---|
ဆောင်ပုဒ် | ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် |
ယခင်အဖွဲ့အစည်း | အိန္ဒိယ ကြက်ခြေနီအသင်း (Indian Red Cross Society) |
ဖွဲ့စည်းခြင်း | ၁၉၃၉ |
အမျိုးအစား | Humanitarian Organization |
ဌာနချုပ် | ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မြန်မာနိုင်ငံ |
ဝန်ဆောင်မှုဒေသ | ![]() |
ဥက္ကဋ္ဌ | ပါမောက္ခ ဒေါက်တာမျိုးညွန့် |
အရေးကြီးပုဂ္ဂိုလ်များ | နာယက ၊ နိုင်ငံတော်သမ္မတ |
အဓိကအဖွဲ့အစည်း | အထွေထွေညီလာခံ |
နှီးနွယ်အဖွဲ့အစည်း | အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ |
ဝက်ဘ်ဆိုဒ် | redcross.org.mm |
ယခင်အမည် | Burma Red Cross Society |
ကြက်ခြေနီစတင်ခြင်း
[ပြင်ဆင်ရန်]ကြက်ခြေနီဖခင် Henry Dunant ကို ၈-မေ-၁၈၂၈ တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မွေးဖွားခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် အီတလီနိုင်ငံသို့ ရောက်ရှိခိုက် ဆိုဖာရီနိုစစ်မြေပြင်ကို ကြုံတွေ့ခဲ့ရသည်။ စစ်မြေပြင်တွင်ထိခိုက်ဒဏ်ရာရ၊ သေဆုံး သောစစ်သားများအား ကူညီပေးမည့်သူမရှိပဲ၊ စစ်သားများ၏ ညီးညူသံများကိုကြားခဲ့ရပြီး ရွာနီးချုပ်စပ်မှ လူအများစုဝေးခေါ်ဆောင်ကာ ပြုစုကူညီပေးခဲ့သည်။ ထို့နောက် နေရပ်ပြန်ရောက်ချိန်တွင် သူကြုံတွေ့သိရှိခဲ့သမျှကို A Memory of Solferino စာအုပ်အားရေးသားပြုစုခဲ့သည်။ နိုင်ငံခေါင်းဆောင်များအား ထိုစာအုပ်ကို ရေးသားဖြန့်ဝေခဲ့ပြီးနောက် ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ[၁] (International Committee of the Red Cross, အတိုကောက် I.C.R.C)ကိုတည်ထောင်နိုင်ခဲ့သည်။၁၉၀၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု [၂] ကို ရရှိခဲ့သည်။ ဟင်နရီဒူးနန့်စတင်မွေးဖွားပေးခဲ့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းသည် ယခုအခါ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၈၈) နိုင်ငံမှ အသင်းဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံကြက်ခြေနီအသင်းကို၁၉၂၀ တွင်စတင်ဖွဲ့စည်းပြီး အိန္ဒိယကြက်ခြေနီအသင်းခွဲအဖြစ်ရပ်တည်ခဲ့သည်။၁၉၃၇ တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖြစ်တရားဝင်ရပ်တည်နိုင်ခဲ့ပြီး ၁၉၃၉ တွင် အမျိုးသားကြက်ခြေနီအသင်းအဖြစ် (I.C.R.C) ကအသိအမှတ်ပြုခဲ့သည်။ ၁၉၄၆ တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (I.F.R.C) သို့ ဝင်ရောက်ခဲ့သည်။ ၁၉၅၉ တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေကို ခေတ်အဆက်ဆက် ခေတ်စနစ်နှင့်လျော်ညီစွာ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်
[ပြင်ဆင်ရန်]- ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်
- အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (I.C.R.C)နှင့် ပူးပေါင်း၍ ခြေတုလက်တုတပ်ဆင်ခြင်း
- သဘာဝဘေးအန္တရာယ် ဆိုင်ရာအကူအညီများ ပေးခြင်း
- ပြည်နယ်/တိုင်းနှင့်မြို့နယ် ကြက်ခြေနီအသင်းခွဲများ တိုးတက်ရေး လုပ်ငန်းဆောင်ရွက်ခြင်း
- အရေးပေါ်သူနာတင်ယာဉ်လုပ်ငန်းဆောင်ရွက်ခြင်း